Batman The Dark Knight ဇာတ်ကားမှ ထူးခြားချက်များ - အပိုင်း (၂)



-Heath Ledger ဟာ Joker ဇာတ်ကောင်ရဲ့မိတ်ကပ်ကို ကိုယ့်ဘာသာကိုယ် လိမ်းခြယ်ခဲ့တာပါ။ ပရဆေးဆိုင်မှ ဆေးအမယ်များဝယ်ပြီး ကိုယ့်ဘာသာကိုယ် လိမ်းခြယ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Joker ဟာ ဇာတ်လမ်းသဘောအရ သူ့ဘာသာသူလိမ်းခြယ်မှာပါ။ အဲဒီတော့ Heath Ledger လည်း ကိုယ့်ဘာသာကိုယ် လိမ်းရမှာပေါ့တဲ့။

-သူ့ရဲ့ဒီစိတ်ကူးကို လက်ခံလိုက်ပြီးတဲ့နောက်မှာတော့ မိတ်ကပ်လိမ်းတဲ့အဖွဲ့အနေနဲ့ ရုပ်ရှင်မရိုက်ခင် နေ့တိုင်း သူလိမ်းထားပုံ အဆင်ပြေမပြေ လာစစ်ဆေးရပါတယ်။

-Joker ဟာ ဆေးဆိုင်က ပရဆေးတွေဝယ်ပြီး မိတ်ကပ်ဖော်၊ ကိုယ့်ဘာသာကိုယ်လူးမှာဆိုတော့ လက်တွေလည်း ပေရေကုန်မှာပဲလို့ စဉ်းစားမိတဲ့ Ledger ဟာ ဇာတ်ကောင်ပီပြင်အောင် သူ့လက်တွေကိုလည်း အဲသလို ပြုလုပ်ခဲ့ပါတယ်။

-ဒီဇာတ်ကားဟာ ပထမဇာတ်ကား Batman Begins ရဲ့ ပြည်တွင်းမှာပြသမှုမှရငွေစုစုပေါင်းကို ခြောက်ရက်အတွင်းမှာ မှီအောင်လိုက်နိုင်ခဲ့ပါတယ်။

-Heath Ledger ကို အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုအတွက် ဇကာတင်စာရင်းတွင် ရွေးချယ်ထားကြောင်းကို သူ့တစ်နှစ်ပြည့်နေ့မှာ တိုက်တိုက်ဆိုင်ဆိုင် ကြေငြာမိသွားပါတယ်။

-ဒီဇာတ်ကားဟာ Comic စာအုပ်တစ်အုပ်ကို ဇာတ်ကားပြန်ရိုက်တဲ့အထဲမှာ စကာတင်စာရင်း အများဆုံး ရွေးချယ်ခံခဲ့ရပါတယ်။ စုစုပေါင်း ဆု ၈ ဆု စကာတင်စာရင်း ဝင်ခဲ့ပါတယ်။

-ဒီဇာတ်ကားမှာ Bruce Wayne တစ်ယောက် Batman ဝတ်စုံသစ်ကို ဝတ်ဆင်ခဲ့ပါတယ်။ Batman Begins တုန်းက ဝတ်စုံအဟောင်းကို အဆင့်မြှင့်တင်ထားခြင်းဖြစ်ပြီး မင်းသား Christian Bale အတွက် လှုပ်ရရှားရတာ ပိုအဆင်ပြေစေပါတယ်။ ရာဘာအပိုင်းအစ ၂၀၀၊ ဖိုင်ဘာစ၊ မတ်တဲလစ်အသား၊ နိုင်လွန်စတာတွေနဲ့ ချုပ်လုပ်ထားပြီး ဆွဲသားဖြစ်ပါတယ်။

-ဝတ်စုံရဲ့ ဦးခေါင်းပိုင်းကို ဆိုင်ကယ်ဦးထုပ်ကို အခြေခံပြီး ဒီဇိုင်းထုပ်လုပ်ထားပါတယ်။ လည်ပင်းပိုင်းကိုတော့ ဖယ်ရှားထားပါတယ်။ ဒါ့ကြောင့် Bale တစ်ယောက်အနေနဲ့ ဦးခေါင်းကို အထက်၊ အောက်၊ ဘယ်၊ ညာ ကြိုက်သလို လှုပ်ရှားနိုင်ပါတယ်။ Bat-sonar အတွက် eye lenses တွေလည်း တပ်ဆင်ထားပါတယ်။

-တကယ်တော့ Batman ဝတ်စုံအသစ်ချုပ်ပေးဖို့ တောင်းဆိုခဲ့သူဟာ တကယ်ဝတ်ဆင်သူ မင်းသား Bale မဟုတ်ပါဘူး။ ဒါရိုက်တာ Christopher Nolan ပါ။ သူက ပိုပေါ့ပါးပြီး ပိုသက်တောင့်သက်သာရှိတဲ့ ဝတ်စုံလိုချင်ပါတယ်။ ဒါ့ကြောင့် အသစ်ချုပ်ပေးဖို့ ကြိုးစားခဲ့တာပါ။

-Heath Ledger ဟာ ဒီဇာတ်ကားနဲ့ ဆု စုစုပေါင်း ၃၂ ခုမှာ အကောင်းဆုံးဇာတ်ပို့ဆုရှင်အဖြစ် ဇကာတင်စာရင်း ဝင်နေပါတယ်။ အဲဒီထဲမှာ အော်စကာဆု၊ ရွှေကမ္ဘာလုံးဆု၊ BAFTA ဆု၊ SAG ဆု၊ ဝေဖန်ရေးဆရာများအကြိုက်ဆုံးဆု စတာတွေ ပါဝင်နေပါတယ်။ ၃၂ ခု ဇကာတင်တဲ့အထဲမှာ ၃၀ ထိရရှိခဲ့ပြီး ၂ ခုသာ လွဲခဲ့ပါတယ်။

ကျွန်တော့်ရဲ့ ဖေ့စ်ဘုတ်ပေ့ခ်ျ Movie Locos ကိုလည်း အားပေးကြပါဦးခင်ဗျာ။

0 comments:

Post a Comment