How To Create System Restore Point

System restore point လုပ်ပုံလုပ်နည်းလေးပါ ပါတာကြောင့် ထပ်ပြီးဖော် ပြပေးလိုက်ပါတယ်။ System restore လုပ်တယ်ဆိုတာက တစ်ခါတစ်လေ သုံးနေရင်း ကိုယ့် computer error တက်ခဲ့ရင် ဒါမှမဟုတ် software install  လုပ်လိုက်မိပြီး  computer သုံးလို့ အဆင်မပြေဖြစ်တဲ့ အခါ၊ ဒါမှမဟုတ် မတည့်တဲ့ software တွေ တင်လိုက်မိတဲ့ အခါ ပြန်ပြီးလည်း uninstall လုပ်လို့မရတဲ့အခါ နောက်ဆုံး အနေနဲ့  system restore လုပ်နိုင်ပါတယ်။ System restore လုပ်ခြင်းဟာ Windows System ရဲ့ setting တွေကို မူလအတိုင်းပြန်ထား ပေး တာဖြစ်ပါတယ်၊၊
အဲဒီလိုလုပ်တဲ့အခါ computer က default ပေးထားတဲ့ restore point ကိုသွားရတာဖြစ်ပြီး ခု post မှာက ကိုယ့်ဘာသာကိုယ် restore point ကိုသတ်မှတ်ထားနိုင်ကြောင်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။
System restore လုပ်ဖို့ရာအတွက် ရှေ့မှာ System restore point တစ်ခုကို create လုပ် မှတ်သားခဲ့ဖို့လိုပါတယ် ၊ အထက်မှာ ပြောခဲ့သလိုပါပဲ သုံးလို့ကောင်းနေတဲ့အချိန်ကလေးမှာ ၊ တချို့သော ကွန်ပြူတာတွေမှာ သူ့ဖာသာ restore point လေးတွေကို ပုံမှန်လုပ်ပေးနေလေ့ရှိပါတယ် ၊ တချို့တွေကျတော့ လည်း auto လုပ်ပေးတာမရှိပြ န်ဘူး ၊ အဆင့်မြင့်တဲ့ တချို့သော program တွေက သူတို့ကို install မလုပ်ခင်မှာ system restore point လေးကို လုပ်ပေးတတ်ပါတယ် ၊ install လုပ်တဲ့ program ဟာ Windows နဲ့ သဟဇာတ မဖြစ်ခဲ့ရင် restore ပြန်လုပ်နိုင်ဖို့ပါ ၊ တချို့သော uninstaller တွေကလည်း program တစ်ခုခုကို ဖျက်မပေးခင်မှာ restore point လေးတွေ လုပ်ပေးတတ်ပါတယ် ။ ဒါပေမယ့် အဲဒီ restore point တွေက သုံးလို့ကောင်းေ နတဲ့အချိန်မှာလား မကောင်းတဲ့ အချိန်မှာလားဆို တာ ကျနော်တို့သေချာ သိဖို့ခက်ပါတယ် ၊ အဲဒီတော့ သေချာအောင်လို့ ကောင်းနေတဲ့ အချိန်လေးကို မှတ်သားဖို့ ကိုယ်တိုင်ပဲ restore point လေးတစ်ခု ဖန်တီးလိုက်တာကောင်းပါတယ် ၊ ကဲဖန်တီးလိုက်ကြ ရအောင်ပါ ။

Create Restore Point in Window Xp

  1.  Start > All Programs > Accessories > System tools > System Restore အထိသွားပါ ၊
  2. Welcome to system restore ဆိုတဲ့ screen (window) ကို ရောက်သွားမယ် ၊ create a restore point ကို select လုပ်ပြီး next ကို နှိပ်ပါ ၊
  3. Restore point description ဆိုပြီး ဖြည့်ရမယ့်နေရာေ လးပေါ်လာမယ် ၊ အဲဒီမှာ ကိုယ်မှတ်မိ စေမယ့် ဖေါ်ပြချက်တစ်ခုခုရေးလိုက်ပါ ၊ ဥပမာ ၊ ကျနော်ကတော့ Good day for my computer လို့ရေးလိုက်မယ် ဗျာ ၊ ပြီးရင် create ကိုနှိပ်လိုက်ပါ ၊
  4. Restore point လုပ်နေတဲ့ အချိန် နည်းနည်းစောင့်လိုက်ပါ ၊ Restore point created ဆိုပြီး ကိုယ်မှတ်ခဲ့တဲ့ အချိန်နဲ့အကြောင်းအရာကို ဖေါ်ပြတဲ့ window တစ်ခုပေါ်လာမယ် ၊ close ကိုနှိပ်လိုက်ပါ ။

