အွန်လိုင်းစတိုး စတင်တည်ဆောက်မယ်


အွန်လိုင်းစတိုး စတင်တည်ဆောက်မယ်

ဘာပဲဖြစ်ဖြစ် Beginner အဆင့်က စတာပဲကောင်းပါတယ်။ E-Business နဲ့ ပက်သက်လို့ အခန်းဆက်အနေနဲ့ ဖော်ပြမှာပါ။ http://on.fb.me/11Qn02R ယင်းကတော့ ပထမဆုံး အပုဒ် ဖြစ်ပါတယ်။ ဒီတစ်ခေါက် ကတော့ အွန်လိုင်းစတိုး စတင်တည်ထောင်မယ့် Beginer သမားများအတွက် လုပ်ပုံလုပ်နည်း အဆင့်ဆင့်ကို နည်းလမ်းအဆင့်ဆင့်မျှဝေပေးဖို့ ဖြစ် ပါတယ်။

Facebook မှစတင်ခြင်း

Facebook ပေါ်လာတာ အရမ်းကောင်းတယ်။ သူက သုံးတတ်တဲ့သူများ အတွက် လေ့ကျင့်ရေးကွင်း တစ်ခုလိုပဲ။ ပွဲမဝင်ခင် Facebook Page လုပ်ပြီး သေချာ စမ်းသပ် လုပ်ကြည့်ပြီးတော့ Onlin Shopping Site တစ်ခုကို ကောင်းကောင်းဖန်တီး နိုင်ပါတယ်။ ပထမဆုံး ကိုယ်ကြိုက်ရာ အမည်နဲ့ စပေးကြည့်နိုင်ပါတယ်။ ဥပမာ “အောင်အောင် စတိုး” သို့မဟုတ် Aung Aung Store တစ်ခုခု ပေးကြည့်ပေါ့။

ပြီးတော့ ကိုယ်ရောင်းချင်တာလေးတွေ တင်ကြည့်။ ဟုတ်သည်ရှိ မဟုတ်သည်ရှိလေ။ ဒါက Testing ကာလ ဆိုတော့။ သို့တည်းမဟုတ် တကယ်စရောင်းချင်တယ်ဆိုရင် Facebook ကနေ အရင်စရောင်းနိုင် ပါတယ်။ အခုလည်း အဲ့လိုရောင်းနေတဲ့ Page တွေအများကြီးပါ။ အဲ့ဒီလို Page တွေပေါ်လာတဲ့အတွက် လည်း ကောင်းပါတယ်။ ဖုန်းရောင်းမယ်ဆိုရင် ယင်းဖုန်းကို ဓာတ်ပုံရိုက်၊ သို့တည်းမဟုတ် Google ကနေ ရှာပြီးတော့ လှတ၊ပတ လေး ဖြစ်အောင်တင်၊ Description မှာ ဈေးနှုန်းပါ တစ်ခါတည်း ထည့်ရေးပြီး Post လုပ်နိုင်ပါတယ်။ Facebook Page သုံးနေကျ ပုံစံတွေ အတိုင်းပါ။ ဒီတော့ လာဝယ်ချင်သူက ဘယ်အီးမေးလ်ကို ပို့လို့ မှာယူနိုင်ကြောင်း၊ Message ပို့နိုင်ကြောင်းနဲ့ စာတွေရေးထားဖို့တော့ လိုပါတယ်။ မြန်မာပြည်မှာ Payment က Online မှာစီးဆင်းမှု သိပ်မရှိသေးဘူး။ ဒီတော့ အများစုက ငွေအရင်က မှ မှာယူပေးကြပါတယ်။ ကိုယ်တိုင်လည်း Facebook Page ကနေ ပစ္စည်းရောင်းမယ်ဆိုရင်လည်း လက်တလော အကောင်းဆုံး နည်းလမ်းက ငွေအရင်ချေစေတာမျိုး သို့မဟုတ် ဈေးတစ်ဝက် တန်ဖိုး ပေးထားတာမျိုးတို့ လုပ်ထားနိုင်ပါတယ်။

