Windows 10 ကို pen drive ဖြင့် Microsoft ရောင်းချဖွယ်ရှိ



Windows 10 သည် အိမ်သုံး user များအတွက် အခမဲ့ ဖြန့်ချိမည့် ပထမဦးဆုံး operating system ဖြစ်လာမည် ဖြစ်သလို Micorosoft က ပုံမှန် DVD များအစား pen drive ဖြင့် ပထမဦးဆုံး ရောင်းချမည့် operating system လည်း ဖြစ်လာဖွယ်ရှိကြောင်း ကနေဒါ ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြထားချက်အရ သိရသည်။


၎င်းဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ Windows 10 ကို “Microsoft Win Home 10 32-bit/64-bit English 1 License USB Flash Drive KW9-00016” ဟု အမည်ပေးထားဖွယ်ရှိပြီး တန်ဖိုးကို ကနေဒါဒေါ်လာ ၁၂၄ ဟူ၍ သတ်မှတ်ထားသည်။


DVD နှင့် နှိုင်းယှဉ်လျှင် pen drive များသည် အချက်အလက်သိမ်းဆည်းရာတွင် ပိုမိုမြန်ဆန်သလို အလွယ်တကူလည်း သယ်ဆောင်သွားနိုင်သည်။ ထို့အပြင် DVD သည် ခေတ်မမီတော့သည့် အရာတစ်ခု ဖြစ်လာလျက်ရှိပြီး Apple က ၎င်း၏ MacBook များတွင် DVD drive များ ထည့်သွင်းခြင်း မရှိတော့သလို high end laptop များနှင့် hybrid များအပြင် Micorosoft ၏ ကိုယ်ပိုင် Surface တို့တွင်လည်း DVD drive ပါဝင်ခြင်း မရှိတော့ပေ။


Windows 10 ကို ဇူလိုင်လ ၂၉ ရက်တွင် ဖြန့်ချိရန် သတ်မှတ်ထားသည်။ ၎င်းကို Windows 7, Windows 8 နှင့် Windows 8.1 တရားဝင်သုံးစွဲသူများ အားလုံးက အခမဲ့အနေဖြင့် အသုံးပြုနိုင်ဖွယ်ရှိသည်။ ထို့အပြင် Windows ကို တရားမဝင် သုံးစွဲသူများကလည်း Windows 10 ကို အခမဲ့ ရရှိနိုင်ဖွယ်ရှိနေသည်။

Ref: IndianToday


 http://internetjournal.media/news/3098

0 comments:

Post a Comment