iDance ~ D Player

  

           ကျွန်တော် အိမ်မှာ တခါတလေ ပျင်းရင် ကွန်ပျူတာမှာ iDance D Player ဆိုတဲ့ ပလေယာလေးနဲ့ သီချင်းဖွင့်လေ့ရှိပါတယ်။ အဲဒီ ပလေယာလေးက ကိုရီးယားက လုပ်ထားတာဖြစ်ပြီးတော့ သူက ကာတွန်း (manga) 3D လေးတွေကတာပါ ပါတယ်။ ပလေယာနဲ့ ဖွင့်လို့ရသလို အဲဒီ ကာတွန်း လေးတွေကို desktop ပေါ်မှာ ဖွင့်ပြီး တင်ထားလို့လဲ ရပါတယ်။ ကာတွန်းရုပ်လေးတွေ ကတာ တော်တော်လှပါတယ်.. နောက် သီချင်းတွေနဲ့လဲ လိုက်တယ်။

သီချင်းက ကိုရီးယား သီချင်းတွေ နာမည်ကြီး သီချင်း အများစုပါပြီးတော့.. ကိုယ့်ဖာသာ စိတ်ကြိုက် mp3 သီချင်းတွေလဲ ဖွင့်လို့ရပါတယ်။ ကိုယ့်စိတ်ကြိုက် သီချင်းဖွင့်ရင်တော့ ကကွက်တွေနဲ့ နဲနဲမလိုက် သလိုဖြစ်နေလိမ့်မယ်။ ကျွန်တော်ကတော့ မြန်မာ သီချင်း ဆိုင်းကြိုက်တဲ့ မောင် လိုသီချင်းမျိုးနဲ့ တွဲဖွင့် ပါတယ်။ ပလေယာလေး သွင်းလိုက်တာနဲ့ သီချင်းအများကြီး တစ်ပါတဲပါပါတယ်။ အဲဒီထဲမှာ ကျွန်တော်ကြိုက်တာက Change, Carrot ဆိုတဲ့ သီချင်း ၂ ပုဒ်တော့ ကြိုက်တယ်။
Change က စစချင်း ရဲကားသံလို မီးသတ်ကားသံလို အသံနဲ့ဆိုတော့ ကျွန်တော်ဖုန်းမှာ ringtone လုပ်ပြီး သုံးထားတယ်  ဖုန်းလာတိုင်း အခန်းထဲက လူတွေ အပြင်ထွက်ပြီး လမ်းပေါ်မှာ မီးသတ်ကား ထွက်ကြည့်တာက ခဏခဏ ပဲ =P. Carrot သီချင်းကတော့ ကိုရီးယားကားထဲမှာ မင်းသမီးတွေ ဆိုတာ ခဏခဏတွေ့တယ်။ ပလေယာလေးကို   download   လုပ်ပြီး စမ်းကြည့်လိုက်ပါဦး အပျင်းပြေတယ်.. စိတ်ပါရင် လိုက်ကလို့လဲ ရတယ်  ပျော်ရွှင်ပါစေ။ ။

မူရင်း။ ။  ထူးတေဇာ     

2 comments:

How to download that player,because only Korean language so I didn't understand.Please explain .Thank you.

ဘယ်လိုဒေါင်းရမလည်း ကူညီပါအုံး

Post a Comment