" အမဲသား နှင့် အို... သခင် " ( အယူအဆကွဲပါလျှင် သီးခံပေးကြပါ )


Facebook က တွေ့လာတာလေးပါ...ကြိုက်လွန်းလို့ ပြန်လည်ဝေမျှပေးရခြင်းဖြစ်ပါတယ်ခင်မျာ...အယူအဆ
ကွဲပြားသူများ ရှိပါကလည်း သီးခံခွှင့်လွှတ်ပေးကြဖို့ကို အနူးအညွှန့်တောင်းပန်ပါတယ်ခင်မျာ..

=======================================================================

‎"အမဲသား နှင့် အို...သခင်"

အိုသခင် ငါ့နို့ရည်ကို သောက်..ငါ့ကို မိခင်အဖြစ် သဘောမထားနိုင်ဘူးလား......သခင်

အိုသခင် ငါ့ပင်ပင်ပန်းပန်း ရှာကြွေးတာကိုစားငါ့ကို ဖခင်အဖြစ်ရော သဘောမထားနိုင်ဘူးလား .....သခင်

အိုသခင် ဒိုးတူဘောင်ဘက် ငါတို့လုပ်ကိုင်ခဲ့ကြတာငါ့ကို လုပ်ဖော်ကိုင်ဖက် လိုရော သဘောမထားနိုင်ဘူးလား ....သခင်

အိုသခင် ဘီးတွေကို တပ် ငါတို့ခရီးအတူတူ ထွက်ခဲ့ကြတယ်ငါ့ကို ခရီးသွားဖော် အဖြစ်ရော သဘောမထားနိုင်ဘူးလား ...သခင်

အိုသခင် နှစ်ရှည်လများ တူသွားတူလာ နေလာခဲ့တာသူငယ်ချင်းအပေါင်းအသင်း ဖြစ်ရော သဘောမထားနိုင်ဘူးလား...သခင်

မထားနိုင်လည်းနေပါ ရရပါရဲ့...
ငါ .နေတက်လို့ ကျေနပ်ခဲ့ရပါရဲ့..သခင်

မကျေနပ်နိုင်တာက သခင်ထင်ပါရဲ့
ဒီလောက် ပေးစပ် နေလည်းကျေးဇူးမစပ်ဘဲ
မကျေမနပ် လောဘတက်တာက အသင် .......အို ..ငါ့သခင်လေ

ခုတော့ သခင်ရယ်.......သခင်လုပ်ရက် ရက်ရက်စက်ငါလဲအိုလှည့် အသုံးမတည့်သော်
သခင်အရှင်ကအရင်လို မကြင် မခင်ယုံတင် မကတင်ဘဲ

ဲငါ့အသက်ကိုသတ် ငါ့အသားကို စား ငါးအရိုးကို သောက်
ငါးအရေခွံကို နေပူလှန်း ပိုတာကို အကုန်ရောင်း
ငါ့တစ်ကိုယ်လုံး မစင်မကျန် သခင်တို့ကိုယ်ကျိုး အမြတ်ကျန်အောင် ဆောင်ကျဉ်းခဲ့ကြတယ်....အို သခင်ရယ်

ငါ့မှာလေ သခင် အတွက် ဘယ်လိုအချက်လေများ အပြစ်များဖွဲ့မိခဲ့လေသလဲ သခင်ရယ်

ငါ့ဘက်ကလေး တစ်ချက်ကလေး ငဲ့လို့တွေးလှည့်ပါ သခင်ရယ်............................
သခင့်အပေါ် ငါအပြစ်ကလေးများ တင်မိခဲ့ရင် ခွင့်လွှတ်ပေးပါ့ သခင်ရယ်

သခင်တို့လို အသိပညာညဏ်ကြီးမား သော လူသားတွေ မဟုတ်ပေလို့ ငါတွေးတက်သလိုလေးပဲ တွေးပြီး ငါ့ဘ၀ကို သခင်လက်မှာ
စတေးခဲ့ရပါတယ်ငါ့ချစ်ခဲ့တယ့် ငါ့ရဲ့သခင် .......အိုသခင်ရယ်.......

written by ..aaboy(Nay Myoo Aung Lan)
(18,3, 2010 )

4 comments:

ဟုတ်ပါရဲ့.....မှန်ပါရဲ့.....ဖတ်သွား...မှတ်သွားခဲ့ပါတယ်ဗျာ....
အဲလိုအဖြစ်ဆိုးတွေနဲ့...ဝေးထက်မကဝေးနိုင်ပါစေဗျ....
...ကရုဏာသက်မိတာအမှန်ပါပဲ.....
ဖတ်ခွင့်ရလို့လဲ ကျေးဇူးတင်ပါတယ်.....

မောင်လေးရေ ဖေ.ဘုတ်မှာ ပြန်ရှယ်ခွင်.ပြုပါနော်။

များများ ရှဲ ကြပါ ကျွန်တော်လဲရှဲလိုက်မယ်

ဆရာဝင်း ကျနော်ကလေးဘ၀ကတည်းက မိဘဆရာတွေရဲ့ဆုံးမမှု့ကြောင့် လုံးဝမစားခဲ့ပါ။အခုဆို အနံ့တောင် မခံနိုင်ဘူးဗျာ။ကျေးဇူးပါ။အယူအဆကွဲတာ မကွဲတာ အသာထား။ကိုယ်ချင်းစာကြည့်လိုက်ပါ။ကိုယ့်ကိုကိုယ့် လူပီသတယ် ထင်ရင် အဖြေထွက်လာပါလိမ့်မယ်။

Post a Comment