အထက်ပါ ရှင်းပြမှုက တကယ် အခြေခံလေးပဲ ရှိပါသေးတယ်။ Facebook သုံးတတ်သူတိုင်း လုပ်လို့ရပါတယ်။ ဒီမှာမှ တကယ် ပရော်ဖက်ရှင်နယ် ဆန်ဆန် လုပ်တတ်တဲ့သူတွေက Marketing plan ဆွဲတယ်။ ဈေးနှုန်း Plan ဆွဲတယ်။ Product အရေအတွက်ပေါ်မူတည်ပြီး ဘယ်လိုမျိုး Benefit ရအောင်ယူမယ် အစရှိသဖြင့် အမျိုးမျိုး လုပ်ကြပါတယ်။ အလှကုန် ပစ္စည်း အော်ဒါ မှာပေးတဲ့ Facebook page တွေမှာ သွားရောက် လေ့လာ ကြည့်နိုင်ပါတယ်။ ဆက်လက်ပြီးတော့ Beginner များ Facebook page မှာတင် မကတော့ပဲ တကယ့် Plan ကျကျနနဆွဲပြီး လုပ်ချင်သူများအတွက် ဖော်ပြပါမယ်။

1. Create a Website
2. Analyze and Research
3. Add Products
3. Set up shipping and payment options
4. Marketing Strategy

… စတဲ့အချက်များနဲ့ အကြမ်းဖျင်းခွဲကြည့် နိုင်ပါတယ်။


1. Create a Website

ခေါင်းစဉ်ကသာ Create a Website လို့ပြောလိုက်တာ။ ဒီအဆင့်မှာတင် အတော်လေး ဇယားရှုပ်သွားပါတယ်။ ဝဘ်ဆိုဒ်တစ်ခု ဖန်တီးဖို့ဆိုတာ တော် ရုံ ပညာနဲ့ မရပါဘူး။ ပရိုဂမ်တတ်ကျွမ်းသူများ က ဖန်တီးပေးရတာမျိုး ဖြစ် ပါတယ်။ ဒီတော့ ပရိုဂရမ်တတ်ကျွမ်း သူများအနေနဲ့ ရွေးချယ်စရာ Langauge တွေရှိလာပါတယ်။ Amazon က Java , C++ ကို Base လုပ်ထားပြီး အခြား language ၂ ခုလည်း ထပ်သုံးပါတယ်။ eBay လည်း Java ပါပဲ။ ဒီတော့ Java ပဲကောင်းတယ်လို့ မှတ်ယူလို့ မရပါဘူး။ Language တိုင်းမှာ သူ့အားနည်းချက်နဲ့ အားသာချက် ကိုယ်စီ ရှိပါတယ်။ ဘယ် Language ဖြစ်ဖြစ် အသုံးပြုလို့ ရပါတယ်။ နိုင်ငံတကာမှ စစ် တမ်းကောက် လေ့လာချက်များအရ PHP, Perl, JavaScript တို့က E-commerce မှာ အသုံးအများဆုံး Language များ ဖြစ်တယ်လို့ ဆိုပြန်ပါတယ်။ Beginner များကို PHP သုံးဖို့ပဲ ပိုပြီးတော့ Recommand ပေးကြ ပါတယ်။ နောက်မှ ဘယ် Programming language က E-Commerce အတွက် အကောင်းဆုံး ဖြစ်မယ်ဆိုတာကို သီးသန့် ရေးပါ့မယ်။ လောလောဆယ်က Beginner များအတွက်ပါ။

