မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက
ဆင်းမ်ကတ်များအား တစ်ပတ်လျှင် ဆင်းမ်ကတ်ပေါင်း နှစ်သိန်းခွဲ ဝန်းကျင်
ဖြန့်ဖြူး ရောင်းချပေးလျက် ရှိကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လက်ရှိ ရောင်းချပေးနေသော ဆင်းမ်ကတ်
အရေအတွက်ထက်ပို၍ တိုးချဲ့ချထားပေးနိုင်ရန် စီစဉ်လျက် ရှိကြောင်း
ပြောကြားသည်။ “တစ်ပတ်ကို ဆင်းမ်ကတ်ပေါင်း နှစ်သိန်းခွဲ ဝန်းကျင်လောက်
ရောင်းချပေးနေ ပါတယ်။
တချို့အပတ်တွေဆိုရင် နှစ်သိန်းကိုးသောင်း လောက်အထိ
ဖြစ်သွားတယ်။
တောက်လျှောက်တိုးချဲ့နေပါတယ်” ဟု ပြောကြားသည်။
ယခုဘဏ္ဍာနှစ်အတွင်း ဆင်းမ်ကတ် အရေအတွက် မည်မျှ ချထားပေးမည်ကို အတိအကျ
မပြောနိုင်သေးသော်လည်း လိုင်းအင်အား တိုးချဲ့ခြင်းများကို
ဆောင်ရွက်လျက်ရှိကြောင်း၊ တိုးချဲ့ခြင်း အလိုက် ဖြန့်ဖြူးပေးသွားမည်
ဖြစ်ကြောင်း ပြောကြား သည်။
http://internetjournal.media/new/1684






0 comments:
Post a Comment