KMD နှင့် HTC တို့ သတင်းထုတ်ပြန်ချက်



သတင်းထုတ်ပြန်ချက်
KMD နှင့် HTC တို့ HTC SMARTPHONES များကို မြန်မာနိုင်ငံတွင် တရားဝင်စတင်ဖြန့်ချီရန်ကုန်၊ မြန်မာ – ဇန်န၀ါရီ ၁၄၊ ၂၀၁၃ – မြန်မာနိုင်ငံတွင် အိုင်တီနှင့် မိုဘိုင်းလ်ပစ္စည်းများ ဖြန့်ချိနေသည့် ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သော KMD Computer Group နှင့် မိုဘိုင်းလ်ဆန်းသစ်တီထွင်မှုနှင့် ဒီဇိုင်းတွင် ကမ္ဘာ့ဦးဆောင်ကော်ပိုရေးရှင်းကြီးတစ်ခုဖြစ်သော HTC Corporation (TWSE:2498) တို့က HTC Smart Phone များကို မြန်မာနိုင်ငံတွင် တရားဝင်ဖြန့်ချိမည့် သဘောတူလက်မှတ်ရေးထိုးကြောင်း ယနေ့ထုတ်ပြန် ကြေညာပါသည်။ HTC ၏ CEO ဖြစ်သူ Mr Peter Chou နှင့် KMD Computer Group ၏ President ဒေါ်တင်တင်အေးတို့ မြန်မာနိုင်ငံ၏ ပထမဆုံး HTC တရားဝင်အရောင်းဆိုင် စတင်ဖွင့်လှစ်သည့် အခမ်းအနားသို့ စာနယ်ဇင်းသမားများ၊ ဆက်သွယ်ရေးနှင့် mobile နယ်ပယ်မှ ဧည့်သည်တော်များ တက် ရောက်ခဲ့ကြပါသည်။
HTC Corporation ၏ CEO ဖြစ်သူ Mr. Peter Chou က “မြန်မာနိုင်ငံဟာ ကျွန်တော်ကြီးပြင်းခဲ့တဲ့နေ ရာ၊ နည်းပညာနဲ့ mobile နယ်ပယ်မှာကျွန်တော့်ရဲ့စိတ်ဆန္ဒ၀ါသနာတွေကို ဦးဆုံးပုံဖော်ချင်တဲ့ နေရာပါ။ မြန်မာပြည်ရဲ့ပြုပြင်ပြောင်းလဲမှုတွေ ကြီးထွားအောင်တည်ဆောက်တဲ့နေရာမှာ အကောင်းဆုံးမိုဘိုင်းလ် နည်းပညာတွေကို ဆောင်ကြဉ်းပေးလာဖို့ ကျွန်တော်ရည်မှန်းထားပါတယ်” ဟု ပြောကြားခဲ့ပါသည်။
“HTC ရဲ့ main partner အဖြစ်နဲ့ HTC smartphone တွေကို မြန်မာနိုင်ငံမှာ ဖြန့်ချိခွင့်ရတဲ့အတွက် ကျွန်မတို့အနေနဲ့ အရမ်းကိုစိတ်လှုပ်ရှားမိပါတယ်။ ကျွန်မတို့က smartphone တွေ သက်သက်ကိုပဲ ရောင်းနေတာမဟုတ်ပါဘူး။ မြန်မာလူထုကို အကျိုးဖြစ်ထွန်းစေမယ့် ဂေဟစနစ်နဲ့ ဖောက်သည်အခြေပြု ဖြေရှင်းဆောင်ရွက်မှုတွေကိုပါ ပံ့ပိုးဆောင်ရွက်ပေးနေတာပါ။ ကျွန်မတို့အနေနဲ့ HTC service center တွေဖွင့်လှစ်မှုအပါဝင် ဖောက်သည်ဝန်ဆောင်မှုလုပ်ငန်းမှာ ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားပါတယ်။ အဲဒါကြောင့်လည်း ဖောက်သည်တွေအနေနဲ့ ပိုမိုကောင်းမွန်တဲ့အတွေ့ အကြုံအသစ်တွေ ခံစားရရှိလာမှာပါ ” ဟု KMD Computer Group ၏ President ဖြစ်သူ ဒေါ်တင်တင်အေးက ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးတွင် ဆန်းသစ်တီထွင်မှုရှိသော၊ တိုးတက်သော Infrastructure အခြေခံနှင့် နည်းပညာတို့သည် အဓိကအရေးပါသော အခန်းကဏ္ဍတွင်ပါဝင်နေပါသည်။ ဤနည်းပညာများက မြန်မာပြည်သူပြည်သားများအား စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေး အခြေခံများ တည်ဆောက်ရာတွင် ဆက်သွယ်ဆောင်ရွက်မှုများ လွယ်ကူစေရန် ၊ အထောက်အကူပေးနိုင်ပြီး ကမ္ဘာတစ်လွှားမှ လတ်တလောဖြစ်ရပ်များ၊ သတင်းအချက်အလက်များ၊ ပုံရိပ်များ၊ ဗီဒီယိုများနှင့် စီးပွားရေးလုပ်ငန်းများဆိုင်ရာ အချက်အလက်များကို အမြန်ဆန်ဆုံးရရှိရန် ဆောင်ရွက်ပေးပါလိမ့်မည်။