အထက်ပါအချက်များက Programming တတ်သူများအတွက်ပါ။ မတတ်သူများအတွက် ကျတော့ ဘယ်လိုလုပ်တော့မလဲလို့ မေးခွန်း ထုတ်စရာ ရှိပါတယ်။ Programming language မတတ်ရုံနဲ့ Online shopping လုပ်လို့မရတော့ဘူး မဟုတ်ပါဘူး။ လုပ်လို့ရပါတယ်။ ဒီအတွက် Third Party Software တွေ အသုံးပြုလို့ ရပါတယ်။ ဒီလောက်တောင် မသုံးချင်ဘူး။ ငွေလည်း ရှိတယ်ဆိုရင် Developer တစ်ယောက် ငှားပါ။ ပရောဂျက်နဲ့ Online Shopping ဆိုဒ်ကောင်းကောင်း တစ်ခုကို ဖန်တီးခိုင်းနိုင်ပါတယ်။ ပူးပေါင်းလုပ်တာ အကောင်းဆုံးပါ။ ကိုယ်က မတတ်ရင် တတ်တဲ့သူနဲ့ ပူးပေါင်းတာ ပိုပြီးထိရောက်ပါတယ်။

နောက်ပြီး ဒိုမိန်း ကိစ္စ ရှိပါသေးတယ်။ ဒိုမိန်းအမည်ဝယ်တာ လွယ်ပေမယ့် Hosting ကျတော့ စဉ်းစားစရာပါ။ အချက်အလက်၊ Data များကို သိမ်းဆည်းစေမယ့် Hosting က Secure ဖြစ်ရမယ်။ Down time မရှိရဘူး။ Respond မြန်ရမယ် အစရှိသဖြင့် လိုအပ်တဲ့ အချက်တွေ အများကြီး ရှိပါတယ်။ မြန်မာပြည်မှာ တစ်ဆင့် ဝန်ဆောင်မှု ပေးနေတဲ့ Domain and Web Hosting Service ကုမ္ပဏီတွေ အများကြီးပါ။ ftp server, mail server အစရှိသဖြင့်လိုရင် လိုသလောက် အသုံးပြုရမှာပါ။ ဒါလည်း မသိပါဘူး။ ခုမှ Beginner ပါဆိုရင်လည်း ကိစ္စမရှိပါဘူး။ Service ကုမ္ပဏီတွေဆီကနေ တိုက်ရိုက်ဝယ်သုံးလို့ ရပါတယ်။ သို့ပေမယ့် ကိုယ့်ဆီမှာ အခြေခံ KNOWLEDGE များတော့ ရှိထားဖို့ လိုအပ်ပါတယ်။
Web App နဲ့ Hosting ကိစ္စပြောတာနဲ့တင် တော်တော်များသွားပါပြီ။ ဒီမှာ Front end ကိစ္စတောင် မပါသေး ပါဘူး။ user friendly ဖြစ်မယ့် အမြင်မျိုး ပေးဖို့လိုအပ်ပါတယ်။


2. Analyze and Research

Analyze and Research က အမှန်တော့ ပထမဆုံး လုပ်ရမယ့် အလုပ်ပါ။ ကိုယ်က ဘယ်ဟာကိုပဲ စလုပ်ဖို့ ဆုံးဖြတ်၊ ဆုံးဖြတ် အရင်ဆုံး လေ့လာ ရမယ်။ စစ်တမ်းကောက်ရမယ်။ သုံးသပ် ရမယ်။ ဝေဖန်ရမယ်။ အချက်အလက် ရအောင်ယူရမယ်။ ပြီးတော့မှ ကိုယ်က ဒီထက်ကောင်းတဲ့ Product မျိုးပေးစွမ်းနိုင်မလား စဉ်းစားတာလား Online Business မှာတင်မကပဲ Real World Business မှာပါ အရေးကြီး ပါတယ်။ ဥပမာ - Amazon ဘာလို့အောင်မြင်လဲ။ သူက ဘယ်လိုလုပ်ပေးတာ လဲ။ လေ့လာကြည့်ပေါ့။ သူ့မှာ ကိုယ့်ပိုင် ဂိုဒေါင် ရှိတယ်။ ရောင်းချင်တဲ့ ပစ္စည်းများ သူ့ဆီလာထားပြီး ယင်းပစ္စည်းမှာ သေချာသိမ်းထားပေးတယ်။ စိစစ်ပေးတယ်။ Amazon ကပေးနိုင်တဲ့ အာမခံချက်အတိုင်းအတာနဲ့ သူက တစ်ဆင့်ဝယ်ယူသူကို ပြန်ပေးပါတယ်။ ဒါက အဟောင်းကိုပြောတာပါ။ အသစ်မှာလည်း ဒီတိုင်းပါပဲ။ ဂိုဒေါင်မှာ သိမ်းချင်းသိမ်းမယ်။ သို့တည်း မဟုတ် စတိုးဆိုင်တွေပေါ်မှာပဲ၊ စက်ရုံတွေပေါ်မှာပဲ ရှိချင်ရှိအုံးမယ်။ မှာယူဖို့ တစ်ဖက်က Click နှိပ်ပြီ၊ ငွေလွဲပြီဆိုမှ ပစ္စည်းကို အိမ်အရောက်ပို့ဖို့ လုပ်ပေးတာပါ။ ဒီမှာ ဝန်ဆောင်မှု Charge လုပ်ပုံလုပ်နည်းကလည်း မတူပါဘူး။ Tax ကိစ္စလည်း ရှိပါသေးတယ်။


