How to Fix hal.dll missing or corrupt error and How to install DLL-files





hal.dll missing or corrupt error ဖြစ်လို့ ဝင်းဒိုး မတတ်သူများအတွက် 

computer အသုံးပြုသူတိုင်းအနည်းနဲ့အများတော့ကြုံဖူးမှာပါ ။ computer စဖွင့်လိုက်တာနဲ့ window ကိုမမြင်ရဘဲ hal.dall missing or corrupt ဆိုတဲ့စားသားပေါ်နေပြီ window မတက်တော့တာပါ။ အဲ့ဒီအခါမျိုးဆိုရင် safe mode နဲ့လဲ တက်လို့မရပါဘူး ။
အဲ့ဒီ hal.dll ဖိုင် ဟာ virus ကြောင့် ဖြစ်စေ ၊ window စနစ်ကို သိသိသာသာ ထိခိုက်လို့ပဲ ဖြစ်စေ ပျက်သွားတက်ပါတယ်။ hal.dll ဖိုင်ဟာ boot.ini တို့လို window စနစ်ကိုဖွင့်ရာမှာ မရှိမဖြစ်တဲ့ဖိုင် တစ်ခုပါ ။

hal.dll ဖိုင်သည် (Hardware Abstraction Layer) ဖြစ်ပြီး Application များကိုစနစ်မှာတပ်ဆင်ထားတဲ့ Devic သို့ချိတ်ဆက်ရာမှာခွင့်ပြုပေးတဲ့ဖိုင်ဖြစ်ပါတယ် ။တစ်နည်းအားဖြင့် Hardware များကို Hal.dll က စီစစ်လက်ခံပေးပါတယ် ။ ဒါကြောင့်အဲ့ဒီဖိုင်ပျက်ရင် computer ဟာအလုပ်မလုပ်နိုင်တော့ပါဘူး ။

အဲ့ဒီ error ကို recovered လုပ်နိုင်တဲ့ နည်းတွေအများကြီးရှိပါတယ် ။ အဲဒီထဲကမှ window cd ကို အသုံးပြုပြီး recover လုပ်တဲ့နည်းကိုပြောပြချင်ပါတယ်။

Step 1 : BIOS ထဲကိုဝင်ပြီး First Boot မှာ CD ROM ထားပါ ။
Step 2 : Windows XP CD ကို CD drive ထဲသို့ထည့်ပါ ။ 
(window cd run နေပါလိမ့်မယ် )
Step 3 : Repair option သို့ရောက်ရင် R Key ကို နှိပ်ပါ ။
Step 4 : Window installation လုပ်ထားတဲ့ location တောင်းပါလိမ့်မယ် #1 လို့ ရိုက်ပေးလိုက်ပါ ။
Step 5 : BOOT.INI file ထဲက လက်ရှိပြနေတဲ့ list ကို ကြည့်ဖို့ရာ
bootcfg/list လို့ ရိုက်ပါ ။
Step 6 :ပြီးရင် bootcfg/rebuild လို့ရိုက်ပါ ။
file တွေကို ပြန်တည်ဆောက်ပါလိမ့်မယ်

ပြီးရင် cd ကိုထုတ်ပြီး လုပ်ငန်းစဉ်ထဲကထွက်လိုက်ပါ ။


စက်ပြန်တက်လာရင်အဆင်ပြေသွားတာကိုတွေရပါမယ် ။
ကိုယ်ရဲ့ Harddisk ကို တစ်ခြားစက်တစ်မှာတပ်ပြီးတော့  အဲဒီဖိုင်ကို copy ကူးထည့်ရင်လဲရပါတယ်။ hal.dll ကို အင်တာနက်မှ လည်း download လုပ်ယူနိုင်ပါတယ် ။ ပုံမှန်ဆိုရင် အဲ့ဒီ ဖိုင်ဟာ WINDOWS/System32/ က ဖိုလ်ဒါ ထဲမှာရှိပါ..။


ref:hbonekyaw.blogspot.com

1 comments:

window xp အတွက်ပဲလား 7 လဲလုပ်လို့ရလား...ကျေးဇူးပြုပါ

Post a Comment