ဒီပြဿနာလေးကတော့ Window 7 x32bit မှာ ဖြစ်ခဲပါတယ်... x64bit မှာဆိုရင်တော့ဖြစ်တတ်ပါတယ်...
.. ဒါပေမဲ့ ဒီနေ့ သူငယ်ချင်း တစ်ယောက်က Zawgyi font လဲ ထည့်ပြီးပြီတဲ့ မြန်မာစာတွေ ဖတ်လို့ရပြီး
ရေးလို့မရလို့ပါ Window 7 x32bit မှာပါတဲ့ ကူညီပါဦး ...တဲ့.. ကျနော့ အတွေ့အကြုံအရ ဆိုရင်တော့
Zawgyi Font /Zawgyi Keyboard က Window 7 x32bit အတွက်ဆိုရင် Click နှစ်ချက် သုံးချက်လောက် နှိပ်ပေးရုံနဲ့တင်အဆင်ပြေသွားပါတယ်... x64bit အတွက်သာ နည်းနည်းခတ်တာပါ ဒါ့ကြောင့် ဖြစ်ခဲတယ်လို့ပြောရတာပါ..:)
အရင်ဆုံး မိမိတို့ ကွန်ပြူတာ အတွက် Zawgyi Font နဲ့ Keyboard ကို အောက်က Link တွေကတဆင့် အရင်ဆုံး ဒေါင်းယူပါ..။
Zawgyi Font x32bit အတွက် ဒီမှာ ဒေါင်းယူပါ
Zawgyi Font x64bit အတွက် ဒီမှာ ဒေါင်းယူပါ ..။
ပထမ Link ဖြစ်တဲ့ Zawgyi Font x32bit ထဲမှာ 64bit အတွက်ရော တစ်ခါထဲ ထည့်ပေးထားပါတယ် ... Window 32bit အတွက်ဆိုရင် Rar ဖိုင်လ်ထဲမှာပါတဲ့ Zawgyi Font For 32bit.EXE ကို Double Click နဲ့ Install လုပ်ပေးလိုက်ရင် ရေး/ဖတ် လို့ရသွားပါပြီ... Window 64bit အတွက်ဆိုရင်တော့ Zawgyi Font For 32bit.EXE ကို စောစောကအတိုင်း Install လုပ်ပါ .. ပြီးရင် Zawgyi Font For 64bit ဖိုလ်ဒါကို ဖွင့်ပါ .... အထဲက 64bit အတွက် Double Click နဲ့ Run ပေးလိုက်ပါ.exe ဆိုတဲ့ exe ဖိုင်လ်လေးကို Double Click နဲ့ Run ပေးလိုက်ရင် ရေး/ဖတ် လို့ရသွားမှာပါ ... တကယ်လို့ ရေး/ဖတ် မရသေးဘူးဆိုရင် စက်ကို Restart ချပေးလိုက်ပါ...။
နောက်ဖြစ်တတ်တဲ့ Zawgyi ပြဿနာတွေကိုတော့ အောက်မှာ ဆက်ဖတ်ပေးပါ...။
ကဲ Zawgyi Font လည်းရှိတယ် မြန်မာစာတွေလည်း ဖတ်လို့ရနေပြီးတော့ ရေးလို့မရဘူးဆိုရင်ဒီအတိုင်းသာလုပ်ပေးလိုက်ပါ.... .အဆင်ပြေသွားပါလိမ့်မယ်.. ပုံလေးတွေနဲ့နားလည်လွယ်အောင်တင်ပေးလိုက်ပါတယ်နော်.. .:)

Start > Control Panel ကိုသွားလိုက်ပါ..
ကျန်တာလေးတွေကိုတော့ ပုံလေးတွေအတိုင်းသာ ဆက်လုပ်သွားလိုက်ပါ..။
ပုံမှာပြထားသလို English (United States) - US ကိုရွေးပေးပါ ရွေးပြီးသားဆိုရင် ဒီအဆင့်ကို ကျော်လိုက်ပါ ။ Add ကို ဆက်နှိပ်ပါ...