သတင်းထုတ်ပြန်ချက်
“မြန်မာနိုင်ငံအတွက် အခွင့်အလမ်းတွေအများကြီး ပွင့်လာပါပြီ၊ မြန်မာပြည်သူပြည်သားတွေအနေနဲ့ မိမိတို့ အစွမ်းအစကို အပြည့်ဝဆုံးဖော်ထုတ်ပြဖို့ ဒီ့ထက်ကောင်းတဲ့အချိန်မရှိတော့ပါဘူး။ မြန်မာနိုင်ငံရဲ့ အနာဂတ် အတွက်ဆက်သွယ်မှုနည်းပညာအရည်အသွေးတွေ တိုးတက်လာအောင် အကူအညီပေးဖို့အခွင့်အရေး ရခဲ့တဲ့အတွက်အလွန်ကျေနပ်မိပါတယ်” ဟု HTC Company ၏ CEO Peter Chou ကပြောကြားခဲ့ ပါသည်။
သဘောတူညီချက်အရ မြန်မာနိုင်ငံအတွက် အထူးသီးသန့် ဖန်တီးတီထွင်ထားသော နောက်ဆုံးပေါ် HTC Smart Phones များ ပြသရောင်းချမည့် store ဆိုင်များကို ရန်ကုန်၊ မန္တလေးအပါအ၀င် မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများတွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။ HTC Butterfly, HTC One X+, HTC One X, HTC Desire X, HTC Desire VC နှင့် HTC Desire C- အပါအ၀င် HTC မှ ဆန်းသစ်တီထွင်ထားသော smart phones များကို မြန်မာဝယ်ယူသုံးစွဲသူများအနေနှင့် ယနေ့ မှစ၍ တရားဝင်ဖြန့် ချိခွင့်ရှိသူ KMD နှင့် HTC store များတွင် ၀ယ်ယူနိုင်ပြီဖြစ်ပါသည်။ KMD သည် HTC ကိုယ်စားပြုservice center များကိုလည်း ဖွင့်လှစ်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် HTC accessories ပစ္စည်းများကိုလည်း တရားဝင်ဖြန့်ချိခွင့် သီးသန့် ရရှိထားပါသည်။
Peter ၏ဘ၀ပုံရိပ်နှင့် မြန်မာနိုင်ငံသားများအား mobile ဆက်သွယ်မှုနည်းပညာဖြင့် ကမ္ဘာ့ အခွင့်အလမ်းများ ရရှိစေလိုသော သူ၏ရည်မှန်းချက်တို့ ကို ဖြည့်ဆည်းနိုင်ရန်အတွက် KMD နှင့် HTC တို့ သည် ဆန်းသစ်တီထွင်သော ဈေးကွက်ဖော်ဆောင်မှုအစီအစဉ်ကို တိုးချဲ့ ဆောင်ရွက် ခဲ့ပါသည်။ ယင်းအစီအစဉ်တွင် မြန်မာနိုင်ငံတွင်ရိုက်ကူးထားသော ရုပ်သံကြော်ငြာနှင့် ၂၀၁၃ ဖေဖော်ဝါရီလမှ စတင်ထုတ်လွှင့်ပြသမည့် ဇာတ်လမ်းတိုတို့  ပါဝင်ပါသည်။
Mr Chou ၏ မြန်မာ့ဆက်သွယ်ရေးနည်းပညာကို တိုးတက်စေလိုသော ရည်မှန်းချက်နှင့်အညီ မြန်မာနိုင်ငံတွင်ရရှိနိုင်မည့် HTC smart phones များတွင် ယနေ့ မိတ်ဆက်ဖော်ပြထားသည့်အတိုင်း အတိုးတက်ဆုံး၊ တိကျမှုအရှိဆုံး မြန်မာဘာသာသုံး virtual keyboard များဖြင့် design ထွင်ထားသည်ကို မြင်တွေ့ ရမည်ဖြစ်သည်။ ပြည်တွင်းမိတ်ဖက် partner တစ်ဦးဖြစ် ပြီး မန္တလေးမြှိုတွင် အဓိကမိုဘိုင်းလ်ဖြန့်ဖြူးသူ စံမြန်မာက website, email, chat နှင့် text message များတွင် standard နှင့် non standard မြန်မာစာသားများ အလွယ်တကူ မြင်တွေ့ ဖတ်ရှုနိုင်အောင် ဆောင်ရွက်ပေးထားပါသည်။ Smart phone ပေါ်တွင် offline နှင့် online content များကို မြန်မာဘာသာသုံး၍ ရှာဖွေနိုင်သည့် ပထမဦးဆုံးသော အမျိုးအစားလည်း ဖြစ်ပါသည်။ ထို့ အပြင် မြန်မာသုံးစွဲသူများကို အခမဲ့ application ပေါင်း နှစ်သိန်းအထိသုံးစွဲခွင့်ပေးသော 1 Mobile Application Store ထည့်သွငိးထားသည့် HTC smart phone များကိုလည်း ရရှိနိုင်ပြီဖြစ်ပါသည်။
