Smart-7 Mobile Service&Training Centre >> (Class B)

ကဲ Smart-7 Mobile Service & Training Centre ရဲ့ တန်းခွဲ Class B စပါပီ..
Class A တုန်းက မမီလိုက်တဲ့ မိတ်ဆွေများ ကျနော်တို့ရဲ့ မိုဘိုင်းပြုပြင်သင်တန်း
Class B ကိုဇန်န၀ါရီလ 6 ရက်နေ့မှာ သင်တန်းစမှာဖြစ်ပါတယ်....
ကွန်ပျူတာ အခြေခံမရှိသူများကတော့ 6 ရက်နေ့ကို အရောက်လာရမှာဖြစ်ပါတယ်..
ကွန်ပျူတာ အခြေခံ ရှိပီးတဲ့သူတွေကတော့ 11 ရက်နေ့နောက်ဆုံးထားပီး လာလည်းရပါတယ်..

ကျနော်တို့ရဲ့ သင်တန်းမှာတော့ ကွန်ပျူတာ အခြေခံ မရှိတဲ့သူများကို 5 ရက်ခန့်အချိန် ပေးပြီး အရင်ဆုံး သင်ကြားပေးမှာပါ.. ကျနော်တို့ သင်တန်းမှာ Service ကိုအဓိကထား လုပ်ဆောင်ပြီး ဆိုင်သမားများအတွက်လည်း အထူးဝန်ဆောင်မှုများ (ဈေးနှုန်းသက်သာစွာ) ဖြင့် ပြုပြင်ပေးနေသောကြောင့် Error ပေါင်းများစွာရဲ့ဖြေရှင်းနည်းများကို (Up to date) ပိုမိုသိရှိနိုင်မှာဖြစ်ပါတယ်...

Software ပိုင်းကို ကျတော့ လက်ရှိ လူအသုံးများနေတဲ့ Android နဲ့ IOS တွေကို အခြေခံကစပီး
 ယခု လက်ရှိ hot ဖြစ်နေတဲ့ error တွေကိုပါ တခါတည်း
ရှင်းပြသွားမှာပါ... Android ပိုင်းမှာဆိုရင်တော့ လက်ရှိအသုံးများနေတဲ့ Samusng , Huawei , Xiaomi, Coolpad , Sony, Oppo, Vivo, X-Bo,China ကလာတဲ့ Clone ဖုန်းပါ မကျန် Official Firmware တင်ခြင်း,Custom Fimrware တင်ခြင်း,Rootလုပ်ခြင်း, Pattern,Password,Pin တွေကို Data တွေမပျက်ဘဲ ဖြည်နည်းများပါသင်ကြားပေးမှာဖြစ်ပါတယ်....ဒါ့အပြင် Huawei အချို့ဖုန်းတွေကို 
SD card နဲ့ Firmware တင်တဲ့နေရာမှာ အခက်အခဲရှိသူတွေအတွက် SD card နဲ့မှ
တင်လို့ ရမယ့် Firmwareတွေကို PC ကနေ တိုက်ရိုက်တင်လို့ ရမယ့်နည်းပါ မချန် သင်ကြားပေးသွားမှာပါ...ပီးတော့ Samsung ဖုန်းတွေ
Downgrade ဆင်းမိလို့ IMEI ပျောက်သွားတဲ့သူတွေကို ဘာ box မှ မလိုဘဲ ဘယ်လို အလွယ် ပြန်ရေးမလဲ ဆိုတာတွေကိုပါ သင်ကြားပေးမှာပါ...
ထို့အပြင် ADB command သုံးပီး Password ဖြည်တာတွေ Tool တွေသုံးပီး Reset ချတာတွေ နဲ့ Huawei,Sony ဖုန်းများ Bootloadeည်းပါ r Unlock လုပ်နသင်ကြားပေးသွားမှာပါ.ပြီးတော့ အရေးကြီးတဲ့ မြန်မာဖောင့်ထည့်သွင်းနည်း မြန်မာစာမမှန်တာတွေကို မှန်အောင် နည်းမျိုးစုံသုံးပြီး ဖြေရှင်းနည်းတွေကို သင်ကြားပေးသွားမှာပါ...
ထို့အပြင် Fake IMEI Error , IMEI null/null Error, (အချို့သော Android ဖုန်းတွေမှာ 
 IMEI ရှိပီး ဖုန်းခေါ်လို့ မရတဲ့ Error တွေနဲ့လိုင်းတိုင်တက်ပီး ဖုန်းခေါ်လို့ မရတဲ့ Error များကို Tool တွေနဲ့ ဖြေရှင်းနည်းတွေအပြင် (Miracle,Z3X,GPG,Sigma,Volcano) အစရှိသော Box များဖြင့်လည်း ရေးပုံရေးနည်း သင်ကြားပေးမှာပါ..

