Windows 7 Once Click So Genuine နှင့် ကျနော် နဲ့ ( This copy of window is not genuine ) ပြဿနာ



အင်တာနက်ထဲမှာ အလကားရတဲ့ Window 7 အမျိုးမျိုး တွေကို.. ဒေါင်းယူ... ပြီးတော့ Genuine license တွေ အဆုံးခံပြီး Window ပြန်တင်ကြ ကလိကြ စမ်းနေကြတာ... ကျနော်အပါဝင်ပါပဲ...:D 
Window လေးပြန်တင် ပြီးတော့ Restart ပေး Window လေးပြန်တတ်လာတော့....... ဟိုက်...သွားပြီ..
နောက်ခံ အမည်းရောင်ကြီးနဲ့  This copy of window is not genuine တဲ့ ... တတ်သလောက် မှတ်သလောက် လေးနဲ့ ဟို Loader သုံး ဒီ Activator Run နဲ့ လွယ်လွယ်နဲ့ အဆင်ပြေသွားသူတွေလဲ ရှိပါတယ် ..။ ကျနော့ လက်တွေ့ပါ အရင်တစ်ခေါက်တုံးက Window တင်တာ Loader လေးတစ်ခု နဲ့ အလွယ်လေးပဲ Window Activated ဖြစ်သွားခဲ့ဖူးပါတယ် ဒါ့ကြောင့် ဒီတစ်ခါ လက်ရဲ ဇက်ရဲ နဲ့ပဲ Window ကို ပြန်တင်ကြည့်လိုက်ပါတယ် အောင်ပြီ အောင်ပြီ လို့ ကြွေးကြော်သံ သုံးကြိမ် မပြည့်ခင်မှာဘဲ နောက်ခံ အမည်းရောင်ကြီးနဲ့ This copy of window is not genuine ဆိုတဲ့

 
စာတမ်းလေးရယ် သော့ လေး နှစ်ချောင်း နဲ့ Activate Key ရှိရင် ထည့်ပေးပါ တဲ့ မရှိရင် Key တွေကို ဝယ်ထည့်ပေးပါဆိုပြီး ကွန်ပြူတာလေးဖွင့်လိုက်တိုင်း  ဇွတ်အတင်း ထည့်ခိုင်းနေတော့တာပါပဲ.....
ဟားးးးးဟားးးးးးဟားးးးးး  ဘာရမလဲ Microsoft  ရာ မှတ်ကရောကွာ ဆိုပြီး ရှိသမျှ Window Loader တွေ Activator တွေ ထုတ်သုံးပေးလိုက်တာပေါ့....ဒါပေမဲ့ အချည်းနှီးပါပဲ နောက်ခံ အမည်းရောင်ကြီး နဲ့ This copy of window is not genuine ဆိုတဲ့ စာတမ်း ပျောက်သွားတာက လွဲ လို့ Window က Genuine ဖြစ်မလာပါဘူး....ဒီလိုနဲ့ အင်တာနက် ကို အားကိုး ..အချိန်ကို ရင်းနှီး...Google ကို အကူညီ တောင်းပြီး အင်တာနက် မျက်မည်းကြီးထဲမှာ တစ်တောင်တတ် တစ်တောင်ဆင်း ပင်ပင် ပန်းပန်းနဲ့ Window Genuine ဖြစ်ဖို့ အရေး အအိပ်ပျက် အစားပျက်ခံပြီး  ကြိုးစားလိုက်တာ နောက်ဆုံး Microsoft က ကျနော့ကို အရှုံးပေးပြီး Window ကို Genuine ဖြစ်ခွင့်ပေးလိုက်ရပါတော့တယ်...;D
 စောစော က ကျန်နေတဲ့ အောင်ပြီ ဆိုတဲ့ စကားတစ်ခွန်းကိုလဲ စိတ်ချ လက်ချ ကြွေးကြော်လိုက်နိုင်ပါပြီ...။ 

ခုလို ကျနော့ Window လေးကို Genuine ဖြစ်စေဖို့အရေးမှာ ပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ RemoveWAT 2.2.5    နဲ့   Window Loader 1.6
တို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း အားလုံးကိုယ်စား ပြောကြားလိုက်ပါတယ် ခင်များး....:D


 



