The Martian 2015 မြန်မာစာတန်းထိုး


ဒီ 2015 ထဲမှာ ထွက်ရှိခဲ့တဲ့ သိပ္ပံဇာတ်ကားတွေထဲက ဇတ်ကားကောင်း တစ်ကား ဖြစ်ပြီးတော့
imdb rating 8.2 ရရှိထားပြီး Adventure, Drama, Sci-Fi အမျိုးအစား ဇာတ်ကား ဖြစ်ပါတယ်။
ဒီဇာတ်ကားမှာတော့ မင်းသား Mark ရဲ့ ...... အင်္ဂါဂြိုလ်ပေါ်က အထီးကျန် တစ်ယောက်တည်း
ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်ပေါင်းများစွာကို တွေ့မြင်ခံစားရမှာပါ။ ဒီဇာတ်ကားထဲမှာ ကျနော်
အကြိုက်ဆုံး ဇတ်ဝင်ခန်းတစ်ခု ရှိပါတယ်။ ကိုယ်လုပ်နေတဲ့အလုပ်တစ်ခု ..................
ကျွမ်းကျင်တဲ့နယ်ပယ်တစ်ခုမှာ ဘယ်အထက်အရာရှိကိုမှ ဖော်လံမဖားဘူးဆိုတဲ့ စိတ်ဓါတ်လေးကို
ရိုက်ပြသွားတဲ့ ပြကွက်လေးပါ။ နာဆာရဲ့ ဒါရိုက်တာ ....... တစ်ယောက်နဲ့ စကားပြောနေချိန်
အလုပ်အတွက် သရုပ်ပြချိန်မှာ ချက်ချင်းမတိုင်းမဆွ ခေါ်သုံးလိုက်တဲ့ ပြကွက်လေးပါ။ ..........
ဇာတ်လမ်းရဲ့ 1:24:00 မိနစ်လောက်မှာ ရှိပါတယ်။ ကိုယ်တိုင် ခံစားကျိလိုက်ပါ..........