စောစောက ရွေးထာတဲ့ English (United States) ကို ရှာလိုက်ပါ တွေ့ရင် English (United States) ကို Click နှစ်ချက်နှိပ်ပါ... ပြီးရင် အောက်နားက ကပ်လျှက် Alpha Zawgyi Myanmar Unicode 2008 ရဲ့ရှေ့ကအကွက်လေးမှာ Click တစ်ချက်နှိပ်ပြီး အမှန်ခြစ်လေးတပ်ပေးပြီး OK ကိုနှိပ်လိုက်ပါ..
အပေါ်ကပုံလေးလို အစိမ်းရောင်နဲ့ ပြထားတဲ့ Alpha Zawgyi Myanmar Unicode 2008 လေးရောက်လာရင် Apply > OK ပေးပြီး ဖွင့်ထားတဲ့ Box တွေအားလုံးပိတ်လိုက်ပါတော့ ... ကွန်ပြူတာရဲ့ Taskbar ကညာဘက်ထောင့်နားလေးမှာ .....
အဲ့ဒီလို Keyboard ပုံလေးပေါ်လာပြီဆိုရင် .... ကွန်ပြူတာ Keyboard ပေါ်က Ctrl + Shift ကိုတပြိုင်ထဲနှိပ်ပြီး မြန်မာလိုနဲ့ + အင်္ဂလိပ်လို ကို တမျိုးစီပြောင်းပြီး ရေးလို့ရနိုင်ပါပြီခင်မျာ .... ။
တချို့ Website တွေမှာ Myanmar 3 Unicode နဲ့ရေးထားလို့ ဖတ်မရဖြစ်နေရင်တော့ ဒါလေးကို ဒေါင်းယူပြီး
Install ကိုနှိပ်ပေးလိုက်ပါ...။
နောက်တစ်ခုက New User တိုင်းအဖြစ်များတတ်တဲ့ Gtalk မှာ မြန်မာလိုရိုက်လို့ ရေးလို့ရပြီး Enter ခေါက်လိုက်မှ လေးထောင့်တုံးတွေ ဖြစ်သွားတတ်တဲ့ ပြဿနာ, Folder တွေမှာ (Desktop ပေါ်မှာ) မြန်မာလိုရေးထားတာတွေဟာ လေးထောင့်တုံးတွေ ဖြစ်သွားတဲ့ ပြဿနာဖြေရှင်းနည်းလေးတွေ
ကိုတော့ကိုတော့ ဒီနေရာမှာ နဲ့ ဒီနေရာမှာ လေ့လာနိုင်ပါတယ်....။
အားလုံးအဆင်ပြေကြပါစေ....
ဝင်းကမ္ဘာကျော်
www.winkabarkyaw.net
အားလုံးအဆင်ပြေကြပါစေ....
ဝင်းကမ္ဘာကျော်
www.winkabarkyaw.net
46 comments:
win 7 64bit မှာ zawgyi font ထည့် နည်းလေးမျှော်နေပါ့ မယ် 64bit သုံးတဲ့ သူငယ်ချင်းတွေ ထည့် ပေးတာ ရတဲ့ အခါရ မရတဲ့ ခါမရနဲ့ ဖြစ်နေတယ် ကိုကျေးဇူးကမ္ဘာရေ အစီစဉ်မကျဘူးဖြစ်နေတယ်ဗျာ
thank u, ၀င်းကမ္ဘာကျော်
I want all my friend know about that.
thank u, ၀င်းကမ္ဘာကျော်
ကိုဝင်းကမ္ဘာကျော်ရေ ကျွန်တော်စက်ကwindow 7ပါ messenger တစ်မျိုးပဲမြန်မာလိုမရပဲဖြစ်နေလို့ အတုံးတွေပဲပေါ်နေတယ် ဘယ်လိုလုပ်ရမလဲကူညီပါအုံး...
Hello Ko Win Kabar Kyaw,
Installed Zawgyi font already but only can be read & couldn't write. I have tried the same steps as above, however, keyboard was not shown. Please advise how shall move forward ? BTW, I also using window 7. Look forward to your advice. Much Thanks.