3. Add Products

ဒီမှာ ကိုယ်က ကုန်ပစ္စည်းတွေ တင်ရတော့တယ်။ Online shopping အတွက် ကိုယ့်မှာ ကုန်ပစ္စည်းတွေ တကယ်ရှိနေဖို့မလိုပါဘူး။ ကိုယ်တကယ် တစ်ဆင့်ဝယ်ပေးလို့ရတယ်ဆိုတာသာ ဖြစ်ဖို့ အဓိကပါ။ user တွေ Online shopping သုံးချင်တဲ့ အဓိကအချက်က အပြင်မသွားချင်လို့၊ အိမ် မှာနေရင်းဝယ်လို့ရအောင်လို့ ပါ။ ကျန်တဲ့အပိုင်းတွေ Customer စိတ်မဝင်စားဘူး။ ဒီတော့ ကိုယ့်ဘက်က အဆင်ပြေတဲ့ နည်းလမ်းနဲ့ run နိုင်ပါတယ်။ product company တွေနဲ့ အရင်ဆုံး တွေ့ဆုံတာမျိုး လုပ်သင့်ရင် လုပ်ရပါမယ်။ အရင်ဆုံး Relation တည်ဆောက်မှုပါ။ ကိုယ်က တစ်နေရာ၊ ဝယ်သူက တစ်နေရာ၊ ကုန်ပစ္စည်းက တစ်နေရာ နေရာ သုံးနေရာ ကွဲနေမှုက ကိုယ်က ကြားနေမှာပဲ ရှိနေရင် မလွယ်ကူပါဘူး။ ကုန်ပစ္စည်းထုတ်လုပ်သူဘက်၊ ရောင်းချသူဘက်ကို နည်းနည်းယိုင်ရပါမယ်။ နည်းနည်းယိုင်ဆိုတာ ကိုယ့် Online Shopping အတွက် မှာယူလာမှုကို အလွယ်တကူ လုပ်ဆောင်နိုင်စေဖို့ပါ။ အဆိုးဆုံးအခြေအနေနဲ့ ဝယ်သူက တကယ်မမှာဘူး။ ကိုယ်က ပစ္စည်းသွားယူပြီးသွားပြီဆို ရင် နောက်ပိုင်း ပြဿနာက မလွယ်ဘူးလေ။ ဒီတော့ Owner နဲ့ relation တည်ဆောက်ထားရင် ယင်းပြဿနာကို ဖြေရှင်းဖို့လွယ်ကူပါတယ်။ ဒါကြောင့် လူမှုဆက်ဆံရေး အရည်အသွေးတွေပါ လိုအပ်လာပါပြီ။


