တန်ဖိုးနည်းဖုန်းသတင်း
-CDMA 800 MHZ ဖုန်းကွန်ရက်မရှိသည့်နေရာများတွင် WCDMA 3G ဖုန်းများ ချထားပေးမည်။
-နောက်လများတွင် GSM 2.5 G၊ WCDMA 3G ဖုန်းများကိုလည်း ၁၅၀၀ ဖြင့် ချထားပေးမည်။
-ဖုန်းကတ်တွင် ငွေကျပ် ၃၀၀ ပါရှိမည်။ ငွေကျပ် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ်ထည့်သွင်းအသုံးပြုရမည်။ တစ်လလျှင် အနည်းဆုံး ၂၅၀၀ အသုံးပြုရမည်။
-ဖုန်းပြောဆိုခများမှ ရရှိသည့် ၀င်ငွေဖြင့် ကွန်ရက်နှင့် စက်ပစ္စည်းများ ထပ်မံ တပ်ဆင်သွားမည်။
-မှောင်ခိုဈေးကွက်ကာကွယ်ရန် ဖုန်းကတ်ကို ၀ယ်ယူပြီး ၁၅ ရက်အတွင်း အသုံးမပြုပါက ဖုန်းလိုင်းပိတ်မည်။
-ဖုန်းပြောဆိုခသည် ခေါ်ဆိုခ ၅၀ ကျပ်ဖြစ်ပြီး ဖုန်းအ၀င်ပေးရန် မလိုဟုသိရှိရသည်
အထက်ဖော်ပြပါ ဧရာဝတီသတင်းဌာန၏ ဖော်ပြချက်သည် မြန်မာ့ ရုပ်မြင်
သံကြားမှ ဖော်ပြသောအချက်အလက်များနှင့် အတူပင်ဖြစ်ပါကြောင်း ယခု
သတင်းသည် သတင်းအမှန်ပင်ဖြစ်ပါကြောင်း မိတ်ဆွေများ ၀မ်းမြောက်စေ
ရန်တင်ပြအပ်ပါသည်။

Ref : http://www.facebook.com/excellencemedia
နောက်ဆက်တွဲသတင်း
ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၏ တန်ဖိုးနည်းဖုန်း ရောင်းချမည့် အစီအစဉ် (အပြည့်အစုံဖော်ပြချက်)
၁။ ၂၀၁၃ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် စတင်ရောင်းချပါမည်။
၂။ရောင်းချမည့် ဈေးနှုန်းမှာ တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ကျပ် ကြိုတင်ထည့်သွင်းပြီး မိုဘိုင်းဖုန်း SIM CARD တစ်ခုအတွက် ၁၅၀၀ ကျပ်နှုန်းဖြစ်ပါသည်။လစဉ်မိုဘိုင်းဖုန်း ၃၅၀၀၀၀ ကိုပြည်နယ်နှင့်တိုင်းဒေ သကြီးများ သို့ခွဲဝေရောင်းချသွားမည်ဖြစ်ပါသည်။
၃။စတင်ရောင်းချသည့်မိုဘိုင်းဖုန်းအမျိုးအစားမှာ CDMA 800 MHz စနစ် မိုဘိုင်းဖုန်းများဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးသာမက နိုင်ငံရပ်ခြားသို့ပါ ဆက်သွယ်ပြောဆိုနိုင်မည်ဖြစ်ပါသည်။နောင်လများတွင် GSM(2.75 G) WCDMA(3G) မိုဘိုင်းဖုန်းများကို ဆက်လက်ရောင်းချသွားမည်ဖြစ်ပြီးရောင်း ချမည့်အစီအစဉ်ကို ထပ်မံကြေငြာပါမည်။
၎။ CDMA-800MHz စနစ်စက်ပစ္စည်းများတပ်ဆင်ထားခြင်းမရှိသေးသော ပြည်နယ်နှင့်တိုင်းဒေ
သကြီးများတွင် WCDMA 3G ဖုန်းများကိုနှုန်းထားတူ ၁၅၀၀ ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်ပါသည်။
၅။ ပြည်သူများသို့ သက်သာသောနှုန်းထားဖြင့်အမှန်တကယ်အသုံးပြုနိုင်ရန် ရည်ရွယ်၍ရောင်းချခြင်းဖြစ်ပါ သဖြင့်ဖုန်းကဒ်ဝယ်ယူထားသည့်နေ့မှစ၍ ၁၅ရက်အတွင်း တယ်လီဖုန်း SIMCard တွင် မူလထည့်သွင်းပေး ထားသည့် တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ ကျပ်မကုန်မီ တယ်လီဖုန်းသုံးစွဲသူသည် အနည်းဆုံး ၅၀၀၀ကျပ်တန် ကြိုတင်ငွေဖြည့်ကဒ်ဖြင့် ငွေဖြည့်သုံးစွဲရပါမည်။
ဖုန်းကဒ်အားအခြားသူတစ်ဦးဦးသို့ လက်ဆင့်ကမ်းရောင်းခြခြင်းမှ ကာကွယ်ရန် အတွက် ၁၅ရက်အတွင်းအသုံးပြုခြင်းမရှိပါက အဆိုပါဖုန်းကဒ်သည် အလိုအလျောက် လိုင်းပိတ်သိမ်းသွားမည်ဖြစ်ပါသည်။
