Intel ကုမ္ပဏီရဲ့ စတုတ္ထမျိုးဆက် processor တွေကိုများ မကြာမီ ကာလအတွင်းမှာ desktop များ၊ laptop များနဲ့ tablet များမှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ Core i3, i5, i7 တို့နဲ့ ဖြန့်ချိမယ့် code နာမည် Haswell လို့ခေါ်တဲ့ Intel ရဲ့ မျိုးဆက်သစ် processor ကို desktop နဲ့ မိုဘိုင်း processor အနေနဲ့ Intel က တရားဝင် မိတ်ဆက်ပေးထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် Haswell processor နဲ့ပတ်သက်ပြီး သိထားသင့်တာတွေကို ဖော်ပြလိုက်ပါတယ်။
- Haswell processor ဆိုတာဘာလဲ။
Haswell ဆိုတာ Intel ရဲ့ စတုတ္ထမျိုးဆက် Core i-series processor အတွက် code အမည်ဖြစ်ပါတယ်။ အရင် နောက်ဆုံးမျိုးဆက်ရဲ့ code အမည် Ivy Bridge ဖြစ်ပါတယ်။ Ivy Bridge ကို ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းမှ ဖြန့်ချိခဲ့တာပါ။ Haswell CPU သစ်တွေကို desktop အခြေခံ quad-core processor များ၊ dual-core mainstream processor များ၊ စွမ်းအင် သုံးစွဲမှု နည်းပြီး ဘက်ထရီ သက်တမ်းရှည်ကြာတဲ့ ultrabook processor များနဲ့ tablet အတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ processor များဆိုပြီး ထုတ်လုပ်မှာ ဖြစ်ပါတယ်။
- Processor သစ်တွေကို PC တွေမှာ မြင်တွေ့ရမလား။
PC တွေမှာတော့ စွမ်းဆောင်ရည်မြင့် quad-core processor တွေကို အရင်ဆုံး တွေ့မြင်ရမှာပါ။ ဒီ PC အမျိုးအစားတွေဟာ ဈေးနှုန်း မြင့်မားပေမယ့် စွမ်းဆောင်ရည် မြင့်တဲ့ PC တွေဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ middle-range processor တွေကို ဖြန့်ချိပါလိမ့်မယ်။ လအနည်းငယ် အကြာမှာတော့ PC အများစုမှာ Haswell processor တွေကို တွေ့မြင်ရပါမယ်။
- Haswell processor အသုံးပြု PC တွေကို ဘယ်လိုသိနိုင်မလဲ။
Haswell processor အသုံးပြု PC တွေမှာ Haswell ဆိုတဲ့ စာလုံးကို တွေ့မြင်ရမှာ မဟုတ်ပါဘူး။ Core i3, i5, i7 တွေကိုပဲ တွေ့ရမှာပါ။ i3 processor က အနှေးဆုံးဖြစ်ပြီး i7 ကအမြန်ဆုံးပါ။ Haswell processor အသုံးပြု PC တွေမှာ အသုံးပြုထားတဲ့ i7, i5 စာလုံးတွေရဲ့နောက်မှာ ၄ နဲ့ (ဥပမာ – Core i7-4650U) စတာကို တွေ့ရပါမယ်။ အရင် တတိယမျိုးဆက် processor တွေမှာတော့ ၃ နဲ့ စပါတယ်။ နောက်ပြီး Intel ဟာ mobile processor အမျိုးအစားကို ၄ မျိုး ခွဲထားပါတယ်။ “H” ဆိုတာကတော့ စွမ်းaဆာင်ရည်မြင့် quad-core processor တွေကို ရည်ညွှန်းပါတယ်။ “M” ကတော့ laptop များနဲ့ desktop အချို့အတွက် main stream quad-core နဲ့ dual-core တို့ကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။ “U” ကတော့ စွမ်းအင်သုံးစွဲမှု နည်းပါးတဲ့ hybrid များအတွက် ဖြစ်ပါတယ်။ “Y” ကတော့ စွမ်းအင်သုံးစွဲမှု နည်းတဲ့ tablet နဲ့ detachable hybrid တွေအတွက် ဖြစ်ပါတယ်။
- Dual-core processor သစ်တွေက ဘာတွေလုပ်ဆောင်ပေးနိုင်မလဲ။
