လက်ရှိမိုဘိုင်း ဈေးကွက်တွင် ထိပ်ဆုံးအဆင့်၌ ရပ်တည်လျက် ရှိကြသည့် iOS နှင့် Android စက်လည်ပတ်မှု စနစ်များအား အကောင်းဆုံး စိန်ခေါ်နိုင်မည့် အမျိုးအစားဟု နိုင်ငံတကာမှ မိုဘိုင်း နည်းပညာရှင်များက ယုံကြည်နေကြသော Tizen စက်လည်ပတ်မှု စနစ် အသုံးပြုထားသည့် စမတ်ဖုန်း အမျိုးအစား သစ်များကို မကြာမီ ကာလအတွင်း Samsung အဖွဲ့အစည်းမှ မိတ်ဆက်ရောင်းချ ပေးသွား မည်ဖြစ်ကြောင်း သိရသည်။ နာမည်ကျော် ချစ်ပ် ကုမ္ပဏီ Intel နှင့်ပူးပေါင်း၍ ဖန်တီးခဲ့သော ၄င်းစက် လည်ပတ်မှုသည် Android စနစ်ကဲ့သို့ပင် အသုံးပြု သူများနှင့် ရင်းနှီးကျွမ်းဝင်မှု လွယ်ကူစေသည့် Interface ပိုင်းကို ပိုင်ဆိုင်ထားပြီး Application များကို ထည့်သွင်းအသုံးပြုရာ၌လည်း Android ပလတ်ဖောင်း အထောက်အပံ့ပေးသည့် Application အားလုံးနီးပါး အသုံးပြုနိုင်ရန် စီစဉ်ပေးသွားမည် ဖြစ်သည့်အတွက် ကမ္ဘာ့တတိယ လူသုံးအများဆုံး မိုဘိုင်းစက် လည်ပတ်မှု တစ်ခုဖြစ်လာနိုင်သည်။ တောင်ကိုရီးယား အခြေစိုက် Samsung ရုံးချုပ်မှ အကြီးအကဲတစ်ဦး ဖြစ်သူဆူဝမ်က "ဒီတစ်ခေါက် ထုတ်လုပ်ရောင်းချမယ့် စမတ်ဖုန်းတွေက အများကြီး စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ Android ပလတ်ဖောင်းမှာ အသစ် အဆန်းတွေကို အမြဲတမ်းလုပ်ပြနေ တာမှန်ပေမယ့် Tizen နဲ့ပတ်သက်ပြီး ပြိုင် ဆိုင်မှုပြင်းထန်လာမယ့် ၂၀၁၃ ခုနှစ်အ တွင်း စမတ်ဖုန်းထုတ်လုပ်မှုတွေက Samsung အတွက်စိန်ခေါ်မှုတွေ ပြည့်နှက်နေပါတယ်" ဟုပြောကြားခဲ့သည်။
0 comments:
Post a Comment