IOS အပိုင်းမှာတော့ Firmware တင်တာတွေ iPhone 3Gs က စလို့ …နောက်ဆုံး ထွက် iPhone 6S , 6S+ တွေ အထိ ၊ iPod , iPad အစ ရှိတာတွေ နဲ့ Jailbreak လုပ်ခြင်းအပြင် Cydia Tweak များရဲ့ အလုပ်လုပ်ပုံ အသုံးပြုပုံနှင့် Apple ID ဖွင့်နည်းများကိုလည်း အသေးစိတ် ရှင်းလင်းသင်ကြားပေးမှာ ဖြစ်ပါတယ်..

Hardware ပိုင်း အတွက်ကတော့ …တစ်နေ့ကို ၃ နာရီ စာတွေ့၊လက်တွေ့  သင်ကြားပေးပြီး (လက်တွေ့ပိုင်း) ကိုပိုမိုလေ့လာ သင်ယူစေပါတယ်
(Power Supply / Multi မီတာအသုံးပြုပြီး) Circuit ပေါ်တွင် In put,Out put Shock ရှာနည်းများ ၊
Jumper ကျော်နည်းများ ၊ Hot Gun အသုံးပြုပြီး IC များ ဖြုတ်ပုံ တပ်ပုံ(IC ခဲဖေါ်နည်းများ) … ၊ ခဲဂေါက် အသုံးပြုပြီး ခဲကို သေသပ်အောင်ဖော်ပုံ၊ ခဲရှင်းပုံ နှင့် Touch& LCD များကိုပြန်တပ်ရာတွင် လက်ရာမထင်အောင်၊ ဖုန်မ၀င်အောင် တပ်ဆင်နည်းများကို စနစ်တကျ အသေးစိတ်သင်ပြပေးခြင်း ၊ အားသွင်းခေါင်းဖြုတ်ရာတွင် Data ပင်များ ပါမသွားအောင် စနစ်တကျ ဖြုတ်တတ်အောင် သင်ပေးခြင်းထို့အပြင်Model မြင့် LCD&Touch တွဲလျှက်ပါသော ဖုန်းများ Iphone 6 plus, Iphone 6, Note 3, Note4, S5 များကိုအပေါ်မှန်သီးသန့် လဲလှယ်ပေးခြင်းတို့ကို မှန်ဖြုတ်စက်များဖြင့် အသုံးပြုသင်ကြားပေးသလို( မှန်ဖြုတ်စက်မလိုဘဲ) လက်ဖြင့်စနစ်တကျဖြုတ်တတ်အောင်(LCD,Touch Data ကြိုးများ မပြတ်အောင်၊ LCD မကွက်အောင်) သင်ကြားပေးမှာဖြစ်ပါတယ်။

ဖုန်းတစ်လုံးတွင် ပါဝင်သော Component များအကြောင်း၊IC များရဲ့ အလုပ်လုပ်ပုံ၊ Component များနှင့်IC များတို့ရဲ့ ပေါင်းစပ်အလုပ်လုပ်ပုံ (သက်ဆိုင်ရာ လမ်းကြောင်းရှိ သက်ရောက် Volt များ မှန်မမှန် စစ်ဆေးပုံ)အကြောင်းကို သဘောတရားများ ရှင်းပြပေးရုံသာမက Power IC, EMMC, CPU,အစရှိသော IC အမျိုးမျိုးတို့ကို Hot Gun အသုံးပြု၍ လေ၊အပူချိန်၊ လက်ဆ မှန်ကန်စွာ စနစ်တကျ ဖြုတ်တတ်စေရန် သင်ကြားပေးခြင်း၊ ဖုန်းအစိတ်အပိုင်းတစ်ခုစီ၏ (Touch,Backlight,Network) ဖြစ်တတ်သော Error များကို ဖြေရှင်းတတ်စေရန် စနစ်တကျ သင်ကြားပေးခြင်းနှင့် Diagram ကြည့်နည်းများပါအပြင်
Deatboot ဖြစ်နေသော ဖုန်းများကို Box များသုံးပီးပါဝါနိုးလာအောင် လုပ်ခြင်း တို့ကိုပါသင်ကြားပေးမှာပါ..

