အထူးသက်သာသော နှုန်းထားဖြင့် မိုဘိုင်းဖုန်းတွင် အင်တာနက်သုံးနိုင်မည်

Photo: အထူးသက်သာသော နှုန်းထားဖြင့် မိုဘိုင်းဖုန်းတွင် အင်တာနက်သုံးနိုင်မည်
Thursday, May 22, 2014

မြန်မာ့ဆက်သွယ်ရေးစနစ်က လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးလာသည်။ နိုင်ငံတော်ကလည်း လစဉ်ဆင်းကတ် များကို ရောင်းချပေးနေသည်။ ပင်စင် စားများကိုလည်း လစဉ်ရောင်းချပေးနေပြီဖြစ်သည်။ ဆက်သွယ်ရေး လုပ်ငန်းကို ပြည်ပကုမ္ပဏီများအား ရင်းနှီးမြှုပ်နှံမှုခွင့်ပြုခဲ့သဖြင့် တယ်လီနောနှင့် အော်ရီဒူးကုမ္ပဏီများလည်း လုပ်ငန်းများစတင်နေပြီဖြစ်ရာ ပြည်သူများ နောက်ဆုံးပေါ် ခေတ်မီ ဆက်သွယ်ရေးနယ်ပယ်တွင် လူတိုင်းနီးပါးစီးမျော အသုံးပြုနိုင်ကြတော့မည်ဖြစ်သည်။ “လူတန်းစားမရွေး အင်တာနက်စနစ်ပူးတွဲပါရှိတဲ့ မိုဘိုင်းဆင်းကတ်တွေကို ဈေးနှုန်းသက်သက် သာသာနဲ့ ရောင်းချပေးနိုင်ဖို့ စီစဉ်နေပါတယ်။ မြန်မာပြည်သူတွေ အဆင့်မြင့်ဆက်သွယ်ရေးစနစ် ထည့်သွင်းထားတဲ့ လက်ကိုင်ဖုန်းတွေ သုံးစွဲနိုင်ဖို့ ငွေကြေးပမာဏ ပူပင်စရာ မရှိတဲ့ ဈေးနှုန်းမျိုးနဲ့ရောင်းချပေးမှာပါ” ဟု တယ်လီ နောကုမ္ပဏီမှ စီအီးအို Mr.Petter Furbersက မီဒီယာ သမားများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ ယခုအခါ မိုဘိုင်းဖုန်းများနှင့် အင်တာနက်သုံးစွဲရာတွင် ငွေကုန်ကျ မှုများရှိနေသဖြင့် ငွေကြေးကုန်ကျမှု အတွက် စိုးရိမ်ပူပင်စွာခံစားပြီး သုံးစွဲနေကြရသည့် လက်ကိုင် ဖုန်းဖြင့်စကားပြောဆိုခြင်းနှင့် အင်တာနက် အသုံးပြုခြင်းတို့အတွက် ပြည်သူ အများစု သည် စိတ်လိုက်ကိုယ်ပါ အသုံးမပြုနိုင်ဘဲ အချိန်အနည်းငယ်သာပြောဆိုသုံးစွဲမှုများရှိနေကြရသည်။

“လက်ကိုင်ဖုန်းနဲ့ အင်တာနက် အသုံးပြုနေတဲ့အချိန်မှာ ငွေကုန်ကျမှု အတွက် စိုးရိမ်စရာမရှိနိုင်တဲ့နှုန်းထားနဲ့ ကျွန်တော်တို့ တယ်လီနောကဝန်ဆောင်မှုပေးသွားမှာပါ။ လက်ကိုင်ဖုန်းသုံးစွဲသူတိုင်း အင်တာနက်ကို စိတ်အေးချမ်းသာစွာအသုံးပြုနိုင်မှာပါ” ဟု Mr. Petter Furbers က ပြောသည်။

