Facebook ရဲ့အသစ်တိုးလာတဲ့ "Trusted Contacts" ဆိုတာ




 Facebook ကအကောင့် လော့ကျသွားတဲ့ အခါ ကိုယ်အယုံကြည်ဆုံး၊ အခင်ဆုံး သူငယ်ချင်းတွေက ကိုယ့်အကောင့်ကို ပြန်ရအောင် လုပ်ပေးမယ့် "Trusted Contacts" ဆိုတဲ့ feature ကိုထပ်တိုး လိုက်ပါပြီ။

Facebook ကကိုယ့် Account Security ကိုကိုယ့်သူငယ်ချင်းတွေ လက်ထဲကို ထည့်ပေး လိုက်ပါပြီ။ ကိုယ့်ရဲ့ Account လော့ကျ သွားတဲ့အခါ ကိုယ်အယုံဆုံး၊ အခင်ဆုံး သူငယ်ချင်း တွေက Account ကိုပြန်ရအောင် လုပ်ပေး နိုင်တော့မှာပါ။

ဒီနေ့မှာပဲ Facebook က "Trusted Contacts" လို့ခေါ်တဲ့ လုံခြုံရေး Feature တစ်ခုကို ထပ်တိုး လိုက်ပါပြီ။ ဒီ Feature ကအခင်ဆုံး သူငယ်ချင်း တွေဆီက အကူအညီနဲ့ ကိုယ့်ရဲ့ Passwords တွေကို ပြန်ပြင်လို့ ရအောင် လုပ်ဆောင် ပေးမှာပါ။ ဒီ Feature ကအသစ်တော့ မဟုတ်ပါဘူး။ ၂၀၁၁တုန်းက လုပ်ခဲ့တဲ့ Trusted Friends ကိုပြန်လည် ဆန်းသစ် ထားတာ ဖြစ်ပြီး ဒီနေ့မှာ တစ်ကမ္ဘာလုံးကို ဖြန့်ပေး တော့မှာပါ။ နောက်ပိုင်း Facebook ကိုဝင်တဲ့အခါမှာ ပြဿနာ တက်နေရင်ဒီ Trusted Contacts ထဲမှာ ကိုယ်အယုံကြည်ဆုံး သူငယ်ချင်း သုံးယောက် ကနေ ငါးယောက် အထိကို ရွေးထား ပြီးတော့ သူတို့တွေက ကိုယ့်ရဲ့ အကောင့်ကို ပြန်ရအောင် ကူညီပေး မှာပါ။ 

 Lock ကျ သွားတဲ့ အခါမျိုး တွေမှာ ကိုယ်ရွေးထားတဲ့ သူငယ်ချင်း တွေဆီကို Security Codes တွေကို ပို့ပေးမှာ ဖြစ်ပြီး သူတို့တွေက ကိုယ့်ဆီကို အဲ့ Security Codes တွေပြန်ပို့ ပေးရမှာပါ။ ကိုယ့်အကောင့်ကို ပြန်ရဖို့ အတွက် Codes စုစုပေါင်း ၃ခု လိုပါမယ်။ ဒါတင်မက Trusted Contacts ကိုသုံးတာကြောင့် အရင်လို ကိုယ့်ရဲ့ Security Question တွေရဲ့ အဖြေကို မှတ်ထားစရာ မလိုတော့တဲ့ အပြင် ကိုယ်ဘယ်သူ ဘယ်ဝါ ဆိုတာ သက်သေ ပြရတဲ့ ဖောင်အရှည်ကြီး တွေလည်း ဖြေပေးစရာ မလိုတော့ ပါဘူးလို့ Facebook ကဆိုပါတယ်..

  1. On your Facebook profile Go To – Settings.
  2. Choose Security Settings and then ‘Trusted Contacts’.
  3. Click on ‘Choose Trusted Contacts’ and going forward you can add 3-5 friends whom you trust can help you in need.


Facebook's Trusted Contacts - Steps 

ဒီ feature ကိုသုံးမယ် ဆိုရင် security settings ထဲသွားပြီး ကိုယ်ယုံကြည် ရတဲ့ သူတွေကို ရွေးလိုက်ပါ။ ကိုယ်ရွေးလိုက်တဲ့ သူငယ်ချင်းတွေ ဆီကို notifications လေးတွေ ပို့ပြီး အကြောင်းကြား ပေးပါလိမ့်မယ်။ Facebook ကအမှန်တကယ် ယုံကြည်ရတဲ့ သူတွေကိုပဲ ရွေးချယ်ပါ ဆိုပြီး သတိပေး ထားပါတယ်။ ဒါဟာ ကိုယ့်ရဲ့ အိမ်သော့ အပိုတွေကို ပွားပေးထား ရတာနဲ့ ဆင်တူပြီး လော့ကျ သွားတဲ့အခါ သူတို့ဆီက ကိုယ့်သော့ကို ပြန်တောင်း ရတာမျိုးပါ။ ဒီလုံခြုံရေး စနစ် အသစ်က ကြည့်ရတာ ထူးဆန်းပေမယ့် ခုခေတ်ရဲ့ အခြေအနေနဲ့ ကိုက်ညီမှု ရှိပါတယ်။ အသုံးပြုသူတွေကို လွယ်လွယ်နဲ့ လုံလုံခြုံခြုံ ကိုယ့်အကောင့်ကို ပြန်ရအောင် လုပ်ဆောင် ပေးထား ပါတယ်။ ဒီပုံစံ အသစ်ကို မကြိုက်တဲ့ သူတွေ အတွက်တော့ အရင်ပုံစံ security questions တွေဖြေ တာကို ပြန်သုံးလို့ ရပါတယ်။