သတင်းထုတ်ပြန်ချက်
Mr. Chou က “ကျွန်တော့ရဲ့ ပြင်းပြတဲ့ဆန္ဒက မြန်မာဘာသာကိုအပြည့်အ၀ အသုံးပြုနိုင်စေမည့် smart phone တွေကို ဆန်းသစ်တီထွင်မှုကိုပြုလုပ်ပေးချင်တာပါ။ ဒါမှသာ မြန်မာလူမျိုးတွေ ဆက်သွယ်မှုပိုင်းမှာ ပိုပြီးအဆင်ပြေပြေ လွယ်လွယ်ကူကူ ဆက်သွယ်လာနိုင်ကြမှာပါ။ တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်မှုပိုင်းမှာသာမက မိတ်ဆွေတွေ၊ မိသားစုတွေနဲ့  ကမ္ဘာတစ်လွှားမှာရှိတဲ့ စီးပွားဖက်တွေနှင့် ဆက်သွယ်မှုကိုပါ တိုးတက်လာနိုင်စေမယ်လို့  ကျွန်တော်ယုံကြည်ပါတယ်” ဟု Mr. Chou ကဆိုပါသည်။
“HTC ကဲ့သို့ ကမ္ဘာကျော် smartphone ထဲ မှ မြန်မာ ဘာသာစကား ရရှိနိုင်အောင် လုပ်ဆောင် ပြီး တိုင်းပြည် အကျိုးသယ်ပိုး ရတဲ့အတွက် အလွန်ပင် ဂုဏ်ယူမိပါတယ်။ ဒါ ဟာဆို ရင် နိုင်ငံအတွက် နိုင်ငံ တကာ ဆက်သွယ်ရေး တွင် အဆင့်တန်း တစ်ခုကိုရောက်ရှိ စေတဲ့ ပထမခြေလှမ်းလည်းဖြစ် ပါတယ်” ဟု စံမြန်မာ ၏ Managing Director ဦးထွန်း မြင့် မှ ပြောကြားခဲ့ပါ သည်။ “မြန်မာနိုင်ငံတွင် smartphone များ တွင် တွင် ကျယ်ကျယ် အသုံးပြု လာမှာ ဖြစ်ပြီး မြန်မာပြည်သူတွေအနေ နဲ့ ဤ smartphone များအား စမ်းတပ် ခြင်း နှင့် အသုံး ပြု လာကြမှာဖြစ်တဲ့အတွက် ကျွန် တော် တို့ရဲ့ ကြိုးစား အားထုတ် မှုဟာတိုင်းပြည်ကိုအကျိုးပြုလာမှာ ဖြစ် ပါတယ်။”
ရရှိနိုင်မှုနှင့်ဈေးနှုန်းသတ်မှတ်ခြင်း
HTC Butterfly, HTC One X+, HTC Desire X, HTC Desire VC နှင့် HTC Desire C အမျိုးအစား smart phones များကို ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ HTC Concept Store များနှင့် KMD ၏ တရားဝင်ကိုယ်စားလှယ်များတွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်နေ့ ကစတင်ပြီး လည်းကောင်း၊ မန္တလေးမြို့ ရှိစံမြန်မာ၏ကိုယ်စားလှယ်များတွင်မူ ၂၁၀၃ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့ ကစတင်ပြီးလည်းကောင်း ၀ယ်ယူနိုင်ပြီဖြစ်သည်။ HTC One X အမျိုးအစား ကို ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ HTC Concept Store များနှင့် KMD ၏ တရားဝင်ကိုယ်စားလှယ်များတွင် လည်းကောင်း၊ မန္တလေးမြို့ ရှိစံမြန်မာ၏ကိုယ်စားလှယ်များတွင်မူ ၂၁၀၃ ခုနှစ် ဖေဖော်ဝါရီလ မှ စတင်ပြီးလည်းကောင်း ၀ယ်ယူနိုင်ပြီဖြစ်သည်။ မြန်မာဝယ်ယူသူများအနေနှင့် HTC product warranty ၁၈လ ရရှိပါမည်။