သင်တန်းသား/သူ တွေကိုလည်း လိုအပ်တဲ့ နောက်ဆုံးထွက် Update Data များကို Support ပေးသွားမှာဖြစ်ပါတယ်..နောက်နောင်လည်း မည်သည့် Data ကို မဆို အချိန်မရွေး အခမဲ့ လာရောက် ရယူနိုင်မှာ ဖြစ်ပါတယ်... ကျနော်တို့ Smart-7 Mobile Service&Training Centre သင်တန်းရဲ့ အဓိက ဦးစားပေးထားတဲ့အချက်ကတော့ လာရောက်သင်ကြားသော သင်တန်းသားများ အနေနဲ့ နည်းပညာအခက်အခဲ တစ်စုံတစ်ရာ မရှိရလေအောင် သင်တန်းပြီးဆုံးသွားသော်လည်း ဖုန်းဆက်၍သော်လည်းကောင်း၊သင်တန်း Page မှသော်လည်းကောင်း၊ လူကိုယ်တိုင် လာရောက်၍သော်လည်းကောင်း အချိန်မရွေး အကူအညီများရယူနိုင်မှာ ဖြစ်ပါတယ်..

သင်တန်းကြေးကတော့ Software&Hardware ၂ မျိုးလုံးအတွက်(400000)ပါ
Software တစ်မျိုးတည်းတက်ပါက (150000) ပါ၊ Hardware တစ်မျိုးတည်းဆိုရင် (300000)ပါ။
နယ်မှ သင်တန်းသားများအတွက် အဆောင်ငှားဖို့ အခက်အခဲမရှိရလေအောင် ကျနော်တို့ အဆောင်စီစဉ်ထားပေးပါတယ် .Software & Hardware ၂ မျိုးလုံးတက်ပါက အဆောင်ခက (အခမဲ့) ပါ.. တစ်မျိုးတည်း တက်ချင်ရင်တော့ ၂သောင်းခွဲပါ..သင်တန်းကတော့ ၂ လ အပြတ်ပါ..

သင်တန်း ချိန်များ >> Monday to Friday (တနင်္လာနေ့မှ သောကြာနေ့)ထိ
(အချိန်မအားလပ်သူများ)အတွက် စနေ၊ တနင်္ဂနွေ တန်းခွဲများလည်းရှိပါသည်။

ပုံမှန်သင်တန်းချိန် (Software)
--> 10:00 AM ~ 12:00 AM ( နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီ )
--> 02:00 PM ~ 04:00 PM ( မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီ ) ထိ
ပုံမှန်သင်တန်းချိန် (Hardware)
--> 10:00 AM ~ 01:00 PM ( နံနက် ၁၀ နာရီ မှ နေ့လည် ၁ နာရီ )
--> 02:00 PM ~ 05:00 PM ( ညနေ ၂ နာရီ မှ ညနေ ၅ နာရီ ) ထိ

အသေးစိတ် မေးမြန်းလိုပါက ..
ဖုန်းနံပါတ် >> ၀၉-၄၄၀၄၉၅၅၅၈ ၊ ၀၉-၄၄၀၄၉၅၅၅၉
သင်တန်းရဲ့ တည်နေရာကတော့ ၊ တိုက်(၂၁)မြေညီထပ်၊လှည်းတန်း(၇)လမ်း ဓမ္မာရုံအနီး၊ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့။
ကြိုတင်စာရင်းသွင်းချင်သူများ စာရင်းပေးသွင်းနိုင်ပါပီ.... စာရင်းပိတ်ရက်ကတော့(၅)ရက်နေ့  နောက်ဆုံးထားပီး စာရင်းသွင်းနိုင်ပါတယ်ခင်ဗျား

0 comments:

Post a Comment