Credit to: MYMC



ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတချို့ကို “Trusted Friends” ထဲ ထည့်သွင်းထားခြင်းအားဖြင့် သင့်ရဲ့ Facebook account ခိုးယူခံယူရခြင်းမှ ကာကွယ်နိုင်ပါပြီ။

Facebook account ထဲဝင်လို့ မရတော့ဘဲ ပြဿနာ တက်နေတယ်ဆိုရင် သူတို့ အကူအညီနဲ့ ပြဿနာ ပြေလည်စေပါလိမ့်မယ်။ သောကြာနေ့က မိတ်ဆက်လိုက်တဲ့ “Trusted Contacts” ဆိုတာလေးကို Facebook မှာ တွေ့ ရမှာပါ။

“Trusted Contacts” ဆိုတာ သင်ရဲ့ လျှို့ ဝှက် နံပတ် (Password) ကို သူငယ်ချင်းများအကူအညီနဲ့ ပြန်လည်ရယူနိုင်အောင် Facebook က ဖန်တီးပေးလိုက်တာပါ။

Facebook က ဒါကို အကောင်အထည်ဖော်ဖို့ စမ်းသပ်နေတာ ၂၀၁၁ ခုနှစ် ကတည်းကဖြစ်ပြီး အခုမှာတော့ အသုံးပြုဖို့  အဆင့်သင့်ဖြစ်တာကြောင့် ကြာသပတေးနေ့မှာ ထုတ်ပြန်   ကြေညာ လိုက်တာဖြစ်ပါတယ်။

“Trusted Contacts” ဆိုတာ ဒီလိုပါ။

၁။ သင်ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေ ၃ ယောက်ကနေ ၅ ယောက် အထိကို ရွေးချယ်ထားရပါမယ်။
၂။ သင့်ရဲ့ Facebook account ပိတ်ခံရတဲ့အခါမျိုးမှာ Facebook က သင်ရွေးချယ်ထားတဲ့ မိတ်ဆွေတွေဆီကို security codes တွေ လှမ်းပို့ ပေးမှာပါ၊
၃။ အဲဒီ security codes တွေကို မိတ်ဆွေတွေဆီက ရယူနိုင်ပါတယ်။

ဒီနည်းနဲ့ Facebook account အပိတ်ခံရခြင်း (သို့ ) ခိုးယူခံရခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

နာမည်ကြီးသူတွေရော သာမန် သူလိုကိုယ်လိုတွေပါ ဟက်ကာလက်ချက် ခံနေရချိန်မှာ ပေါ်လာတဲ့ ဒီလို လုံခြုံရေးအစီအစဉ်သစ်ကို Facebook သုံးသူတွေ နှစ်သက်ကြမှာပါ။

ကိုယ့်အကောင့် ဖောက်ထွင်းခံရတာမျိုးက အချိန်မရွေး ကြုံရနိုင်ပါတယ်။ Facebook ကိုယ်တိုင်လည်း ကြုံခဲ့ရပါတယ်။

အခု ပေါ်လာတဲ့ Facebook ရဲ့ နည်းလမ်းသစ်ကို အသုံးပြုခြင်းဖြင့် လုံခြုံရေး မေးခွန်းများ ( Security Question ) နဲ့ သင် မည်သူဖြစ်သည်ကို ဖြေဆိုရတဲ့ ( Web Forms Question) တွေကို အချိန် ကုန် ခံပြီး ဖြေဆိုစရာမလိုတော့ဘူးလို့ သိရပါတယ်။

“Trusted Contacts” ကို စတင် အသုံးပြုမယ် ဆိုရင်တော့ 'Security Settings' မှာ သင် ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေစာရင်းကို ထည့်သွင်းနိုင် ပါတယ်။ သင့်ရဲ့ မိတ်ဆွေတွေကို “Trusted Contacts” ထဲ ထည့်သွင်းလိုက်တာနဲ့ Facebook က စာလှမ်းပို့ အကြောင်းကြားပေးမှာဖြစ်ပါတယ်။

ဒါပေမယ့် သတိထားရမယ့်အချက်ကို မှာထားပါသေးတယ်။
Facebook Account ရဲ့ လုံခြုံရေးဟာ အိမ်တအိမ်ရဲ့ လုံခြုံရေးလိုပါပဲတဲ့။
သင်တကယ်ယုံကြည်စိတ်ချနိုင်တဲ့ မိတ်ဆွေများကိုသာ “Trusted Contacts” ထဲမှာ ထည့်သွင်းပါလို့ အကြံပြုသွားပါတယ်။

From:Nay Min

0 comments:

Post a Comment