Create Restore Point in Window 7 and Vista

  1. Start > All Programs > Accessories > System tools > System Restore အထိသွားပါ ၊
  2. System properties window ရဲ့ system protection tab ကိုရောက်သွားမယ် ၊ အောက်ဆုံးနားမှာ ရှိတဲ့ Create ရဲ့ အပေါ်ကိုနှိပ်ပါ
  3. Create a restore point ဆိုပြီး စာရိုက်ရမယ့်နေရာလေးပေါ်လာမယ် ၊ ဖြည့်လိုက်ပြီး create ကိုနှိပ်ပါ
  4. နည်းနည်းစောင့်ေ ပးလိုက်ပါ ၊ ပြီးတာနဲ့ Restore point created ဆိုပြီးပေါ်လာရင် close ကို နှိပ်လိုက်ပါ ။
ဒါကတော့ မှတ်ထားတဲ့အပိုင်လေးတစ်ခု ပြီးသွားပါပြီ။ နောက်မှာ ကိုယ်ကအဲဒီအခြေအနေလေးအ တိုင်း ပြန်ရောက်ချင်ရင် System restore ပြန်လုပ်ဖို့ကတော့ ဒီလိုလုပ်ပါ

System Restore in Windows XP

  1. Start > All Programs > Accessories > System tools > System Restore အထိသွားပါ ၊
  2. Restore my computer to an earlier time ကို select လုပ်ပြီး next ကိုနှိပ်ပါ ၊
  3. Select a restore point ကိုရောက်သွားမယ် ပြက္ခဒိန်လေးပေါ်မှာ Restore point ရှိတဲ့နေ့တွေဟာ bold ဖြစ်နေတာကို တွေ့ရပါမယ် ၊ နေ့တစ်ခုစီကိုနှိပ်လိုက်ရင် အဲဒီနေ့မှာရှိတဲ့  Restore point တွေထွက်လာပါလိမ့် မယ် ကြိုက်ရာ restore point ကိုရွေးပြီး Next ကိုနှိပ်ပါ ၊
  4. Confirm လုပ်ရမယ့် screen ကိုရောက်သွားမယ် Next ကိုနှိပ်ပါ ၊ System ကို restart လုပ်ပြီး restore လုပ်သွားပါပြီ ၊
  5. ပြန်ဝင်လာတဲ့အခါ မှာ Restoration complete ဆိုပြီးပေါ်လာမယ် ၊ ok ကိုနှိပ်ပါ ၊ Windows ဟာ ကိုယ်ပြန်ထားလို က်တဲ့ရက်ကအတိုင်း ဖြစ်သွားပါပြီ ။