Reinstall Zawgyi font . Hear u can Download >>> http://i.minus.com/1345844202/i93ZM9PncOTZJtTEiquQHA/dEvthoDi6dzkB/Zawgyi%20Font%20&%20keyboard%20For%2032bit%20&%2064bit%20=(%E1%80%9D%E1%80%84%E1%80%B9%E1%80%B8%E1%80%80%E1%80%99%E1%80%AC%E1%81%BB%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9%20%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%95%E1%80%8A%E1%80%AC%E1%80%99%E1%80%BD%E1%80%90%E1%80%B9%E1%80%90%E1%80%99%E1%80%B9%E1%80%B8)=.rar
thanks very much bro....
ကျေးဇူး အထူးတင်ပါတယ် ကို ဝင်း ရေ။ ကျန်းမာပါစေ အစစအရာရာ အဆင်ပြေပါစေ။
thank you very much Ko Win
ိုအရမ်းကိုကျေးဇူးတင်ပါတယ် အခုကျွန့ ကွန်ပြူတာမှာ ဇော်ဂျီဖောင့်သုံးလို့ ရပြီ။ ပန်းတိုင်ရှိသလို အောင်မြင်ပါစေ။
တစ်ခုလောက် မေးပါရစေ...Page Maker မှာ Win Innwa..Win Reseacher တို့နဲံ့ စာရိုက်ထားရင် နောက်နေ့ ပြန်ဖွင့်ပြီး ရိုက်တော့ Win Innwa စတဲ့ ဖောင့်တွေ ပျောက်ကုန်တယ်..Character Map ထဲမှာတော့ ရှိနေတယ်...စက်က ဗိုင်းရပ်ကြောင့်လား ဘာ့ကြောင့်လဲ ကူညီပါဦးနော်..
ကိုဝင်း ရေ ဇော်ဂျီ ဖောင့် window 7 64bit အတွက် ပြန်တင်ပေးပါဦး ဗျ့
ဇော်ဂျီ ဖောင့် window 7 32bit ရော 64bit အတွက်ပါ ပြန်တင်ပေးလိုက်ပါပြီ အဆင်ပြေကြပါစေ....:)
ကျွန်တော် လည်း အ ပေါ်ကlahupae@gmail.com နဲ့ အတူတူပါပဲ.. ကျေူးဇူးပြုပြီးကူညီပေးပါဗျာ အားကိုးပါတယ် { Window Vista ပါ)
Thanks we are looking forward to seeing more new techniques.
Thank u bro.
thanks
thankyou
ဒီတိုင်ပဲလုပ်တာအကိုရေ keybod မပေါ်လာဘူးzawgyi ပဲပေါ်လာတယ်အကိုရေကူညီပါအုပ်
ကျေးဇူးပါ......အခု အဆင်ပြေသွားပါပြီ
I did that way you tell. But I didn't get it. So my head is very drying. Please help me,brother. Thanks for your kindness.
I did that way you tell. But I didn't get it. So my head is very drying. Please help me , Brother. Thanks for your kindness.
ကိုဝင်း ရေကူညီပါအုံး ကျနော့်မှာ အင်္ဂလိပ် စာရေးရဖို့အတွက်(shift+ctrl)ကို ၃ခေါက်ဖိနေရတယ် မြန်မာစာဆိုရင်တော့ ၁ ခေါက်ဖိလိုက်ရင်ရတယ် ဒုတိရတခေါက်ဖိလိုက်ရင်လည်း မြန်မာစာပဲ တတိယ တခေါက်ဖိပြီးမှပဲ အင်္ဂလိပ်စာကိုရေးလို့ရတယ်။တခါတလေ ပါတ်စဝါး တွေရိုက်ထည့်လိုက်လို့ရှိရင် မရနိုင်ဘူး စိတ်ညစ်ရတယ်ဗျာ ကူညီပေးပါ ကိုဝင်း။
အကိုရေ ကျေးဇူးပါ။ ဇော်ဂျီကီးဘုတ်ကို ရေးတာရေးမရလို ဖောင့်ပြန်တင်တော့လဲ အဆင်မပြေတာနဲ့ Window ပြန်တင်မယ်လုပ်ပြီးမှ အကိုပြောတာလေးနဲ့လုပ်ကြည့်တာအဆင်ပြောသွားတယ်။ ကျေးဇူးပါ။
အစ်ကိုရေ....ညီကတော့... အစ်ကိုပြောသလို အကုန်လုပ်လို့ ရတယ်.... Desktop ပေါ်မှာစာရိုက်ရင် အတုံးတွေပေါ်နေတုန်းပဲ....ကျန်တာနေရမှာတော့ မပေါ်ဘူး....folder ကို rename လုပ်တာတို့ မှာလေ....