 ဒီပို့စ် ရဲ့ အဓိက ရည်ရွယ်ချက်က Window 7 Once Click So Genuine  ဆိုတဲ့  Window Activator  လေးတစ်ခု နဲ့ မိတ်ဆက်ပေးဖို့ပါ ... ဒါပေမဲ့ ဒီပို့စ်လေး ရေးနေချိန်မှာဘဲ သူငယ်ချင်း တစ်ယောက်က သူ့ Window လည်း This copy of window is not genuine ဖြစ်နေလို့ ဘယ်လိုလုပ်ရမလဲ ဆိုပြီးမေးနေတာနဲ့ ကိုယ့် အတွေ့အကြုံ လေးတွေကို တွေးမိပြီး လမ်းချော်သွားတာပါ...။  တကယ်လို့ အပေါ်က ဆော့ဝဲလ် လေးတွေနဲ့ အဆင်မပြေခဲ့ရင် ဒီ Chew-WGA v0.9 လေးကို စမ်းသုံးကြည့်ကြဖို့ ပြောချင်တာပါ...ဟီးးးးးး အားလုံးပဲ Window  အမှန်အကန်လေးတွေနဲ့ 
 လန်းနိုင်ကြပါစေဗျားးး။ အဆင်ပြေခဲ့ကြရင်လည်း Comment လေးတွေ ရေးပေးခဲ့ကြပါဦး နောက်လူတွေ အဆင်ပြေဖို့ပါ..။
(ဒီ ပို့စ် လေးက လုံးဝ မသိသေး တဲ့ သူငယ်ချင်းများကို တဖတ် တလမ်း မှ အထောက် အကူ ဖြစ်စေရန် အလို့ငှါ ရည်ရွယ် ရေးသားလိုက်တာပါခင်မျာ)

 Download Windows 7 Once Click So Genuine

  ဝင်းကမ္ဘာကျော်(နည်းပညာမှတ်တမ်း)

3 comments:

အစ်ကိုရယ်သူငယ်ချင်း တစ်ယောက်ရဲ့  ၀င်းဒိုး XP မှာ your window is victim ဖြစ်နေတယ်။ အဲဒါ ဘယ်လို လုပ်ရမလဲ ။ တစ်ချက်လောက်ကူညီပါအုံး။ နောက်ပြီး ကျွှန်တော် ကွန်ပြူတာ ကwindow vista ပါ ။ ဘာ anti-virus မှ install လုပ်လို့  မရဘူး။ အရင် က norton 360 ကို forum ကနေ ဒေါင်းပြီး အင်စထောလုပ်ဖူးတယ်။ ၂ ပတ် ၃ပတ် လောက် ကြာတော့ နော်တန် က အလုပ် မလုပ်တော့ ဘူး။ အဲဒါနဲ့  uninstall လုပ်ပြီး kaspersky ကို အွန်လိုင်း ကနေ ဖရီး ၆ လ နဲ့  ကိုဒေါင်းပြီး အင်စထော လုပ်လိုက်တယ်။ မကြာပါဘူး kaspersky လည်း အလုပ်မလုပ်ပြန်တော့ဘူး။ နောက်တော့  အင်တာနက်လည်း လုံးဝသုံးလို့ မ၇တော့ဘူး။ အဲဒါနဲ့  ကျွှန် တော့ ကွန်ပြူတာ ကို ၀င်းဒိုး ၇ တင်လိုက်တယ်။ အခု အင်တာနက် တော့ သုံးလို့ ရနေပြီ။ ဒါပေမဲ့  anti-virus က လုံးဝ အင်စထော လုပ်လို့  မရတော့ဘူး။ အဲဒါ တစ်ချက်လောက်ကူညီပါအုံး။ ကျေးဇူး တင်လျက် လာဝူ

အကိုရေ ကျေးဇူးအများကြိးတင်ပါတယ် ဟိုတလောသူငယ်ချင်းတစ်ယောက်ကို အကို့ဆိုဒ်ထဲကWindow Lader2.1.5နဲလုပ်ပေးလိုက်တာအဆင်ပြေလို့ ကျွန်တော်စက်လည်း အခုသူလိုဖြစ်သွားလို့ ထပ်ဒေါင်းပြီလုပ်တာ ဒေါင်းမရတော့လို့ Chew-WGA V0.9ကို ဒေါင်းယူပြီးလုပ်လိုက်တာ အဆင်ပြေသွားပါတယ်ခင်ဗျာ

ကျေးဇူးတင်ပါတယ် အစဉ်ပြေပါတယ်

Post a Comment