တယ်လီနောသည် မြန်မာနိုင်ငံတွင် မြန်နှုန်းမြင့်အင်တာနက်စနစ်ကို အသုံးပြုနိုင်ရန် ကြိုးစားနေပြီး မြန်မာ နိုင်ငံတစ်ဝန်း တာဝါတိုင်ပေါင်း ၈၀၀နှင့် ၁၀၀၀ ကြား ထူထောင်သွားရန် စီစဉ်နေပြီဖြစ်သည်။ သို့သော်လည်း ယင်းဆက်သွယ်ရေး တာဝါတိုင်များထူထောင်ရာတွင် အခက်အခဲတစ်ရပ်မှာ မြေနေရာရှာဖွေနေရခြင်း ဖြစ်သည်။ တယ်လီနောသည် 3G ကွန်ရက် နှင့်အတူ 2G ကွန်ရက်များကို စတင် ဝန်ဆောင်မှုများပေးရန် စီစဉ်နေ သည်။ 2G သည် ပုံမှန်အသုံးပြုနေ သော အီးမေးလ်နှင့် ဖေ့စ်ဘွတ်ခ် တို့အပြင် အခြား Application များ ကို အသုံးပြုနိုင်ပြီး 3G ကွန်ရက်မှာ ဗီဒီယိုစနစ်ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ တယ်လီနောသည် အင်တာနက်စနစ် တွဲဖက်ပါသော ဆင်းကတ်များကို ရောင်းချရာတွင် အသုံးပြုသည့်အခါ အဆင်ပြေမည့် ဟန်းဆက်များကိုလည်း ရောင်းချသွားရန် စီစဉ်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် လောလောဆယ်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လည်း နိုင်ငံတစ်ဝန်းသို့ ၂၀၁၃ ခုနှစ် ဧပြီလမှ ၂၀၁၄ ခုနှစ် ဧပြီလအထိ တန်ဖိုးနည်း CDMA 800 MHz တယ်လီဖုန်း၂၄၉၀၀၀၀၊ GSM တယ် လီဖုန်း ၁၅၄၉၇၀၀နှင့် WCDMA တယ်လီဖုန်း၆၁၀၃၀၀ စုစုပေါင်းတန်ဖိုး နည်းတယ်လီဖုန်း ၄ ဒသမ ၆၅ သန်း ရောင်းချပေးနိုင်ခဲ့ပြီဖြစ်သည်။

ယင်းတယ်လီဖုန်းများ အပါအဝင် မြန်မာ နိုင်ငံတစ်ဝန်း မိုဘိုင်းတယ်လီဖုန်းပေါင်း ၈ ဒသမ ၄၅ သန်းကျော်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရောင်းချပေး နိုင်ခဲ့ရာ ပြည်သူအများအပြား မိုဘိုင်း ဖုန်းများ ဈေးနှုန်းသက်သာစွာဖြင့်သုံးစွဲနိုင်ခဲ့ကြသည်။

MOI Webportal Myanmar 
 မြန်မာ့ဆက်သွယ်ရေးစနစ်က လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးလာသည်။ နိုင်ငံတော်ကလည်း လစဉ်ဆင်းကတ် များကို ရောင်းချပေးနေသည်။ ပင်စင် စားများကိုလည်း လစဉ်ရောင်းချပေးနေပြီဖြစ်သည်။ ဆက်သွယ်ရေး လုပ်ငန်းကို ပြည်ပကုမ္ပဏီများအား ရင်းနှီးမြှုပ်နှံမှုခွင့်ပြုခဲ့သဖြင့် တယ်လီနောနှင့် အော်ရီဒူးကုမ္ပဏီများလည်း လုပ်ငန်းများစတင်နေပြီဖြစ်ရာ ပြည်သူများ နောက်ဆုံးပေါ် ခေတ်မီ ဆက်သွယ်ရေးနယ်ပယ်တွင် လူတိုင်းနီးပါးစီးမျော အသုံးပြုနိုင်ကြတော့မည်ဖြစ်သည်။ 
 
“လူတန်းစားမရွေး အင်တာနက်စနစ်ပူးတွဲပါရှိတဲ့ မိုဘိုင်းဆင်းကတ်တွေကို ဈေးနှုန်းသက်သက် သာသာနဲ့ ရောင်းချပေးနိုင်ဖို့ စီစဉ်နေ ပါတယ်။ မြန်မာပြည်သူတွေ အဆင့်မြင့် ဆက်သွယ်ရေးစနစ် ထည့်သွင်းထားတဲ့ လက်ကိုင်ဖုန်းတွေ
သုံးစွဲနိုင်ဖို့ ငွေကြေးပမာဏ ပူပင်စရာ မရှိတဲ့ ဈေးနှုန်းမျိုးနဲ့ရောင်းချပေးမှာပါ” ဟု တယ်လီ နောကုမ္ပဏီမှ စီအီးအို Mr.Petter Furbersက မီဒီယာ သမားများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ 
 
