Sketchup ဆိုတာ hand sketch ပုံစံ ဆွဲလို့ရတဲ့ software ပါ။ဒီကောင်လေးက 3D အထိပါ ကောင်းကောင်းမွန်မွန် ဖန်တီးလို့ရတယ်။အရင်ကတော့ architectural industry အတွက်ရည်ရွယ်ခဲ့တယ်။
အခုအချိန်မှာတော့ civil ,mechanical ,game development တွေ အထိပါ အသုံးပြုလာတဲ့ အထိ တိုးတက်လာပါတယ်။သူရဲ့  အဓိက quality ကတော့ marker rendering နဲ့ presentation လုပ်တဲ့ ပုံစံမျိုးက အစ blue print , hand sketch စတိုင်မျိုးစုံ စသဖြင့် art ဆန်ဆန် 3d ပုံရိပ်တွေကို လွယ်လွယ်ကူကူ ဖော်ပြပေးနိုင်ပါတယ်။ တော်ရုံ 3d နားမလည်တဲ့ သာမန်လူတွေပါ သုံးနိုင်တဲ့ အထိ tools တွေကလည်း လွယ်ကူပါတယ်။ပထမဦးဆုံးအနေနဲ့ ၂၀၀၀ ခုနှစ်လောက်က startup company က ထုတ်ခဲ့ပြီး" 3D for Everyone " လို့ကြွေးကြော်ခဲ့ပါတယ်။
အဲဒီ နှစ်မှာပဲ Community Choice Award ကို first tradeshow မှာပဲ ရခဲ့ပါတယ်။နောက်ပိုင်းမှာ Google က စိတ်ဝင်စားပြီး google earth မှာ plugin အနေနဲ့ အသုံးပြူရာကနေစပြီး Google Sketchup 6 အနေနဲ့ ထုတ်ခဲ့ပါတယ်။နောက်ဆုံး version က Sketchup 8 ပါ။ Sketchup မှာ ရိုးရိုး Sketchup နဲ့ Sketchup pro ရယ်လို့ နှစ်မျိုးထုတ်ပါတယ်။ရိုးရိုး Sketchup ကို free version အနေနဲ့ အသုံးပြုဖို့ပေးထားပြီး Sketchup pro ကိုတော့ commercial version အနေနဲ့ ထုတ်ပါတယ်။
Sketchup software တစ်ခုထဲမှာပဲ အပြီးဆွဲ ပုံထုတ်မယ်ဆိုရင် တော်ရုံ Professional အနေနဲ့ အသုံးပြုလို့ရတဲ့ အထိ sketchup free version အနေနဲ့ စွမ်းဆောင်ပေးနိုင်ပါတယ်။pro မှာတော့ တစ်ခြား software တွေနဲ့ ချိတ်ဆက်တာမျိုး ဥပမာ autocad file တွေ import လုပ်တာ export ထုတ်တာမျိုးတွေပါ။3d additional tools တွေ အပြင် presentation လုပ်ဖို့ သပ်သပ် layout နဲ့ style builder software တွေ ပါပါလာပါတယ်။သူ့ရဲ့ နမူနာပုံလေးတွေ ကြည့်နိုင်ပါတယ်။
နောက် ပိုင်းမှာတော့ realistic အတွက် rendering plug-in တွေ အများကြီး sketchup အတွက်ထွက်လာပါတယ်။ Indigo Renderer , Su podium , vray စသဖြင့်များစွာအသုံးပြုနိုင်ပါတယ်။ sketchup ရဲ့  အားသာချက်တစ်ခုက အထက်က ပုံက ကား model မျိုးဆွဲမယ်ဆိုရင် ပုံမှန် tools တွေ နဲ့ ဆွဲလို့အဆင်မပြေတဲ့ အတွက် modeling plugin တွေ များစွာ online blog တွေ forum တွေ မှာ free ရယူနိုင်သလို ဘယ်လို 3d model တွေ ဖြစ်ဖြစ် ဥပမာ hotel တစ်ခုလုံးဆွဲထားတာမျိုး ၊ တိုက်တန်းနစ် သဘောင်္လိုမျိုး၊ office furniture ..etc အကုန်လုံးကို google 3d warehouse ကနေ free download ချသုံးနိုင်ပါတယ်။sketchup relastic rendering plugin တွေနဲ့ ဒီလိုပုံလေးတွေ ရနိုင်ပါတယ်။

Sketchup နဲ့ ပတ်သတ်ပြီး free version တွေ သုံးဖို့ ဒေါင်းချင်တယ် ပြည့်ပြည့်စုံစုံ သိချင်တယ်ဆိုရင် သူ့ရဲ့  offical site မှာ အားလုံး ရယူလေ့လာနိုင်ပါတယ်။
http://sketchup.google.com/
အသုံးပြုနည်း လက်တွေ့ Video လေးတွေလေ့လာချင်ရင်တော့ ဒီနေရာမှာ လေ့လာနိုင်ပါတယ်..။
SketchUp 2014
There’s a reason SketchUp is synonymous with friendly and forgiving
3D modeling software: we don’t sacrifice usability for the sake of
functionality. Start by drawing lines and shapes. Push and pull surfaces
to turn them into 3D forms. Stretch, copy, rotate and paint to make
anything you like. If you want to be productive within a couple of
hours, you’ve come to the right place.
www.winkabarkyaw.net

1 comments:
ကျေးဇူး အရမ်းတင်ပါတယ်ဗျ.
Post a Comment