မိုဘိုင်းဖုန်းတွေ ဘယ်တုန်းကစပေါ်လာတာလဲ
အများသိတဲ့အတိုင်းပါပဲ။ ကျနော်တို့ ယနေ့အဆင်ပြေစွာ အသုံးပြုနေကြတဲ့ ဒီမိုဘိုင်းဖုန်း၊ စမတ်ဖုန်းတွေဟာ ဗြုန်းကနဲ့ တန်းပြီး
ကနေ့တွေ့နေရတဲ့ Touch ဖုန်း(ခလုတ်မပါတဲ့) ဖုန်းတွေလို တန်းဖြစ်လာခဲ့တာမဟုတ်ပါဘူး။
အရင်တုန်းကခလုတ်ပါ ဆယ်လူလာဖုန်းတွေကို ဘဘောင်္၊ရထားတွေမှာ ရေဒီယိုဆက်သွယ်ရေးအတွက်လောက်ပဲ သုံးကြတာဖြစ်ပါတယ်။
ဒီလိုသယ်ဆောင်ရလွယ်ကူတဲ့ ဆယ်လူလာဖုန်းတွေကလည်း ဒုတိယကမ္ဘာစစ်ပြီး လောက်ကပဲစပေါ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့သူက ခေါ်ဆိုမူဈေးကြီးပြီး အနည်းငယ်သာခေါ်ဆိုမူပြုနိင်ပါတယ်။
၁၉၇၃ လောက်မှာ သယ်ဆောင်ရလွယ်ကူတဲ့ ပထမဆုံး မိုဘိုင်းဆဲလ်ဖုန်းတွေကို
အမေရိကန် မာတီးနေရှင် တယ်လီကော်ပိုရေရှင်းတစ်ခုဖြစ်တဲ့ Motorola က စတင်ကာထင်ရှားစေခဲ့တာဖြစ်ပါတယ်။
၁၉၈၀ လောက်မှာတော့ အခြားနိင်ငံတွေမှာ ပါ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာတာကို တွေ့ရပါတယ်။
ဒီတော့ ပထမဦးဆုံး မိုဘိုင်းနက်ဝပ် တည်တောင်တာကတော့ ဂျပန်နိင်ငံမှာ ရှိတဲ့ NTT တယ်လီကော်မြူးနီးကေးရှင်း ဖြစ်ကာ
ပထမဦးဆုံး ဆယ်လူလာဖုန်းတည်ထွင်တာကတော့ အမေရိကန်နိင်ငံမှာ ရှိတဲ့ Motorola လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
ဗဟုသုတတွေ တိုးမြင့်ကြပါစေ။
Aung Heine ( www.mmsocialsky.com )







0 comments:
Post a Comment