Lenovo အရောင်းဆိုင်များရှိသည့် မြို့ရှစ်မြို့တွင် Lenovo စမတ်ဖုန်းများကို တစ်ပြိုင်နက် အထူးနှုန်းများဖြင့်
ရောင်းချပေးမည်ဖြစ်သည်ဟု Lenovo စမတ်ဖုန်း၏ မြန်မာနိုင်ငံအတွက်တစ်ဦးတည်း ကိုယ်စားလှယ် ရရှိထားသည့် KMD Group ၏ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂၇ ရက်ကပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ယင်းအစီအစဉ်ကို အောက်တိုဘာ ၅ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ လားရှိုး၊ မိတ်္ထီလာ၊ မြင်းခြံ၊ ပြည်နှင့် မော်လမြိုင်မြို့များတွင် နံနက် ၉ နာရီမှ ည ၉ နာရီအထိ အဆိုပါ ပရိုမိုရှင်းကို ဖျော်ဖြေရေး အစီအစဉ်များနှင့်အတူကျင်းပသွားမည်ဖြစ်သည်။
ယင်းအစီအစဉ်ကို ရန်ကုန်မြို့တွင် ပြည်လမ်းရှိ တော်ဝင်စင်တာတွင် ပြုလုပ်သွားမည်ဖြစ်သည်။ KMD Group မှ ဒါရိုက်တာ ဒေါ်သင်းသင်းစိုးက “လွန်ခဲ့တဲ့လေးနှစ်ကတည်းက Lenovo ကွန်ပျူတာတွေကို ရောင်းချခဲ့တဲ့ အနေအထားကနေ ခေတ်နှင့်အညီ ပြောင်းလဲလာတဲ့အနေအထားတွေအရ စမတ်ဖုန်းတွေကိုပါ မြန်မာဈေးကွက်ကို တင်သွင်းရောင်းချရတာပါ”ဟု ပြောသည်။
အထူးဈေးနှုန်းဖြင့် ရောင်းချပေးမည့် Lenovo စမတ်ဖုန်းများမှာ S920, K900, S820,A390 တို့ဖြစ်ပြီး ပရိုမိုးရှင်း
ပြုလုပ်မည့်နေ့တွင် K900 ၀ယ်ယူသူအား မိနစ် ၆၀၀ ဖုန်းအလကားပြောခွင့်နှင့် အခြားလက်ဆောင် ပစ္စည်းများ၊S820 ၀ယ်ယူသူအား ဖုန်းရောင်းဈေး၏ ကျပ် ၃၀,၀၀၀ လျှော့ပေးမည်ဖြစ်ပြီး A390 ၀ယ်ယူသူအား မိနစ် ၁၀၀ ဖုန်း အလကားပြောခွင့်နှင့် အခြားလက်ဆောင်ပစ္စည်းများအား ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း Lenovo မှ သိရသည်။
Ref : မဇ္ဈိမသတင်း
0 comments:
Post a Comment