3. Set up shipping and payment options

အထက်က ပြောနေတဲ့ ပေးတာတို့၊ပို့တာတွေ ခုလာပါပြီ။ မြန်မာပြည်မှာ အခက်ကြုံနေတဲ့ ကိစ္စပေါ့။ Shipping က သိပ်မဟုတ်သေးဘူး။ Payment မှာ ခက်ခဲတဲ့ ကိစ္စတစ်ခုပါ။ Online payment အပေါ်မှာ user တွေ awareness မဖြစ်သေးဘူး။ မသိသေးဘူး။ ဒီအတွက် ပညာပေးဖို့ လိုအပ်သေးတယ်။ ဒါကြောင့်ပဲ အွန်လိုင်းငွေချေစနစ် မထွန်းကားသေး တာပါ။ ပြီးတော့ Customer rely လုပ်လို့ရမယ့် Payment System ကောင်းကောင်းမရှိသေးလို့လည်း အချို့ က ယုံကြည်နေသေး လို့ ဖြစ်ပါတယ်။ eBay ကိုစောင့်ကြကပါတယ်။ Paypal ကိုစောင့်ကြပါတယ်။ Master Card ကိုစောင့်ကြပါတယ်။ အချို့ ကလည်း မစောင့်နိုင်လို့ ကိုယ်နိုင်တဲ့ နည်းလမ်းနဲ့ လုပ်သွားပါတယ်။ ခုနေ ကျနော့ကို အွန်လိုင်းစတိုး တစ်ခု မဖြစ်မနေ လုပ်ပါလို့ ပြောရင် အသုံးပြုမယ့် Payment ပုံစံက သုံးမျိုးလောက် အကြမ်းဖျဉ်းရှိလိမ့်မယ်။ အလွယ်ကူဆုံး အနေနဲ့ ဘဏ်အကောင့် နံပါတ်တင်ထားပေးမယ်လေ။ အချို့ လည်း ဒီနည်းလမ်း သုံးနေပါပြီ။ နောက်တစ်နည်းက လက်တလော မြန်မာပြည်က Develop လုပ်ထားတဲ့ Payment စနစ်ကိုလည်း contribute လုပ်ထားမှာပါ။ သုံးတဲ့သူများလည်း ရှိမှာမို့ ဒါလည်း ထည့်ထားပါမယ်။

နောက်တစ်နည်းကတော့ Direct Payment ပါ။ ငွေအရင်ပေးစနစ်ပေါ့။ တစ်ဝက်ပေးတာမျိုး၊ အပြည့်ပေးတာမျိုးတို့ပေါ့။ Customer က အွန်လိုင်းမှာ ကလစ်နှိပ်လိုက်တာ မသေချာ ဘူးလေ။ သေ ချာအောင် နေရပ်လိပ်စာ အထိကို အပင်ပန်းခံ သွားပြီး ငွေကောက် ပေး တာမျိုးပေါ့။ ဒါကလည်း ဒီတိုင်းစလို့မရသေးဘူးလေ။ User Trust Relationship အရင်တည်ဆောက် ရမယ်။ ငွေအရင်ပေးပါ။ ပြီးမှ ပစ္စည်းဝယ်ပို့ပေး ပါမယ်ဆိုရင် ဘယ် Customer မှ တော်ရုံ Trust မထားနိုင်ပါဘူး။ ဒီတော့ မြန်မာပြည်မှာ E payment ခက်ခဲနေတဲ့ ကာလမှာ Direct Payment ဖန်တီးဖို့ အရင်ဆုံး Trust Relation အရင်တည်ဆောက်ရပါမယ်။ ဥပမာ အိုင်ဖုန်းမှာယူမှုအတွက် မူရင်းဈေးအတိုင်း ပို့ပေးတာတို့။ ငွေရှိနေရင်လည်း Percentage အနည်းငယ်လျော့ပေးတာတို့။ Delivery charge ကို ၁၀ ကြိမ်မှာယူမှုအတွက် အခမဲ့ ဖြစ်စေတာတို့ပေါ့။ ဒီအတွက် Strategy က အများကြီးပါ။