Haswell processor သစ်ဟာ ပြီးခဲ့တဲ့နှစ်က ဖြန့်ချိခဲ့တဲ့ Ivy Bridge Processor များထက် ပိုမိုလျင်မြန်သလို ultrabook နဲ့ tablet များရဲ့ ဘက်ထရီ သက်တမ်းကို ပိုမိုကြာမြင့်စေပြီး graphics စွမ်းဆောင်ရည်ကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ Intel ကတော့ ultrabook တွေရဲ့ ဘက်ထရီ သက်တမ်းကို ၃ နာရီအထိ အသုံးပြုနိုင်စေပြီး graphics စွမ်းဆောင်ရည်မှာလည်း တတိယမျိုးဆက် Ivy Bridge processor များထက် သိသာထင်ရှားစွာ ပိုမိုကောင်းမွန်လာတယ်လို့ ဆိုထားပါတယ်။
- ဒါဆိုရင် Haswell ultrabook တွေနဲ့ tablet တွေမှာ ဂိမ်းတွေကို ကောင်းမွန်စွာ ကစားနိုင်တယ်လို့ ဆိုလိုတာလား။
ဟုတ်ပါတယ်။ Haswell processor သစ်မှာ ပါဝင်တဲ့ inte-grated graphics ဟာ laptop တွေနဲ့ desktop တွေအပြင် tablet တွေနဲ့ ultrabook တွေမှာပါ ဂိမ်းကစားခြင်း၊ video encoding လုပ်ခြင်းနဲ့ graphics အခြေခံလုပ်ဆောင်ချက်တွေကို ယခင်ကထက် ပိုမိုကောင်းမွန်စွာနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
- Ultrabook သစ်တွေနဲ့ tablet သစ်တွေရဲ့ ဘက်ထရီ သက်တမ်းက ဘယ်လောက်ကြာရှည်သလဲ။ တစ်နေ့လုံး သုံးလို့ရလား။
စမ်းသပ် တွက်ချက်မှုများအရ ultrabook သစ်တွေနဲ့ tablet သစ်တွေရဲ့ ဘက်ထရီ သက်တမ်းဟာ ၂ နာရီကနေ ၃ နာရီအထိ ကြာမြင့်တယ်လို့ Intel က ဆိုထားပါတယ်။
- Processor သစ်အသုံးပြု ultrabook တွေမှာ feature သစ်တွေ ပါလာမလား။
အနည်းငယ် ပါလာပါတယ်။ Wi-Di 4.1 ဟာ Haswell processor တွေမှာ built-in ပါဝင်လာပါတယ်။ Intel ရဲ့ wireless display နည်းပညာဖြစ်တဲ့ Wi-Di ဟာ ဗီဒီယိုနဲ့ အသံဖိုင်တွေကို TV နဲ့ monitor ထံ ကြိုးမဲ့စနစ်နဲ့ လွှင့်ပေးနိုင်ပါတယ်။ ဒီနည်းပညာကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက စတင်အသုံးပြုခဲ့တာပါ။ ဒါပေမဲ့ အခုနောက်ဆုံး version မှာတော့ နှေးကွေးမှု နည်းပါးသွားပြီး touch PC များအတွက် touch interface သစ်တစ်ခုလည်း ပါလာပါတယ်။ ဒါပေမဲ့ Wi-Di နဲ့တွဲဖက်သုံးနိုင်တဲ့ TV သို့မဟုတ် plug-in adapter တစ်ခု လိုအပ်ပါတယ်။ Intel ရဲ့ အဆိုအရ စတုတ္ထမျိုးဆက် Haswell ultrabook တွေမှာ sleep mode ကနေ ၃ စက္ကန့်အတွင်း ပြန်ဖွင့်ပေးနိုင်ပြီး Webcam နဲ့ microphone ကိုအသုံးပြုကာ gesture တွေနဲ့ အသံတို့ကို မှတ်သားနိုင်မယ့် computing interface တွေလည်း built-in ပါဝင်ပါတယ်။
- Ultrabook သစ်အားလုံးမှာ touch စနစ် ပါဝင်လာသလား။
Intel ကုမ္ပဏီဟာ စတုတ္ထမျိုးဆက် Intel Core i-series ultrabook အားလုံးအတွက် လိုအပ်ချက် တစ်ခုဖြစ်နေတဲ့ touch screen နဲ့ ပတ်သက်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့် ပါးလွှာတဲ့ laptop အချို့မှာ touch စနစ် ပါဝင်လာဖွယ် ရှိပါတယ်။
- Haswell processor ပါဝင်တဲ့ PC ကိုစောင့်သင့်သလား။
ဘက်ထရီ သက်တမ်းနဲ့ graphics ပိုမိုကောင်းမွန်တဲ့ ultrabook သို့မဟုတ် tablet တစ်လုံးကို ဝယ်ယူဖို့ စဉ်းစားနေတယ်ဆိုရင်တော့ Haswell processor ထွက်ရှိချိန်ကို စောင့်သင့်တယ်လို့ ဆိုရပါတယ်။
Credit : Knowledge Box







0 comments:
Post a Comment