၆။စက်တန်ဖိုး စက်တပ်ဆင်မှုတန်ဖိုး ကုန်ကျစရိတ်များကို တယ်လီဖုန်းပြောဆိုခများမှပြန်လည်စုစည်းကောက်ခံရမည်ဖြစ်ပါသဖြင့် တန်ဖိုးနည်းမိုဘိုင်းဖုန်းများကိုလစဉ် ကြိုတင်ငွေဖြည့်ကဒ်ဖြင့်ပြောဆိုခ ကျပ် ၂၅၀၀ အနည်းဆုံးသုံစွဲရန် သတ်မှတ်ထားပြီးဖြစ်ပါသည်။
နှစ်လပြည့်သော်လည်းကြိုတင်ငွေဖြည့်ကဒ်မှ ၅၀၀၀ကျပ်အပြည့်မသုံးစွဲပါက အလိုအလျောက်ကျပ် ၅၀၀၀ပြည့်သည်အထိဖြတ်တောက်သွားပါမည်။
တယ်လီဖုန်း SIM ကဒ်တွင်ဖြည့်သွင်းထားသော ငွေကုန်ဆုံးပြီးနောက် ၁၅ရက်အတွင်း ငွေထပ်မံဖြည့်သွင်းခြင်းမရှိပါက အဆိုပါဖုန်းကဒ်သည် အလိုအလျောက်လိုင်းပိတ်သိမ်းသွားမည်ဖြစ်ပါသည်။
၇။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်အတူအခြားလိုင်စင်ရ အော်ပရေတာများမှ နိုင်ငံတ၀ှမ်းလုံး၇ှိပြည်သူများ ဆက်သွယ်သုံးစွဲနိုင်ရန် လုံလောက်သော မိုဘိုင်းဖုန်းများကို တိုးချဲ့တပ်ဆင်ပြီးစီးပါက မည်သည့်ကန့်သတ်ချက်မျှ မရှိတော့ဘဲ လွတ်လပ်စွာရောင်းချသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
Ref : https://www.facebook.com/PlanetMyanmar/posts/10151370565889067
ဒါလေးတော့ ၁၅၀၀ တန် လိုင်းကဒ် ကို သရော်ထားတာလေးပါ.....
ကဲကဲကဲ........၁၅၀၀ထဲ ......၁၅၀၀ထဲ
ဖုန်းကတ်တွေ တစ်ကတ်မှ ၁၅၀၀ ထဲနော်.......
ဟုတ် ....ဟိုဘက်ကအစ်မကြီး ဝယ်သွားပါဦးလားဗျ
၅၀၀၀ဖိုးသုံးကတ် ၅၀၀ပြန်အမ်းမယ်။
နံပါတ်လှတာလေးတွေပါတယ်
ဗျာ.......၈ပူး လိုချင်တယ်ဟုတ်လား ရတယ်ခင်ဗျာ
၈ပူးတွေက ပေါမှပေါ။
အော်......ဟုတ်ကဲ့ အဘ ၉၆၉နဲ့ ဆုံးတဲ့နံပါတ်။ဟုတ် ရှိပါတယ်ခင်ဗျ။
ဟုတ်....ဟုတ်.......
ဟား.....ဟုတ်ကဲ့အစ်ကို ခဏစောင့်ပါခင်ဗျ။
ဒီနေ့ ချာတိတ်တွေ လာအဝယ်များလို့  ပစ္စည်းပြတ်သွားပါပြီခင်ဗျ။
ဂိုဒေါင်ထဲမှာ သွားယူလိုက်ပါဦးမယ်။
ကျွန်တော်တို့ လည်း ရောင်းရတာ လက်မလည်လို့ ပါခင်ဗျ။
ဘယ်နှကတ်ရောင်းရလဲ ဟုတ်လား။
အိုဗျာ.......ကျွန်တော်တို့ တော့ ပြည်တောင်းနဲ့ ခြင်ရောင်းနေရတာပဲ။
တစ်နေ့ တော့ ငါးပြည်လောက် အသာလေးကုန်တာရယ်။
ခဏစောင့်ပါခင်ဗျ။
ဟိုဘက်ဆိုင်ကို ဖုန်းဆက်ပြီး မေးပေးပါ့မယ်။
ဟလို...ဟလို
ကဂျစ်.......... ကဂျစ်
အေး .........အေး......ကြားလား
၁၅၀၀တန်ဖုန်းကတ်တွေ နှစ်ပြည်စာလောက်ပို့ လိုက်ပါဦး
အေး.....ဟလို....ဟလို
ကြားလား ငါပြန်ခေါ်လိုက်မယ်
တီ......တီ......
အေး........ကြားပြီလား
ဖုန်းကတ် နှစ်ပြည်သားလောက်
ကဂျစ် ....ကဂျစ်
ကြားလား......ကြားရလား.....
နေဦး လိုင်းကောင်းအောင် ငါအပြင်ဘက်ထွက်လိုက်ဦးမယ်
ကဂျစ်......ကဂျစ်
တောက်......လိုင်းကလည်းမမိဘူးကွာ
ဒါတောင် လေထဲရမ်းပြီး လိုင်းဖမ်းထားတာကို
ဟလို....အော်...အေး .....ကြားပြီလား
ဟား.....ကြားရပြီကွ
လူကြီးမင်း၏ မြန်မာငွေလက်ကျန်မှာ မလုံလောက်တော့ပါသဖြင့်......
တူ.....တူ.....တူ........
Credit to : http://www.facebook.com/yinyinhnoung/posts/512135755510998
ဒီ SIM ကဒ် နဲ့ ပါသက်ပြီး နိုင်ငံတော် သမ္မတကြီး၏ မိန့်ခွန်း ကိုတော့
ဒီနေရာ
မှတဆင့် နားဆင်နိုင်ပါတယ်...။

0 comments:
Post a Comment