Laptop Battery များအကြောင်း



မြန်မာမိသားစု ဖိုရမ် မှ ကိုစံငြိမ်း ရဲ့ Hardware အခြေခံနှင့် ပြဿနာရပ်များ ဆန်းစစ် အဖြေရှာခြင်း ကို အားလုံးဗဟုသုတရစေဖို့ ပြန်လည်ကူးယူမျှဝေပေးလိုက်ပါတယ်..

Battery ထုတ်လုပ်တဲ့ကုမ္ပဏီများဟာ potable pc တွေအတွက် battery သုံးမျိုးကိုထုတ်လုပ်ခဲ့ ကြပါတယ်..battery အမျိုးအစားတစ်ခုချင်းစီမှာလည်း တစ်ခုနဲ့ တစ်ခုမ တူညီတဲ့ကွဲပြားမှုလေးတွေရှိနေပါတယ်..mobile pc တွေမှာအသုံးအများဆုံးဖြစ်ကြတဲ့ battery တွေကတော့ Nickel-Cadmium (Ni-Cd), Nickel-Metal Hydride (Ni-MH), and Lithium-Ion (Li-Ion) batteries တွေပဲဖြစ်ပါတယ်..

Nickel-Cadmium (Ni-Cd)

Nickel-Cadmium (Ni-Cd) ဆိုတာ mobile pc တွေမှာ ပထမဦးဆုံးအသုံးပြုခဲ့ ကြတဲ့ battery အမျိုးအစားတွေဖြစ်ပြီးတော့ နည်းပညာအားဖြင့်ဆိုရင် အနည်းငယ်ချို့ ယွင်းမှုလေးတွေရှိခဲ့ ပါတယ်..ဘယ်လိုလဲဆိုရင် battery memory problem ပါ memory problem ဆိုတာ battery ကိုအားမသွင်းခင် နဂိုသုံးထားတဲ့ လက်ကျန်ကို discharge လုပ်ပေးရတဲ့  problem ပါ.. AC adapter မတပ်ပဲ အသုံးပြုပါက 2 နာရီသာကြာမြင့်စွာ သုံးစွဲနိုင်ပါတယ်..


Ni-Cd battery

စောနကပြောတဲ့  memory problem ကိုဖြေရှင်းဖို့ အတွက် battery ကိုအားမသွင်းခင် အရင်သုံးထားတဲ့ battery ကို လုံးဝ discharge လုပ်ရပါတယ် (fully discharge )လို့ လဲခေါ်ပါတယ်.ဘာကြောင့်လို့  ဒီလို နဂိုသုံးပြီးသားအဟောင်းကို discharge လုပ်ရသလဲဆိုရင် recharge လုပ်လို့  overcharging လုပ်ခြင်းကို nical cd ကလက်မခံလို့ ပါ..overcharge ကြောင့် battery ပျက်စီးနိုင်ပါတယ်..နောက် ni-cad ဟာ recharge လုပ်တဲ့အကြိမ်အရေတွက် 1000 ကျော်လာရင် battery ဟာပူလာပါတယ် ဒါက toxic metal ကြောင့်ပါ…

Nickel-Metal Hydride

Nickel-Metal Hydride ကတော့ mobile pc တွေရဲ့ ဒုတိယမျိုးဆက်သစ်ပါ..ဒီနေ့ ထိတောင်အချို့ နေရာမှာ အသုံးပြုနေကြတဲ့  battery အမျိုးအစားတစ်ခုဖြစ်ပါတယ်.. အခြေခံအားဖြင့် တော့ Nickel-Cadmium (Ni-Cd) နဲ့ တူတူပါပဲ ဒါပေမဲ့  Nickel-Metal Hydride ကခေါင်းစားသက်သာစေတဲ့အချက်က memory problem ပဲဖြစ်ပါတယ်..overcharging tolerance မှာ ပိုမိုကောင်းမွန်အောင်ပြင်ဆင်ခဲ့ကြပါတယ်..recharging မှာပိုမိုကောင်းမွန်လာခဲ့ပါတယ်..recharging time ကပိုပြီးတော့ကြာရှည်တဲ့အတွက် battery life လည်း ပိုများလာပါတယ်..recharge လုပ်နိုင်တဲ့အကြိမ်အရေတွက်လည်းပိုမိုများပြားပါတယ်..



Nickel-Metal Hydride battery

Lithium-Ion

Lithium-Ion ကတော့ ဒီနေ့ အသုံးပြုနေကြတဲ့  laptop နဲ့  mobile တွေအတွက် အဆင်ပြေဆုံး standard battery တစ်ခုဖြစ်လာခဲ့တယ်..power full ဖြစ်ပြီးတော့ memory problem လဲမဖြစ်တာ့ပါ..battery life ကိုလည်းကြာရှည်စွာအသုံးပြုနိုင်ပါတယ်.. Lithium-Ion ဟာ လည်း overcharge လုပ်ရင် battery ပျက်စီးသွားနိုင်ပါတယ် သို့ ပေမဲ့ သူ့ မှာက overcharge မဖြစ်စေဖို့ အတွက် အားပြည့်သွားရင်အလိုအလျောက် power ကိုဖြတ်တောက်တဲ့  built in circuit ကိုထည့်သွင်းအသုံးပြုထားတဲ့ အတွက် user ကို safety ဖြစ်စေပါတယ်..laptop ကိုဝယ်ယူတဲ့အခါ battery ရဲ့ အများဆုံးခံနိုင်တဲ့ နာရီကို 3cells , 4cells, 6 cells စသဖြင့် ရေးထားတာကိုတွေ့ ရှိရမှာပါ..



Lithium-Ion battery

Caution !
Battery မှာ dangerous chermical တွေပါရှိတဲ့အတွက် battery မကောင်းတော့ဘူးဆိုရင် အမှိုက်ပုံးထဲသာ တန်းပြီးလွင့်ပစ်ရပါမယ်..

(ကိုစံငြိမ်း)




0 comments:

Post a Comment