Uninstall Avast - completely (Avast Antivirus ကို ပြန်ဖြုတ်ချင်ရင်)

 
 
 အောင်မျိုး: ကို ဝင်း ရေ ကျေးဇူးပြုပြီး avast antivirus နှင့် Internet security ဖြုတ်တ်နည်းလေးရှိရင်ပြောပြပါဦး avast uninstaller နဲ့ဖြုတ်တာ ဆော့ဝဲလ် Run လို့တောင်မရလို့ ကူညီပါဗျာ လေးစားပါတယ်။

အားနေတာနဲ့.. မေးလာတဲ့ အောင်မျိုး နဲ့အတူ မသိသေးတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ် ရေးသားလိုက်ပါတယ်...:)
 
Avast Antivirus ကို ပြန်ဖြုတ်ချင်ရင်တော့ Avast ကပေးထားတဲ့ Software လေးနဲ့ Computer Safe Mode
ကနေ ဝင်ပြီး ဖြုတ်ပေးရမှာပါ... ။
 


 
 
ပထမ ဆုံး အနေနဲ့ ဒီ aswClear.exe  လေးကို ဒေါင်းယူပြီး ပြန်ရှာလို့ လွယ်ကူစေမဲ့ နေရာ ဥပမာ Desktop မှာ Save
ထားလိုက်ပါ >> Avast Antivirus ကို ဖွင့်ပြီး self protection ကို disable ပေးလိုက်ပါ >>
 ကွန်ပြူတာကို
Restart ပေးပါ >> ဝင်းဒိုး ပြန်တတ်တတ်လာချင်း Safe Mode ကို ဝင်ဖို့  Keyboard က F8 ကို ဆက်တိုက် နှိပ်ပေးပါ.. နောက်ခံ ကာလာ အမည်းရောင် နဲ့
ပေါ်လာပြီဆိုရင် Safe Mode ကို Click လိုက်ပါ.... မိမိ ကွန်ပြူတာဟာ Safe Mode အနေအထားနဲ့ ကွန်ပြူတာရဲ့ 
ထောင့် လေး ထောင့် မှာ Safe Mode ဆိုတဲ့ စာလုံးလေး ခုပေါ်နေမှာပါ >> ပြီးရင် စောစောက ဒေါင်းထားတဲ့ aswClear.exe  ကို Double Click
နဲ့ Run လိုက်ပါ (Double Click နဲ့ Run လို့မရရင် အဲ့ဒီ Software လေးပေါ်မှာ Right Click >> Run Administrator နဲ့ Run ပေးပါ )>> မိမိ ကွန်ပြူတာမှာ ထည့်ထားတဲ့ Avast Antivirus အမျိုးစား ကို ရွေးပေးပြီး Uninstall ကို နှိပ်လိုက်ပါ >>သတိပေး စာတန်း တခုခု ပေါ်လာရင် YES ကို နှိပ်ပေးလိုက်ပါ >> ပြီးရင် မိမိ ကွန်ပြူတာကို
Restart ပေးလိုက်ပါ ....။


အပေါ်က Avast Software နဲ့ မဖြုတ်လဲ  Perfect Uninstaller ဆိုတဲ့ Software နဲ့လဲ အလွယ် တကူ ဖြုတ်လို့ ရတဲ့အကြောင်း ဒီနေရာလေး မှာ ရေးထားပါသေးတယ်...။
 
မှတ်ချက်။ ။ Avast Antivirus ကို ကျနော် မသုံးဖူးပါဘူး  ဒီနေရာ က ပို့စ် လေးကို နည်းနည်း ဖြည့်စွက်ပြီး မိမိ နားလည်သလို ဘာသာပြန်ပေးလိုက်တာဖြစ်လို့ လိုအပ်တာများရှိခဲ့ရင် နားလည်ပေးစေချင်ပါတယ်.. .....:)

အားလုံး အဆင်ပြေ ပျော်ရွှင်ကြပါစေ...။

www.winkabarkyaw.co.cc

3 comments:

ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ဒီထက်မကနည်းပညာတွေ ဖြန်.ဝေနိုင်ပါစေဗျာ။

AVG အတွက်လည်းလိုချင်ပါတယ်ခင်ဗျာinternet update လုပ်တာပြန်ဖြုတ်လို့မရတော့လို့ပါ

http://www.winkabarkyaw.co.cc/2012/04/perfect-uninstaller-v6339.html နဲ့ ဖြုတ်လို့ရပါတယ်ခင်မျာ....:)

Post a Comment