Shipping က အထက်ပါရှင်းလင်းချက်မှာ ပါသင့်သလောက် ပါနေပါပြီ။ ကိုယ်က ငွေမရှိသေး ရင်လည်း ကိစ္စမရှိပါဘူး။ ပစ္စည်း အသေးအကြီးပေါ်မူတည်လို့ သယ်ယူပို့ဆောင်မှု စရိတ်ကို အတတ်နိုင်ဆုံးချွေတာနိုင်တာ အကောင်းဆုံးပါ။ Location ကလည်း စကားပြောလာ့ပါပြီ။ ကိုယ်က beginner ဆိုရင် ကိုယ်နေတဲ့ မြို့ ငယ် ဧရိယာနဲ့ အရင်စရမှာပါ။ ရန်ကုန်လိုမြို့ မှာဆိုရင် အင်မတန် လုပ်လို့ကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ်။


4. Marketing Strategy

Marketing Strategy က ယေဘုယျအားဖြင့် ကဏ္ဍနှစ်ခုဖြစ်သွားပါမယ်။ Real World နဲ့ Virtual ပေါ့။ Real World အနေနဲ့ တကယ့် အပြင်မှာ မာကဲတင်း ဘယ်လိုလုပ်ရမယ်က တစ်ကဏ္ဍ၊ Virtaul (အင်တာနက်) မှာ ဆိုရင်လည်း တစ်မျိုး ဖြစ်လာပါမယ်။

တကယ့်အပြင်မှာအနေနဲ့ ကိုယ်က လက်ကမ်းစာစောင်ပဲဝေမလား၊ အင်တာနက်ဆိုင်တွေမှာပဲ ပိုစတာကပ်မလား၊ ပညာပေး ဟောပြောမှု ပုံစံနဲ့သွားမလား အများကြီးစဉ်းစားစရာ ရှိပါတယ်။ ကိုယ်က Beginner လေ။ လက်ထဲမှာလည်း အရင်းက သိပ်မရှိဘူး ဆိုရင် Real World Marketing မှာ ငွေအတတ်နိုင်ဆုံး ချွေတာဖို့ လိုပါမယ်။ နောက်တစ်မျိုးကတော့ Virtaul World မှာပါ။ အရမ်းအဆင်ပြေပါတယ်။ Online Shopping လုပ်မယ့်သူက Online မှာပဲ ရှိဖို့များမှာလေ။ ဒီတော့ ကိုယ်ဆွဲတဲ့ Marketing plan က အွန်လိုင်းမှာ အကောင်းဆုံး ဖြစ်ဖို့လိုအပ်ပါတယ်။ Facebook ကြီးတစ်ခုလုံး ရှိနေတာ Marketing မှ ကောင်းအောင်မလုပ်နိုင်ရင် ကိုယ်ညံ့လို့ပါ။ ကိုယ့်ရဲ့  ဝဘ်ဆိုဒ်ကို Facebook နဲ့ Link ချိတ်ထားမယ်။ Update လေးတွေတင်ပေး မယ်။ ပရိုမိုးရှင်းအကြောင်းလေးတွေ အဆင်ပြေရင်အဆင်ပြေသလို တင်ပေးမယ်။ Like များလာအောင်ဖန်တီးမယ်။ Share မယ်။ အစရှိသဖြင့် အများကြီးလုပ်လို့ရပါတယ်။ ပြီးတော့ အခြားသော ဖိုရမ်၊ ဝဘ်ဆိုဒ်တွေမှာ၊ ဆိုရှယ်ဆိုဒ်တွေမှာလည်း ကြော်ငြာလို့ ရပါတယ်။
..

