Padamyar FM ရေဒီယို App For Android & iPhone


ဒါလေးကို Facebook မှာ ကို Win Htut က ကူညီပြီး Share ပေးပါဆိုလို့ အားလုံးအတွက် ပြန် Share ပေးလိုက်ပါတယ်....။

မင်္ဂလာပါခင်ဗျာ။
ကျွန်တော်တို့ Company က Mobile Application တွေရေးတဲ့ နည်းပညာ Company တစ်ခုပါ။ လက်ရှိ ပြည်တွင်းက ဂျာနယ်အချို့ကို Mobile Phone ပေါ်မှာ ဖတ်လို့ရအောင် Journal Application တွေ ထုတ်လုပ်ထားတာ ရှိပါတယ်။ The Voice, Hot News, Mizzima စတဲ့ ဂျာနယ် Application တွေ Bank Application အနေနဲ့ KBZ Bank Application၊ Movie Application အဖြစ် Mingalar Cinema Application၊ ကာတွန်းဂျာနယ်တစ်ခုဖြစ်တဲ့ Putet နဲ့ အခြားသော Application များကို iPhone နဲ့ Android Application များအဖြစ် ရေးသားထားပါတယ်။ နောက်ဆုံးအနေနဲ့ ထွက်ရှိထားတာကတော့ Padamyar FM ရဲ့ Mobile Application Beta Version ပါ။ Application တွေ အားလုံးဟာ အခမဲ့ Download ရယူနိုင်ပါတယ်ခင်ဗျာ။ နောက်ထပ်လဲ Application မြောက်မြားစွာ ထပ်ပြီးထွက်လာဖို့ ရှိပါတယ်။ 

Bagan Innovation Technology (BIT) ၏ မိတ်ဆွေသင်္ဂဟအပေါင်း မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ Bagan Innovation Technology မှ Mobile Application အသစ်တစ်ခု ထပ်မံထုတ်လုပ် လိုက်ပါတယ်။ ဤ Mobile Application သည် မြန်မာနိုင်ငံရှိ ပရိသတ်အများ နားထောင်နေကြသော FM တစ်ခုဖြစ်တဲ့ Padamyar FM ရေဒီယို အတွက်ရေးဆွဲထားခြင်းဖြစ်သည်။ ယခု ထုတ်လုပ်လိုက်သော Application သည် Beta Version ဖြစ်ပြီး Online Radio အဖြစ် iPhone နှင့် Android Phone များပေါ်တွင် နားထောင်နိုင်အောင် ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ ရေဒီယိုကို နားထောင်ဖို့တော့ အင်တာနက် ကွန်နက်ရှင်လိုအပ်မှာဖြစ်ပါတယ်။ Beta Version ဖြစ်တာကြောင့် နားထောင်သူ ပရိသတ်များအနေဖြင့် ဤ Application တွင် ပါဝင်စေလိုသော လုပ်ဆောင်ချက်များကို Comment ရေး၍ အကြံပေးနိုင်ပါတယ်ခင်ဗျာ။ ဤ Padamyar FM Application အား Install ပြုလုပ်လိုပါက http://www.bitmyanmar.com.mm/kanaung/  မှာ အခမဲ့Download ပြုလုပ်ပြီး Install လုပ်နိုင်ပါသည်။


1 comments:

စမ်းကြည့်လိုက်အုန်းမယ်။ကျေးဇူးပါခင်ဗျာ။

Post a Comment