ယခုအခါ မိုဘိုင်းဖုန်းများနှင့် အင်တာနက်သုံးစွဲရာတွင် ငွေကုန်ကျ မှုများရှိနေသဖြင့် ငွေကြေးကုန်ကျမှု အတွက် စိုးရိမ်ပူပင်စွာခံစားပြီး သုံးစွဲနေကြရသည့် လက်ကိုင် ဖုန်းဖြင့်စကားပြောဆိုခြင်းနှင့် အင်တာနက် အသုံးပြုခြင်းတို့အတွက် ပြည်သူ အများစု သည် စိတ်လိုက်ကိုယ်ပါ အသုံးမပြုနိုင်ဘဲ အချိန်အနည်းငယ် သာပြောဆိုသုံးစွဲမှုများရှိနေကြရသည်။

“လက်ကိုင်ဖုန်းနဲ့ အင်တာနက် အသုံးပြုနေတဲ့အချိန်မှာ ငွေကုန်ကျမှု အတွက် စိုးရိမ်စရာမရှိနိုင်တဲ့နှုန်းထားနဲ့ ကျွန်တော်တို့ တယ်လီနောကဝန်ဆောင်မှုပေးသွားမှာပါ။ လက်ကိုင်ဖုန်းသုံးစွဲသူတိုင်း အင်တာနက်ကို စိတ်အေးချမ်းသာစွာအသုံးပြုနိုင်မှာပါ” ဟု Mr. Petter Furbers က ပြောသည်။

တယ်လီနောသည် မြန်မာနိုင်ငံတွင် မြန်နှုန်းမြင့်အင်တာနက်စနစ်ကို အသုံးပြုနိုင်ရန် ကြိုးစားနေပြီး မြန်မာ နိုင်ငံတစ်ဝန်း တာဝါတိုင်ပေါင်း ၈၀၀နှင့် ၁၀၀၀ ကြား ထူထောင်သွားရန် စီစဉ်နေပြီဖြစ်သည်။ သို့သော်လည်း ယင်းဆက်သွယ်ရေး တာဝါတိုင်များထူထောင်ရာတွင် အခက်အခဲတစ်ရပ်မှာ မြေနေရာ ရှာဖွေနေရခြင်း ဖြစ်သည်။ 
 
တယ်လီနောသည် 3G ကွန်ရက် နှင့်အတူ 2G ကွန်ရက်များကို စတင် ဝန်ဆောင်မှုများပေးရန် စီစဉ်နေ သည်။ 2G သည် ပုံမှန်အသုံးပြုနေ သော အီးမေးလ်နှင့် ဖေ့စ်ဘွတ်ခ် တို့အပြင် အခြား Application များ ကို အသုံးပြုနိုင်ပြီး 3G ကွန်ရက်မှာ ဗီဒီယိုစနစ်ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ တယ်လီနောသည် အင်တာနက်စနစ် တွဲဖက်ပါသော ဆင်းကတ်များကို ရောင်းချရာတွင် အသုံးပြုသည့်အခါ အဆင်ပြေမည့် ဟန်းဆက်များကိုလည်း ရောင်းချ သွားရန် စီစဉ်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် လောလောဆယ်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လည်း နိုင်ငံတစ်ဝန်းသို့ ၂၀၁၃ ခုနှစ် ဧပြီလမှ ၂၀၁၄ ခုနှစ် ဧပြီလအထိ တန်ဖိုးနည်း CDMA 800 MHz တယ်လီဖုန်း၂၄၉၀၀၀၀၊ GSM တယ် လီဖုန်း ၁၅၄၉၇၀၀နှင့် WCDMA တယ်လီဖုန်း၆၁၀၃၀၀ စုစုပေါင်းတန်ဖိုး နည်းတယ်လီဖုန်း ၄ ဒသမ ၆၅ သန်း ရောင်းချပေးနိုင်ခဲ့ပြီဖြစ်သည်။

ယင်းတယ်လီဖုန်းများ အပါအဝင် မြန်မာ နိုင်ငံတစ်ဝန်း မိုဘိုင်းတယ်လီဖုန်းပေါင်း ၈ ဒသမ ၄၅ သန်းကျော်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရောင်းချပေး နိုင်ခဲ့ရာ ပြည်သူအများအပြား မိုဘိုင်း ဖုန်းများ ဈေးနှုန်းသက်သာစွာဖြင့်သုံးစွဲနိုင်ခဲ့ကြသည်။

MOI Webportal Myanmar


0 comments:

Post a Comment