Smartphone ဈေးနှုန်းများ

HTC Butterfly ၅၉၀၀၀၀ ကျပ်
HTC One X+ ၅၂၉၀၀၀ ကျပ်
HTC One X ၄၀၅၀၀၀ ကျပ်
HTC Desire X ၂၄၆၀၀၀ ကျပ်
HTC Desire VC ၂၄၉၀၀၀ ကျပ်
HTC Desire C ၁၄၉၀၀၀ ကျပ်


HTC အကြောင်း

၁၉၉၇ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သော HTC Corporation သည် moblile devices များနှင့် နည်းပညာနယ်ပယ်တွင် ဆုတံဆိပ်ပေါင်းများစွာရရှိထားသော တီထွင်ဖန်တီးမှု Corporation တစ်ခုဖြစ်သည်။ ဆောင်ရွက်မှုမှန်သမျှတွင် လူသားများအား အလေးပေးခြင်းဖြင့် ကမ္ဘာတစ်လွှားရှိ
သတင်းထုတ်ပြန်ချက်
သုံးစွဲသူများအတွက် ဆန်းသစ်တီထွင်မှုနှင့် ပုဂ္ဂိုလ်ရေးအတွေ့အကြုံတို့ကို ဖန်တီးပေးစွမ်းနိုင်ရန် ဒီဇိုင်းနှင့်နည်းပညာအတားအဆီးများကို HTC ကတွန်းလှန်ခဲ့သည်။ HTC ၏ရင်းနှီးမြှပ်နှံမှုအစုစုတွင် သုံးစွဲသူများအတွက်အတွေ့ အကြုံများစွာတိုးပွားစေနိုင်သော multilayered graphical user interface သုံး HTC senseTM စနစ်ဖြင့်အားဖြည့်ထားသည့် smart phone များနှင့် tablet များပါဝင်ပါသည်။ HTC သည် Taiwan Stock Exchange(TWSE:2498) စာရင်းဝင် Corporation လည်းဖြစ်သည်။ အသေးစိတ်အချက်အလက်များသိရှိလိုပါက www.htc.com တွင်ကျေးဇူးပြု၍ ၀င်ရောက်လေ့လာ နိုင်ပါသည်။
KMD Computer Group အကြောင်း
KMD ကို ၁၉၈၆ ခုနှစ်တွင် Computer Training Centre အဖြစ် စတင်တည်ထောင်ခဲ့ပါသည်။ KMD အနေဖြင့် ၁၉၉၅ ခုနှစ် နှစ်ဝက်လောက်ကစပြီး မြန်မာနိုင်ငံရှိ နာမည်ကြီးအမှတ်တံဆိပ်များအပါအ၀င် ICT ဆက်စပ်ပစ္စည်းများကို ရောင်းချခြင်းနှင့် ၀န်ဆောင်မှုပေးခြင်းတို့ကို လုပ်ကိုင်လာခဲ့ပါသည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလကစတင်ပြီး KMD Computer Group ၌ အရည်အချင်းပြည့်ဝပြီး အလုပ်ကြိုးစားသော ၀န်ထမ်း ၉၀၇ ယောက်ကျော် လုပ်ကိုင်လျက်ရှိပါသည်။
KMD Computer Group ကို အောက်ဖော်ပြပါလုပ်ငန်းများဖြင့် ဖွဲ့စည်းထားပါသည်။
၁။ ၁၉၈၆ ခုနှစ်တွင် တည်ထောင်ခဲ့သည် KMD Education Services တွင် နိုင်ငံတကာဒီပလိုမာနှင့် Bachelor Degree သင်တန်းများ၊ အချိန်တိုလက်တွေ့အသုံးချသင်တန်းများ၊ စီပွားရေးနှင့် စီမံခန့်ခွဲမှု သင်တန်းများကို သင်ကြားပေးလျက်ရှိပါသည်။
၂။ KMD Sales & Service ကို ၁၉၉၅ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး KMD Computer System များအပြင် နိုင်ငံတကာအမှတ်တံဆိပ် PC များ၊ Notebook များ၊ Servers & Computer Peripherals များကို လက်လီရောင်းချပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် လက်ခွဲ KMD Sales & Service Centre စုစုပေါင်း ခြောက်ခုရှိပါသည်။
