4shared နဲ့ Turbobit မှာဒေါင်းမယ့်လူများအတွက် Premium Account Generator


4shared နဲ့ Turbobit မှာဒေါင်းမယ့်လူများအတွက် Premium Account Generator များကို တင်ပေးလိုက်ပါတယ်.. ဒီဆိုဒ်နှစ်ခုက ဒေါင်းရတာသိပ်တော့ အလွယ်ကြီးမဟုတ်ခဲ့ပါဘူး.. Register လုပ်ခိုင်းတယ်.. ပြီးတော့ Login ၀င်ခိုင်းတယ်.. ဒါတောင်မှ Download Speed ကို သိပ်မပေးချင်ဘူး.. အခုတင်ပေးလိုက်တဲ့လင့်နှစ်ခုက Register လုပ်စရာ၊ Login ၀င်စရာမလိုပါဘူး.. Download Links တွေကို ကူးသွားပြီး ထည့်ရမယ့်အကွက်ထဲမှာထည့် Generate ကိုနှိပ်လိုက်ရုံပါပဲ.. သူ့ဟာသူ ဒေါင်းပါတယ်.. ကိုယ်က IDM မှာ Start Download လေးကို အေးအေးဆေးဆေးနှိပ်ပေးရုံပဲ..
မရှင်းသေးသူများအတွက် နည်းနည်းရှင်းပြချင်တယ်..
ကျွန်တော် တင်ပေးခဲ့တဲ့ Video နောက်ခံလှလှလေးတွေစုစည်းမှု ဆိုတဲ့ အပိုင်း (၃)၊ နဲ့ (၄)မှာ 4shared ကတင်ထားတာဗျာ.. ဖိုင်ဆိုဒ်ကြီးတော့ ကျွန်တော် ဒေါင်းပြီး ပြန်မတင်ပေးလိုက်ရဘူး.. မိတ်ဆွေများက 4shared မှာ မဒေါင်းတတ်တဲ့သူ အတော်များတယ်ဗျ.. Register မလုပ်တတ်ကြတာလည်း ပါမှာပေါ့..
ဒီတော့ အဲဒါလေးကို ဥပမာပေးပြီး ဒေါင်းကြည့်ရအောင်..
ကျွန်တော်တင်ပေးထားတဲ့ Video နောက်ခံလှလှလေးတွေစုစည်းမှု ဆိုတဲ့အထဲက အပိုင်း တစ်ခုခုကိုကြည့်.. Download ဆိုတာကိုနှိပ်.. တစ်ဆင့်ခံလင့်ကိုရောက် Skip AD ဆိုတာကိုနှိပ်ရင် 4shared ဒေါင်းလုပ်လင့်ကိုရောက်တယ်ဗျ.. အဲဒါကို ကော်ပီကူးလိုက်.. ပြီးရင် 4shared Premium Account Generator ဆိုတဲ့လင့်ကိုနှိပ်.. တစ်ဆင့်ခံလင့်မှာ Skip AD ဆိုတာကိုနှိပ်.. Generator ကိုရောက်ရင် Generate Link ဆိုတဲ့စာလေးရဲ့ဘေးက အကွက်လေးထဲမှာ ခုနက ကူးလာတဲ့ 4shared Download Link ကိုထည့်.. Generate Link ဆိုတာကိုနှိပ်လိုက်ရင် IDM က ဒေါင်းလုပ်လုပ်ပါတယ်.. Start Download ကိုနှိပ်ပေးရုံပါပဲ.. အောက်မှာ ပုံလေးနဲ့ပြထားတယ်..

အဲဒီလိုပဲ.. Turbobit ရဲ့ ဒေါင်းလုပ်လင့်တွေကိုလည်း Turbobit Link Generator မှာ Generate ဆိုတဲ့စာကိုလိုက်ရှာ.. သူနဲ့အနီးတစ်ဝိုက်မှာ လင့်ထည့်ဖို့ အကွက်ရှိတယ်.. အဲဒီမှာထည့် Generate ကိုနှိပ်.. ဒါဆိုရင် လွယ်လွယ်ကူကူဒေါင်းလို့ရပြီးနှော်..

အဆင်ပြေပါစေဗျာ...
ကျွန်တော်လည်း မနေ့က ဆိုဒ်ကိုသွားပြင်လိုက်တာ.. ပြင်ရင်းပြင်ရင်း ဘာပို့စ်မှ ကောင်းကောင်း မတင်ဖြစ်လောက်အောင်ကို ပြင်မဆုံးဖြစ်သွားတယ်..

မောင်ပေါက်

4shared Link Generator:

Turbobit Link Generator:

0 comments:

Post a Comment