GSM-ဖုန်းလိုင်းကောင်းမွန်စေရန် မန္တလေးတိုင်းဒေသကြီး၌ ယခုသီတင်းပတ်
နှစ်ပတ်အတွင်း လိုင်းပေါင်း သုံးသိန်းကျော် တိုးချဲ့နိုင်ရန် GSM/UMTS
(1+3)ရေဒီယိုစခန်းပေါင်း ၁၂၀-ထိ တည်ဆောက်သွားမည်ဖြစ်၍ ဖုန်းပြောဆိုမှုနှင့်အင်တာနက်လိုင်းကျပ်တည်းမှုများကို ဖြေရှင်းပေးသွားနိုင်မည်ဟုမြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊(မန္တလေး)ဒုတိယ အထွေထွေမန်နေဂျာ ဦးစောထူးသာကပြောသည်။

''မန္တလေး၇-မြို့နယ်မှာရေဒီယိုစခန်းပေါင်း၅၅ခုရှိပြီးလိုင်းကျပ်တည်းမှုဖြေရှင်းနိုင်အောင်မေလလယ်အတွင်းပြီးအောင်တိုးချဲ့တည်ဆောက်သွားမှာပါ။အရင်ရက်ပိုင်းမိုဘိုင်းဖုန်းအင်တာနက်လိုင်းတွေမကောင်းတာ၊ဖုန်းလိုင်းမကောင်းတာတွေကဖိုင်ဘာဆက်ကြောင်း
ပြုပြင်တာ/လဲနေတာ
ကြောင့်ဖြစ်တာပါ။” ဟုယင်းကဆက်လက်ပြောဆို သည်။
မန္တလေးတိုင်းဒေသကြီးတွင် GSM ဖုန်းလိုင်းပေါင်း ၅၅၀ ၀၀၀ ကျော်
ချထားပေးပြီးဖြစ်၍ လာမည့် မေလကုန် လောက်တွင် လိုင်းပေါင်း ၃၆၀ ၀၀၀
ကျော်တိုးလာမည်ဖြစ်၍ ဆက်သွယ်ပြောဆိုမှုဖုန်းလိုင်းများနှင့် အင်တာ
နက်လိုင်းများမှာ ယခုထက်ပိုမိုကောင်းမွန်လာနိုင်မည် ဟုဆိုသည်။

အင်တာနက်လိုင်း ကောင်း/မကောင်းဆိုတာ ဆက်သွယ်ရေးနဲ့ ရတနာပုံတယ်လီပို့အပိုင်းပါ။ဖိုင်ဘာဆက်ကြောင်းတွေကောင်းဖို့လိုတယ်။ရေဒီယိုစခန်းတွေတိုးချဲ့တိုင်းဖုန်းလိုင်းကျပ်တည်းမှုကို ဖြေရှင်းမပေးနိုင်ဘူး။ E-1 Line တွေတိုးဖို့နဲ့ခုနောက်ပိုင်းနည်းပညာအရ GE-Link,FE-Link တွေ တိုးပြီးတပ်ဆင်ပေးပြီးBackBone တွေကလည်း ပံ့ပိုးနိုင်ရင် ဖုန်းလိုင်းကျပ်တာတွေ မဖြစ်နိုင်တော့ဘူး။”
ဟု ပြင်ပဆက်သွယ်ရေးကုမ္ပဏီ တစ်ခုမှ ပညာရှင်တစ်ဦးက ပြောဆိုသည်။
လက်ရှိ မိုဘိုင်းဆက်သွယ်ရေးရေဒီယိုစခန်းများတွင်
E-1လိုင်းများတပ်ဆင်ထားသော်လည်း နည်းပညာအသစ် ဖြစ်သည့် GE-Link ,FE-Linkများ အသုံးပြုတပ်ဆင်ထားမှု နည်းသေးကြောင်း၊E-1 လိုင်းတစ်ခုလျင် 32-Chenalရှိ၍အမှန်တကယ်အသုံးပြုနိုင်သောလိုင်းမှာ ၃၀ ဖြစ်ပြီး၊အ၀င်
၁၅-လိုင်း၊အထွက် ၁၅-လိုင်း သာသုံးနိုင်ကြောင်း၊ အင်တာ နက်လိုင်းများကို
နိုင်ငံတကာကဲ့သို့ အသုံးပြုနိုင်ရန်မှာ မြန်မာ့ဆက်သွယ်ရေးအနေဖြင့်
Bandwidth ကို ထိန်းချုပ်ထားခြင်းမပြုဘဲ အပြည့်အ၀ပေးသင့်ကြောင်း ယင်းကသုံးသပ်ခဲ့သည်။
0 comments:
Post a Comment