System Restore in Windows 7

  1. Start > All Programs > Accessories > System tools > System Restore အထိသွားပါ ၊
  2. System properties window ရဲ့ system protection tab ကိုရောက်သွားမယ် ၊ အပေါ်နားမှာရှိတဲ့  System restore ကိုနှိပ်ပါ
  3. Restore system file and setting ဆိုပြီးပေါ်လာမယ် next နှိပ်ပါ
  4. Restore point တွေကို ရွေးရမယ့်နေရာကိုရောက်လာမယ် ၊ Show my restore point ကိုselect လုပ်လိုက်ရင် ရှိနေသမျှ restore point တွေကျလာပါလိမ့်မ ယ် ၊ scan for affected program ကိုနှိပ်လိုက်ရင် ဘယ် program တွေအပေါ် အကျိုးသက်ရောက်မှုရှိမယ်ဆိုတာကိုလည်းတွေ့ရပါမယ် ၊ ကြိုက်ရာ point တစ်ခုကိုရွေးပြီးရင် next ကိုနှိပ်ပါ ၊ ဥပမာ ကျနော့်ရဲ့စက်မှာ system က auto လုပ်ပေးထားတဲ့ point တစ်ခုရယ် ကျနော်လုပ်ထားတဲ့  point တစ်ခုရယ် ရှိရာမှာ manual ကိုရွေးလိုက်ပါတ ယ် ၊ ရွေးတဲ့အပေါ်ကို click လုပ်ပြီး next နှိပ်ပါ ၊
  5. Confirm လုပ်တဲ့ screen ကိုရောက်သွားတယ် ၊ finish ကို နှိပ်ပါ ၊
  6. သတိပေးချက်လေးပေါ်လာမယ် yes နှိပ်ပါ ၊ လုပ်နေပါပြီ ၊ restart လုပ်ပြီး System restore လုပ်သွားပါလိမ့် မယ်
  7. ၊ပြန်ဝင်လာတဲ့အခါ Windows တက်ဖို့ ခါတိုင်းထက် ဒီတစ်ကြိမ်မှာ ပိုကြာပါလိမ့်မယ် စိတ်ရှည်ပေးလိုက်ပါ ၊ Windows service တွေ ပြန်တင်နေတဲ့အတွ က်ပါ ၊ ပြီးတာနဲ့ System restore completed successfully ဆိုပြီးပေါ်လာမယ် close နှိပ်လိုက်ပါ ၊ ပြီးသွားပါပြီ
System restore လုပ်ခြင်းရဲ့ အဓိက အကျိုးသက်ရောက်မှုကတော့ Windows System ရဲ့ setting တွေကို မူလအတိုင်းပြန်ထားပေးတာဖြစ်ပါတယ်၊၊ တခါတလေမှာ ကျနော်တို့ဟာ system ရဲ့ အတွင်းပိုင်းအထိ ၀င်ပြီး ပြင်လိုက်လို့ Windows က ကောင်းကောင်း အလုပ်မလုပ်တော့ပဲ ကြောင်သွားတာ ၊ ပျက်သွားတာ ၊ function တချို့ပျောက်သွားတာမျိုးတွေ ကြုံတဲ့အခါမှာ ဒီ feature ဟာ အလွန်ကို အသုံးဝင်ပါလိမ့် မယ် ၊ ကျနော်တို့ဘာမှမ လုပ်ပဲနဲ့လဲ install လုပ်ထားတဲ့ program တွေကြောင့်လဲ ဖြစ်တတ်ပါတယ် ၊ registry value တွေကို မူလအတိုင်းပြန်ထားတာမို့ System restore date ရဲ့နောက်ပိုင်းမှာ Install လုပ်တဲ့ program တွေအလုပ်လုပ်တော့ မှာ မဟုတ်သလို Uninstall လုပ်တဲ့ program တွေဟာလည်း ပြန်ရလာမှာ မဟုတ်ပါဘူး ၊ ဒါကြောင့်လိုတဲ့ program တွေကို ပြန်ပြီး Install လုပ်ရမှာ ဖြစ်ပါတယ် ၊ ရှေ့ပိုင်းကတည်း က ရှိခဲ့တဲ့ program တွေကတော့ အေးဆေးပါ ၊ အဲဒီလိုပဲ document, picture, personal data တွေကိုလည်း မတို့မထိပါဘူး ။
Restore လုပ်လို့ပြီးသွားတဲ့အခါ program တွေကို ပြန်စစ်ကြည့်ပါ ၊ Windows ကို သုံးကြည့်ပါ ၊ အရင်ကအတိုင်း ပြန်ထားလိုက်တာကိုမကြိုက်ဘူးလား ၊ မကြိုက်ခဲ့ရင် အဆင့် (၂) ကိုရောက်အောင်ပြ န်သွားပြီး ကြည့်လိုက်ပါ အဲဒီမှာ Restore လုပ်ထားတာကို Undo ပြန်လုပ်လို့ ရနေပါပြီ ၊ Undo my system restore ကိုရွေးပြီး ပြီးသည်အထိ ဆက်သွားလိုက်ပါ ၊ ဒါဆိုရင် အခုလက်ရှိ အနေအထားအတိုင်းပြန်ရောက်လာပြန်ပါပြီ ၊ Restore point နောက် တစ်ခုကို ရွေးပြီး ပြန်သွားနိုင်ပါ သေးတယ် ။
Credit:
Posted by ဒေါက်တာနီနီ  http://www.voiceofdaegu.org

0 comments:

Post a Comment