Windows 8 တွင် မြန်မာစာ စနစ် အပြီးပါလာတော့မည်

E-mail
မြန်မာ software developer များ၏ ရည်မှန်းချက် ဖြစ်သည့် computable ဖြစ်သည့် စံသုံး မြန်မာစာ စနစ် ပေါ်ပေါက်ရေးအတွက် နှစ်ပေါင်း များစွာ ကြိုးစားခဲ့ပြီး နောက်ပိုင်း Apple Mac OS X Lion တွင် တရားဝင် မြန်မာစာစနစ် ပါဝင်လာခဲ့ပြီး၊ ယခု မကြာမီ လာမည့် Windows 8 တွင် တရားဝင် မြန်မာစာ စနစ် ပါဝင်လာတော့မည် ဖြစ်သည်။
မြန်မာစာဖွန့် ထည့်မှ မြန်မာလို မြင်ရတော့မည် မဟုတ်ဘဲ၊ တစ်ကမ္ဘာလုံး မည်သည့် ကွန်ပျူတွင် မဆို မြန်မာဘာသာဖြင့် ရေးနိုင် ဖတ်နိုင်တော့မည် ဖြစ်ပေသည်။ ယင်းပါလာမည့် စနစ်သည် ဇော်ဂျီ စနစ် မဟုတ်ဘဲ၊ စံသုံး ယူနီကုဒ် သာ ပါလာမည် ဖြစ်ပါသည်။

0 comments:

Post a Comment