အနှစ်ချုပ်

အမှန်တော့ ရေးမယ်ဆိုရင်အများကြီးပါ။ ပထမဆုံးအနေနဲ့ Beginner များ လွယ်လွယ်ကူကူနဲ့ စတင်လို့ ရအောင် နည်းလမ်းပေးခြင်း ဖြစ်ပါတယ်။ အနှစ်ချုပ်ပြောချင်တာကတော့ ကိုယ်တစ်ယောက်တည်း မလုပ်ပါနဲ့။ Team work တစ်ခုဖန်တီးနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။ အရမ်းခင်တဲ့ သူငယ်ချင်း နှစ်ယောက်၊ သို့မဟုတ် ညီအကို နှစ်ယောက်၊ မောင်နှမများ အစရှိသဖြင့် ပူးတွဲလုပ်တာ ပိုပြီးထိရောက်ပါမယ်။ တစ်ယောက်တည်း အားလုံးကို Hold လုပ်ဖို့ဆိုတာ မလွယ်ဘူးလေ။

ပြီးတော့ Online Shopping ကို စလုပ်တော့မယ်ဆိုရင် ကိုယ်ရမယ့် Profit ကိုအရင်မတွက်ပါနဲ့။ အများစုက Online shopping လုပ်ပြီဆိုရင် ဝန်ဆောင်ခ ဘယ်လောက်ယူလိုက်မယ်။ ပို့ဆောင်ရေးစရိတ် ဘယ်လောက်ယူရမယ် ဆိုတာကို အရင်တွက်ပါတယ်။ အမှန်တော့ ကိုယ်တကယ် စဉ်းစားရမှာပါ။ ငါဒီလို လုပ်လိုက်ရင် ဝယ်သူတွေအတွက် ဘယ်လို အကျိုးသက်ရောက်မှု ရှိစေမှာလဲ။ သူတို့ ဒီလိုကောင်းသွားရင် ငါကော ဘာတွေ ပြန်ရမှာလဲ။ အဲ့နှစ်ချက်ပေါ့။ ကိုယ့်အတွက် ကျန်ဖို့အရင်စဉ်းစားတဲ့ Business မှာ အပြင်မှာလုပ်လည်း အောင်မြင်ဖို့ မသေချာပါဘူး။

Online Shopping ဖန်တီးမှုက ဝယ်သူတွေအတွက် သက်သောင့်သက်သာ ရှိမှု၊ ဈေးသက်သာမှု ရှိစေပြီး ကိုယ့်ဘက်ကလည်း ထိုက်တန်တဲ့ အကျိုးရလဒ် တစ်ခုရ မယ်ဆိုရင် ဘာမှမလိုအပ်တော့ပါဘူး။ ကိုယ့်ဘက်က ငွေကြေးနဲ့ပက်သက်လို့ Charging ကို Customer ဘက်မှ မြင်အောင် ပွင့်လင်းမြင်သာတဲ့ စနစ် ကျင့်သုံးမှုက ပိုကောင်းပါတယ်။ ဒါကလည်း မပြောပဲ သိတယ်လေ။ အပြင်မှာ iPhone တစ်လုံး ဒေါ်လာ ၈၀၀ ပေါက်နေချိန် ကိုယ့်ဆိုဒ်မှာ ၈၅၀ ဖြစ်နေရင်တော့ ကိုယ် မပွင့်လင်းလည်း Customer ဘက်က မြင်နေရ ပါပြီ။ ဈေးနှုန်းမြင့် တက်ရတဲ့အခြေအနေကို Customer တွေနားလည်ပေးနိုင်တဲ့ အပေါ်ယံဖြေရှင်းချက်လေးထားပြီး ကျန်တဲ့အကျိုးမြတ်အပိုင်းကို ကိုယ်လိုသလို ဖန်တီး ယူသွားလို့ ရပါတယ်။

နိဂုံးချုပ်အနေနဲ့ Beginner များ အွန်လိုင်းစတိုး အစမ်း လေ့ကျင့် ဖန်တီးလို့ရအောင် ဝဘ်ဆိုဒ်လခ့် အချို့ မျှဝေ ပေးလိုက် ရပါတယ်။

http://www.shopify.com/
http://www.webasyst.com/.
 
အောင်ခမ်း (TSJ team)
http://blog.techspace.com.mm/2013/06/blog-post_544.html


ကိုလတ်(ကျွဲဆင်း)

0 comments:

Post a Comment