ဇတ်လမ်းအကျဉ်း

မားစ်ဂြိုဟ်ကို လေ့လာရေး သွားခဲ့တဲ့ အာကာသယာဉ် Ares III ဟာ ပြင်းထန်တဲ့ မုန်တိုင်းနဲ့ ကြုံခဲ့ပြီးနောက်မှာ အာကာသ ယာဉ်မှူး မာ့ခ်ဝတ်နေ ပျောက်ဆုံးခဲ့တာကြောင့် သေဆုံးသွားပြီလို့ ယူဆခဲ့ကြပါတယ်။ မားစ်လေ့ လာရေးအဖွဲ့ခေါင်းဆောင် မလစ် ဆာလူးဝစ်က တခြားအဖွဲ့ဝင်တွေ ပါ အန္တရာယ်ရှိမှာစိုးရိမ်ပြီး ဂြိုဟ် ကနေ ထွက်ခွာခဲ့ပါတယ်။ သေပြီ လို့ ထင်နေကြတဲ့ မာ့ခ်ဟာ
တကယ်တော့  အသက်ရှင်လျက် ကျန်နေပြီး စက်ပစ္စည်းတွေ ချို့ယွင်းကုန်တာကြောင့်
နာဆာနဲ့ အဆက်အသွယ်မရခဲ့ပါဘူး။ မာ့ခ်ဟာ မားစ်ဂြိုဟ်ပေါ်မှာ သုံးနှစ်လောက် နေထိုင်ရဖွယ်ရှိ
တယ်လို့ ခန့်မှန်းမိတာကြောင့် ယာယီစခန်းတစ်ခု ဖန်တီးပြီး သူ တတ်ကျွမ်းတဲ့ ရုက္ခဗေဒပညာနဲ့ အပင်တွေစိုက်ခဲ့ပါတယ်။ မားစ် စူးစမ်းလေ့လာရေးယာဉ် Ares IV ရပ်နားတဲ့ အခြေစိုက်စခန်းကို သွားရှာဖို့လည်း ကြိုးပမ်းခဲ့ပါတယ်။ မားစ်ဂြိုဟ်ပေါ်မှာ သူလှည့်လည်သွားလာတဲ့ လမ်းတစ်လျှောက် တွေ့တာတွေကို ဗီဒီိယိုတွေ မှတ်တမ်းတင်ရိုက်ကူးထားခဲ့ပါတယ်။
တစ်ရက်မှာတော့ နာဆာက အင်ဂျင်နီယာနှစ်ယောက်ဖြစ်တဲ့ ဗင်းဆင့်ကာပူးနဲ့ မင်ဒီပါ့ခ်တို့ဟာ
ဂြိုဟ်တုက ဓာတ်ပုံတွေကို လေ့ လာနေရင်း မာ့ခ်အသက်ရှင်နေ တုန်းပဲဆိုတာ သိရှိခဲ့တာကြောင့် အဆက်အသွယ်ပြန်ရဖို့ ကြိုးပမ်း ခဲ့ကြပါတယ်။ နာဆာဒါရိုက်တာ တက်ဒီဆန်ဒါဟာ မာ့ခ်အသက် အန္တရာယ်ကြုံမှာ စိုးရိမ်တဲ့အတွက် Ares III အဖွဲ့ဝင်တွေ အကုန်လုံး ကို ဒီအကြောင်းမပြောဖို့
 ဗင်းဆင့်  တို့ကို ပြောခဲ့ပါတယ်။ မာ့ခ်က ၁၉၉၇ ကတည်းက မားစ်မှာရှိနေ တဲ့ လမ်းကြောင်းပြ
အာကာသ ယာဉ်ဟောင်းတစ်ခုကနေ ကမ္ဘာ နဲ့ အဆက်အသွယ်ရရေး ကြိုးပမ်း ခဲ့ပါတော့တယ်။
မာ့ခ်တို့ရဲ့ အဖွဲ့မှူးမစ်ခ်ျဟန် ဒါဆင်ဟာ Ares IV မားစ်ကို မလာနိုင်ခင် အာကာသယာဉ် တစ်ခုလွှတ်ပြီး မာ့ခ်ဆီကို ရိက္ခာ တွေပို့ဖို့ စီစဉ်ခဲ့ပေမယ့် လုပ်ငန်း စဉ်တချို့မှားယွင်းပြီး ယာဉ်ဟာ မလွှတ်တင်ခင် ပေါက်ကွဲသွားခဲ့ ပါတယ်။ မားစ်ပေါ်မှာလည်း ယာ ယီစခန်းက လေလုံခန်းပေါက်ကွဲ သွားပြီး မာ့ခ်စိုက်ထားတဲ့အပင် တွေ သေဆုံးကုန်တာကြောင့် ရိက္ခာပြဿနာကြုံခဲ့ရပါတယ်။
အဲဒီနောက် တရုတ်အမျိုး သား အာကာသအေဂျင်စီ (CNSA)က မားစ်ဂြိုဟ်ကို အဟုန် မြှင့်ဒုံးစက်လွှတ်တင်ဖို့ရှိတာ ကြောင့် မာ့ခ်ဆီကို ရိက္ခာတွေ ထည့်ပေးနိုင်ဖို့ နာဆာကို ကမ်း လှမ်းခဲ့ပါတယ်။ ရိက္ခာတွေလည်း ပို့သလို နာဆာဘက် အာကာသ ယာဉ်တွေလွှတ်ပြီး မာ့ခ်ကို ကယ် တင်ဖို့လည်း ကြိုးပမ်းခဲ့ပါတယ်။ လွယ်လွယ်ကူကူ သွားကယ် ဆယ်လို့မရတဲ့ မားစ်ဂြိုဟ်ပေါ် ရောက်နေတဲ့ မာ့ခ်တစ်ယောက် ဘယ်လိုအခက်အခဲတွေ ဆက် ကြုံရဦးမှာလဲ။ ကမ္ဘာမြေပေါ်ကို ကော ခြေပြန် ချခွင့်ရနိုင်ပါ့မလား ဆိုတာကို မြန်မာစာတန်းထိုးလေးနဲ့သာကိုယ်တိုင်ခံစားကြည့်ရှု လိုက်ပါဦး
မိသားစုတွေအတူတကွ ကြည့်ရှုနိုင်ပါတယ်။

Blueray 720P ကို file size 540 MB နဲ့တင်ပေးထားပါတယ်။

  • Subtitle : မြန်မာစာတမ်းထိုး
  • Duration: 140 Minutes
  • Release Date : October 1, 2015 (Thailand)
  • IMDB Rating : 8.2/10
  • Genre : Adventure, Drama, Sci-Fi
  • Director : Ridley Scott
  • Cast : Matt Damon, Jessica Chastain, Melissa Lewis, Kristen Wiig, Kate Mara


Summary of The Martian 2015

During a manned mission to Mars, Astronaut Mark Watney is presumed dead
 after a fierce storm and left behind by his crew. But Watney has survived and
 finds himself stranded and alone on the hostile planet. With only meager
 supplies, he must draw upon his ingenuity, wit and spirit to subsist and
find a way to signal to Earth that he is alive.






How To Download (ဒေါင်းလော့ချနည်း)


  • **  Step-1.အောက်က pcloud ပုံလေးကို ကိုနှိပ်လိုက်ပါ။

  • **  Step-2. " 5 စက္ကန့် " လောက်စောင့်ပေးပါ။

  • **  Step-3. ညာဘက်အပေါ်ထောင့်နားက "<< SKIP AD >>" ကိုနှိပ်ပေးပါ။

  • **  Step-4. Pcloud Download Link ကျလာပါလိမ့်မယ်။



WATCH AND DOWNLOAD FROM PCLOUD




ကျေးဇူးတင်ပါတယ်

Movie7plus Admin Team

0 comments:

Post a Comment