ကျေးဇူးအများကြီး တင်ပါတယ် ဆရာ။
ကျွန်တော်ကတော့ မြင်ရပြီး ရိုက်မရဘူး ဖြစ်နေတာပါ.. 32 bit ကို အရင်သွင်းပြီးမှ 64 bit ကို ဆက်သွင်းလိုက်တာ လုံးဝ အိုခေသွားပါတယ်.. ကျေးဇူးအထူးတင်ပါတယ်ခင်ဗျား
thank u so mch for ur kindly support.
Thanks a lot...
thank bro
thnk bro
Thanks
ကျနော်ကတော့ရေး/ဖတ်လို့တော့ရတယ် ဆရာ။ ဒါပေမဲ့ ရေးတဲ့အခါမှာ စာလုံးတွေတမူမမှန်ဘူး
အထူးသဖြင့် ယပင်း (ျ ) နဲ့ (ြ ) မှာ အဖြစ်များတယ် ဆရာ။ဘယ်လိုလုပ်ရမလဲ ကူညီပေးပါဦး ဆရာ။
ဆရာကူညီပါဦးကျနော့်laptopကacer(E5.511.C8QG)ပါဘယ်ဟာကိုဒေါင်းပိီးဘယ်လိုလုပ်ရမလဲမသိလို့ပါ32 bitလား 64bitလားမသိလို့ပါ အခုမှကွန်ပျူတာစသုံးတာမို့လို့ပါ
ရသွားပါပြီ ကျေးဇူးအများကြီးတင်ပါတယ်နော် အကို
How to do in windows 10?
32bitအတွက်ဒေါင်းမြဘူးခဗျ Sorry, the file you requested is not available.လို့ပေါ်နေတယ်
My pc is myanmar unicode system and I can't read the other people's posts written in Myanmar font. What should I do? Plz help my problem.
ကျေးဇူးပဲ ဆရာ
window 8 yaw ya lar
Which font do you use for your blog? I am sorry I cannot read your post.I haved tried both zawgyi and unicode. Neither of them is convient for your blog. What is wrong? Bcoz of my device? What do you recommand?
Windows 8.1 မြန်မာ font ဘယ်လိုထည့်ရမလဲ ဆရာ
ဆရာပေတဲ့ font ကို ထည့်ပီပီ 0000ပဲပေါ်လာတယ်ဆရာ
Zawgyi Font , Zawgyi Keyboard ပြဿနာ (သို့) မြန်မာစာ ပြဿနာများဖြေရှင်းနည်း ~ ဝင်းကမ္ဘာကျော် >>>>> Download Now
>>>>> Download Full
Zawgyi Font , Zawgyi Keyboard ပြဿနာ (သို့) မြန်မာစာ ပြဿနာများဖြေရှင်းနည်း ~ ဝင်းကမ္ဘာကျော် >>>>> Download LINK
>>>>> Download Now
Zawgyi Font , Zawgyi Keyboard ပြဿနာ (သို့) မြန်မာစာ ပြဿနာများဖြေရှင်းနည်း ~ ဝင်းကမ္ဘာကျော် >>>>> Download Full
>>>>> Download LINK WL
Post a Comment