iPhone တွင် app များပိတ်ခြင်းဖြင့် ဘက်ထရီစွမ်းအင် ချွေတာခြင်း မပြုနိုင်ဟုဆို


iPhone အသုံးပြုလျက်ရှိသော လူအများစုသည် ၎င်းတို့အသုံးပြုခဲ့သော app များအားလုံး ပိတ်ထားပါက ဘက်ထရီစွမ်းအင် ချွေတာနိုင်သည်ဟု မှတ်ယူလျက်ရှိကြောင်း၊ သို့သော်လည်း ထိုအယူအဆမှာ မမှန်ကန်ကြောင်း Business Insider ကဖော်ပြခဲ့သည်။

iPhone သုံးစွဲသူများစွာသည် ဘက်ထရီစွမ်းအင်ကို ချွေတာနိုင်ရန် switcher မှတစ်ဆင့် app အား ပြန်လည်မဖွင့်မီအထိ ဖယ်ရှားထားလေ့ရှိသည်။ သုံးစွဲသူများအနေဖြင့် ယခင်ဖွင့်ခဲ့သော app များသည် လှုပ်ရှားမှုမရှိသော ပုံရိပ်သာဖြစ်ကြောင်း အထူးသဖြင့် iPhone သည်သုံးစွဲသူများကို recent app များ၏ရုပ်ပုံဆိုင်ရာ စာရင်းများကို ပြသပေးခြင်းဖြစ်ကြောင်း Business Insider မှ ပြောကြားခဲ့သည်။


iPhone တွင် အသုံးပြုထားသော မိုဘိုင်း operating system iOS သည် app များကို ပိတ်ရန်  Background App Refresh feature ကို ထည့်သွင်းပေးထားသည်။ တုံ့ပြန်မှုမရှိသော app အား အတင်းအကျပ် ပိတ်ရန်မလိုအပ်ကြောင်း၊ App အချို့သည် suspended state သို့မရောက်ရှိမီ တိုတောင်းသော အချိန်တို တစ်ခုအတွင်း အလုပ်လုပ်ကြောင်း၊ ၎င်း app များသည် system resource များတွင် နေရာယူခြင်း သို့မဟုတ် ဖွင့်ပြီးအသုံးပြုလျက် မရှိကြောင်း၊ သုံးစွဲသူက အဆိုပါ app များသို့ ရောက်ရှိသည့်အခါ ၎င်းတို့သည် ပွင့်သွားမည်ဖြစ်ကြောင်း Apple က၎င်း၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။


ထို့ကြောင့် သုံးစွဲသူများ အနေဖြင့် iPhone တွင် app များအား မရှင်းလင်းမိဘဲ အိပ်ရာဝင်မိပါက app များကို ချက်ခြင်း swipe up မလိုအပ်ပေ။
 
Ref: BusinessInsider


 http://internetjournal.media/news/3035

0 comments:

Post a Comment