iphone အား Unlock နှင့် jailbreak ခေါ် ထောင်ဖောက်ခြင်း

ထောင်ဖောက်တယ်ဆိုတာနဲ့ ကျွန်တော့်ကို တစ်မျိုးမထင်ကြနဲ့ဦး .ထောင်ဖောက် တယ်ဆိုတာက တင်စားလိုက်တာ . ကျွန်တော်တို့ apple ကနေ ထုတ်တဲ့ iphone တွေမှာက စပြီး ထုတ်ကတည်းက သတ်မှတ်ချက် တွေနဲ့ပါ . သီချင်းကို ပြန်ပြီး ကူးထည့်လို့မရအောင် လုပ်ထားတာမျိုး၊ sim card ကို သူသတ်မှတ်ထားတဲ့ နိုင်ငံမဟုတ်ရင် လိုင်းမဝင်အောင် လုပ်တာမျိုး၊ နောက်တစ်ခုက iphone ထဲမှာ ဆော့မည့် ဂိမ်းများနှင့် အခြားသော တိုလီမိုလီများကို install လုပ်ဖို့အတွက်ကို ပိုက်ဆံသွင်းပြီး အကောင့် လုပ်ထားမှ ရမယ့်စနစ်ဖြင့် ပြုလုပ်ထားပါတယ် . အဲ့ဒါကို ကျွန်တော်တို့က အခုလို jailbreak လို့ခေါ်တဲ့ ထောင်ဖောက်နည်းကို သုံးလိုက်မယ်ဆိုရင် Sim card ကို international sim card အဖြစ် ပြောင်းလဲသွားပြီးတော့ . apple က မဟုတ်တဲ့ တစ်ခြား ပြင်ပ game တွေကိုလဲ download လုပ်ခွင့်ရရှိမှာပါ .. ကဲပထမဦးဆုံး ကျွန်တော်တို့ အောက်က နည်းအတိုင်းစမ်းကြည့်ရအောင်ဗျာ

itunes ကို ဖွင့်ထားလိုက်ပါ . itunes မရှိရင် ဒီမွာ ရေးပေးထားပြီးသားပါ ယူလိုက်ပါ .
iphone ကို unlock လုပ်ဖို့အတွက် iphone ကို unlock နှင့် jailbreak လုပ်ရန် နှစ်နည်းရှိပါတယ် . Redsnow နှင့် လုပ်တာရယ် . Quickpwn နှင့်လုပ်တာရယ်ပါ . အခုကတော့ redsnow ကိုအသုံးပြုပြီးတော့ unlock လုပ်နည်းကို ပြောပြပါ့မယ် .
redsnow ကို အောက်မှာ တင်ပေးထားပါတယ် . ဒီမှာ Download လုပ်လိုက်ပါ
ကဲပြီးသွားပြီဆိုရင်တော့ . iphone ရဲ့ fireframe တွေကို ဒေါင်းလိုက်ပါ . ကျွန်တော့် iphone က 3G ဆိုတော့ ဒုတိယက fireframe ကို ဒေါင်းလိုက်ပါတယ် .
တစ်ကယ်တော့ ကျွန်တော်တို့ fireframe က ဘာနဲ့တူလဲဆိုရင် သူက ကျွန်တော်တို့ pc မှာ အသုံးပြုဖို့ တင်တဲ့ window operation system လိုပါပဲ . သူက iphone ကို သုံးလို့ရအောင် iPhone Firmware 3.0.1 ကို ထည့်ရတာပါ . မျက်စိထဲ မြင်အောင်လို့ပါ . အောက်မှာယူလိုက်ပါဦး .
redsnow ကို ဖွင့်ပြီး browse နေရာတွင် အပေါ်က မိမိထည့်မယ့် fireframe ကို ရွေးပြီးထည့်လိုက်ပါ .
  • (၁) ပြီးတာနဲ့ ကျွန်တော်တို့ power button ကို 4 second နှိပ်ပါ ... (iphone ပိတ်သွားပါလိမ့်မယ်)
  • (၂) လက်ကိုမလွှတ်သေးဘဲနဲ့ ဆက်ပြီးတော့ နှိပ်ထားပါ . power button တစ်ဖက်နှင့် နှိပ်ထားရင်းကနေ အခြားတစ်ဖက်နဲ့ home button ကို 10 second နှိပ်ထားပါ (နှစ်ခုစလုံးတွဲပြီး နှိပ်ရမှာ ဖြစ်ပါတယ်) နားမလည်ရင် သေချာပြန်ဖတ်ပါ . ဒါက အရေးကြီးပါတယ် .
  • (၃) နောက်ဆုံး home button 1 ခုထဲ နှိပ်ထားပါ (power botton ကို လွှတ်လိုက်ပါ) . ဆက်နှိပ်ထားရင်းကနေ သူစပြီးတော့ install စလုပ်ပြီဆိုတာနဲ့ home button ကို လွှတ်လိုက်လို့ရပါပြီ .အဲ့ဒီ့မှာလဲ အင်္ဂလိပ်လိုရေးပေးထားပါတယ် . အဓိကက ခလုပ်နှိပ်တာ အရေးအကြီးဆုံးပါပဲ . မနှိပ်တတ်ခင်ကတော့ လက်ရဲမှာမဟုတ်ပါဘူး .
  • သိပ်နားမလည်ရင် movie ကြည့် နဲ့လက်တွေ့လုပ်ထားတာလေးကို တင်ပေးလိုက်ပါတယ် . အောက်မှာ Download လုပ်ပြီး သေချာ ကြည့်လိုက်ပါ .
Download movie file(Mediaifre)

ညီနေမင်း

1 comments:

ipod 4 touch မှာသုံးလို့ရမလား

Post a Comment