၃။ DCD (Direct Channel Distribution)ကို ၁၉၉၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး စီးပွားဖက်လုပ်ငန်း ၆၀ ကျော်မှတဆင့် ICT ထုတ်ကုန်များကို ဖြန့်ဖြူးလျက်ရှိပါသည်။
၎။ MRS(Maintenance and Rental Services) ကို ၁၉၉၈ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး PC ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း၊ Network Configuration & Cabling ဆိုင်ရာအကြံပေးလုပ်ငန်းနှင့်
သတင်းထုတ်ပြန်ချက်
စီပွားရေးလုပ်ငန်းများအတွက် ICT ကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်ပေးရေးလုပ်ငန်းများကို လုပ်ကိုင် လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် MRS လက်ခွဲ Centre နှစ်ခုရှိပါသည်။
အသေးစိတ်အချက်အလက်များသိရှိလိုပါက www.kmd.com.sg တွင် ကျေးဇူးပြု၍ ၀င်ရောက်လေ့လာ နိုင်ပါသည်။
စံမြန်မာ အကြောင်း
စံမြန်မာအား ၂၀၀၄ ခုနှစ်တွင် တည်ထောင်ခဲ့ ပြီး နိုင်ငံတကာ၏ ဆက်သွယ်ရေး တွင် အဆင့်တန်း မီ စေရန်ဟူသော ရည်ရွယ်ချက် ဖြင့် မြန်မာစာဖြင့် အချက်လက် များစနစ်တကျ ဆောင် ရွက်နိုင် ရန် နှင့် တွက်ချက်နိုင်သော Myanmar Character Map အား ဖန်တီးခဲ့ ပြီး ၂၀၀၉ ခုနစ် တွင် www.sanmyanmar.com တွင် လူအများ download ပြုလုပ်နိုင်ရန် ဆောင်ရွက်ခဲ့ ပါသည်။ ထို့ နောက် မြန်မာနိုင်ငံ မှ CDMA နှင့် GSM ဖုန်းများတွင် မြန်မာစကားလုံးအသုံးပြု နိုင်သော software အား ဖန်တီးလာနိုင် ခဲ့သည်။ စံမြန်မာ အနေ ဖြင့် Android Myanmar language စနစ် နှင့် smart input လွယ်ကူရှင်းလင်းသောစာရိုက်နည်းစနစ်အား ၂၀၁၁ ခုနှစ် တွင် ဆက်လက်ဖန်တီးလာနိုင်ခဲ့ ပါသည်။ ၂၀၁၂ ခုနှစ် မှာတော့ HTC နှင့်ပူပေါင်း လုပ်ဆောင် ပြီး smartphones များတွင် မြန်မာ ဘာသာစကား ဖြင့် အသုံး ပြုနိုင်ရန် ဖန်တီး နိုင်ခဲ့ပါသည်။
### HTC and the HTC logo are the trademarks of HTC Corporation. All other names of companies and products mentioned herein may be trademarks of their respective owners.

သတင်းစုံစမ်းရန်

Teljya Oka‐Pregel
TODAY Ogilvy Public Relations Myanmar
+95 9 4211 55 718
teljya.oka‐pregel@ogilvy.com
Charlotte Tan
TODAY Ogilvy Public Relations, Myanmar
+95 9 4211 51 419
charlotte.tan@ogilvy.com

ကိုလတ်(ကျွဲဆင်း)

Credit to မူရင်းသတင်း


2 comments:

very very good news thank you so much brother

Post a Comment