iPhone ပေါ်မှာ မြန်မာစာ ဖတ်ချင်သူတွေအတွက် iBrowser MM app နှင့် မိတ်ဆက်ခြင်း



    iPhone ကို jailbreak မလုပ်ပဲ iPhone ထဲမှာ မြန်မာစာ ဖတ်ချင်တဲ့ သူတွေအတွက် iBrowser MM ဆိုတဲ့ iPhone application လေးနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီ App လေးပေါ်နေတာ ကြာပါပြီ။ အားလုံးသိနေကြပြီ ထင်လို့ မတင်ဖြစ်ခဲ့တာပါ။ တစ်နေ့က သူငယ်ချင်း တစ်ယောက် ကမေးတာနဲ့ blog မှာတင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒီ iBrowser MM လေးထဲမှာ ကိုကြည့်ချင် တဲ့ မြန်မာ web site/ blog ရဲ့နာမည်တွေကို ရိုက်ထည့်ပြီး ကြည့်နိုင်သလို GTalk, Gmail နဲ့ Facebook စတဲ့ web site တွေကိုလည်း အလွယ်တကူ ဖွင့်လို့ရအောင် စီစဉ်ပေးထားပါတယ်။ မြန်မာဖောင့်ကို Zawgyi နဲ့ Unicode နှစ်မျိုးစလုံးကို ဖတ်လို့ရအောင် Search bar ရဲ့ညာဘက်မှာ Uni နဲ့ Z1 ဆိုပြီးပြပေးထားပါတယ်။   


   အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်။







iBrowser MM app ကို iPhone ရဲ့ App Store မှ Search ထဲမှာ iBrowser MM ဆိုပြီး ရိုက်ရှာလိုက်ပါ။ ပြီးရင် Free ကိုနိုပ်ပါ။ install လုပ်လိုက်ပါ။



iPhone ရဲ့ App Store မှာ Search လုပ်လို့မရဘူးဆိုရင် အောက်ကနည်းလမ်းလေးအတိုင်းလုပ် ကြည့်လိုက်ပါ။


 iMyanmar Browser 1.3.rar download link:



(OR)



1) download iMyanmar Browser 1.3.rar file.


2) Extract it. (Right click on iMyanmar Browser 1.3.rar and choose Extract here. Application will appear on the same page.)

3) Right click on application and open it. iTunes will appear and You will see application in iTunes Library > Apps

4) Connect iPhone to computer and sync it.


အားလုံးကိုကျေးဇူးတင်ပါတယ်။

မူရင်းရေးသားသူ။   ။ Nyein Latt     

8 comments:

ကျေးဇူးအထူးတင်ပါတယ်ဗျာ။။။

ကျွန်တော့ iPhone ရဲ့ App Store မှ Search ထဲမှာ iBrowser MM ဆိုပြီး ရိုက်ရှာပေမယ့် ibrowser free ဆိုတာဘဲပေါ်တယ်...iBrowser MM ဆိုတာ မပေါ်ဘူးခင်ဗျား...
အဲဒါဘယ်လိုလုပ်ရမလဲကူညီပါအုံးခင်ဗျား...
ဖြစ်နိုင်ရင် lwinoo22@gmail.com သို့ဘယ်လိုလုပ်ရမယ်ဆိုတာပို့ပေးလို့ရရင်ပို့ပေးပါခင်ဗျား...
ကျေးဇူးတင်ပါတယ် ကိုညိမ်းလတ်ခင်ဗျား...

This comment has been removed by the author.
This comment has been removed by the author.

1) download iMyanmar Browser 1.3.rar file.
2) Extract it. (Right click on iMyanmar Browser 1.3.rar and choose Extract here. Application will appear on the same page.)
3) Right click on application and open it. iTunes will appear and You will see application in iTunes Library > Apps
4) Connect iPhone to computer and sync it.

iMyanmar Browser 1.3.rar download link:

https://mail.google.com/mail/u/0/?ui=2&ik=a7295705ca&view=att&th=1352fa703d1b9830&attid=0.1&disp=safe&realattid=f_gy1r46bm0&zw

ကိုညိမ်းလတ် ခင်မျာ ကျေးဇူးတင်ပါတယ်ဗျာ ဒီပို့လေးကို ကျနော် blog စ လုပ်တုံးက ကော်ပီကူးပြီး တင်လိုက်တာပါ အဲ့ဒီတုန်းက ဘယ်ကကူးလာတယ်ဆိုတာ မေ့သွားတာမို့ မူရင်း ရေးသားသူကို ဖေါ်မပြနိုင်တာကို နားလည်ပေးပါဗျာ။ ခုကျနော်လဲ iPhone 3GS လေး ကိုင်တော့ ဒီ iBrowser MM လေးကို သုံးချင်လို့ရှာတော့ iTunes app store ထဲမှာရှာတာ အပေါ် တစ်ယာက် ပြောသလိုပါပဲ လုံးဝရှာမရပါဘူး ခုလို တကူးတက လာရောက် ကူညီ ရှင်းပြပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ခင်မျာ။နောက်များမှာလဲခုလို လွဲချော်နေတာလေးတွေကိုလာရောက်ထောက်ပြပေးပါဦးလို့တောင်းဆိုပါတယ်ခင်မျာ အားလုံးကို ကျေးဇူးပါ။။။။

ကျနော့် blog မှ post များကို လွက်လပ်စွာ ကူးယူဖော်ပြပေးနိုင်ပါတယ်။ ကျနော် အနေနဲ့လဲ ကူးယူဖော်ပြပေးတဲ့အတွက် အထူးအထူးကို ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုသိထားတဲ့ ဗဟုသုတတွေကို အများသိအောင် share လုပ်ပေးလို့ပါ။ တနည်းအားဖြင့်ပြောရရင် ကျနော့်ဘက်က တတ်နိုင်သလောက် ပညာဒါန လုပ်ပေးနေတာပါ။ အဲဒါကြောင့် ကျနော့်ရဲ့ post တွေကို ကူးယူဖော်ပြပေးတဲ့ ညီအစ်ကိုမောင်နှမတွေဟာ ကျနော့်ရဲ့ ပညာဒါန အတွက် ပံ့ပိုးပေးနေသူတွေပါ။

Post a Comment