ဒေါ်လာ ၁၃၀ တန် Windows ကွန်ပျူတာကို Lenovo မိတ်ဆက်



HDMI မှတစ်ဆင့် မည်သည့် display နှင့်မဆို ချိတ်ဆက်အသုံးပြုနိုင်မည့် ဒေါ်လာ ၁၃၀ တန် Ideacenter Stick 300 ကို Lenovo က မိတ်ဆက်ပေးခဲ့သည်။
 

HDMI port တွင် တပ်ဆင်အသုံးပြုနိုင်မည့် အဆိုပါ ကွန်ပျူတာများကို Intel Baytrail Z3735F CPU, 2GB RAM နှင့် 32GB သိုလှောင်မှုပမာဏဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ ၎င်းတွင် Windows 8.1 ကို အသုံးပြုထားပြီး built-in speaker နှင့် SD Card reader တစ်ခု ပါဝင်သည်။


Memory stick အရွယ်ရှိ Windows ကွန်ပျူတာများကို TV အပါအဝင် HDMI port ပါဝင်သည့် မည်သည့် display တွင်မဆို အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်သည်။ ထို့အပြင် keyboard နှင့် mouse တို့ကို Bluetooth မှတစ်ဆင့် ချိတ်ဆက် အသုံးပြုနိုင်သည်။


Ref: TechCrunch

 
http://internetjournal.media/news/3080

0 comments:

Post a Comment