၂၀၁၃ ခုနှစ် အတွက် ဖီဖာက ရွေးချယ်လိုက်တဲ့ ကမ္ဘာ့အကောင်းဆုံး ၁၁ ယောက်



တင်္နလာနေ့ က ပြုလုပ်ခဲ့တဲ့ ဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ချီးမြှင့်ပွဲမှာ ဖီဖာဟာ ၂၀၁၃ ခုနှစ် အကောင်းဆုံးကစားသမား ၁၁ ယောက် စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ ဗြိတိလျှကစားသမား ငါးဦး ပါဝင်ခဲ့ပြီး ဘာစီလိုနာ ၊ ဘေယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ ရီးယဲလ်မက်ဒရစ် စတဲ့ ကလပ်အသင်းလေးသင်းက ကစားသမားတွေသာ ပါဝင် ခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းက ကစားသမားတစ်ယောက်မှ မပါဝင်ခဲ့ပါဘူး။

မနှစ်က ချီးမြှင့်ခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးအသင်း မှာလည်း လာလီဂါကစားသမားတွေသာ ပါဝင်ခဲ့ပြီး ဒီနှစ်မှာလည်း လာလီဂါ ကစားသမားတွေ အများဆုံးတွေ့ ရှိခဲ့ရပါတယ်။ ဂျာမနီကစားသမား နှစ်ယောက် ၊ ဘရာဇီးကစားသမား နှစ်ယောက် ၊ စပိန်ကစားသမား သုံးယောက် ၊ ပေါ်တူဂီကစားသမား တစ်ယောက်၊ ဆွီဒင် ကစားသမား တစ်ယောက်၊ ပြင်သစ်ကစားသမား တစ်ယောက်၊ အာဂျင်တီးနား ကစားသမား တစ်ယောက် တို့  ဖြစ်ပါတယ်။ အင်္ဂလန် ၊ အီတလီ ကစားသမားတစ်ယောက်မှ ပါဝင်ခြင်းမရှိခဲ့ပါဘူး။

ဖီဖာ ကမ္ဘာ့အကောင်းဆုံးကစားသမား

Manuel Neuer,  Dani Alves,  Thiago Silva,  Sergio Ramos,  Philipp Lahm,  Franck Ribery,  Xavi Hernandez,  Andres Iniesta,  Lionel Messi,  Zlatan Ibrahimovic,  Cristiano Ronaldo.


Ref : BBC


0 comments:

Post a Comment