Apple
၏ 3D Touch ကဲ့သို့ လုပ်ဆောင်နိုင်မည့် ကုမ္ပဏီ၏ ClearForce နည်းပညာကို
လာမည့်နှစ် အစောပိုင်းတွင် ဖုန်းများ၌ ပေါင်းစပ်ထည့်သွင်းမည် ဖြစ်ကြောင်း
Synaptics မှ ကြေညာခဲ့သည်။
ClearForce သည် လျင်မြန်စွာ scroll လုပ်ခြင်း၊ zoom ချဲ့ခြင်း၊ ထုတ်ကုန်တစ်ခုကို unlock ပြုလုပ်ခြင်း စသည့် မတူကွဲပြားသော လုပ်ဆောင်ချက်များအတွက် touchscreen တစ်ခုပေါ်ရှိ မတူညီသော ဖိအားကို ထိန်းချုပ်ကွပ်ကဲနိုင်သည်။
အဆိုပါ နည်းပညာကို ၂၀၁၆ ခုနှစ် အစောပိုင်းတွင် တင်ပို့ရောင်းချဖွယ်ရှိသော စမတ်ဖုန်းများ၌ ထည့်သွင်းရန်အတွက် ကမ္ဘာတစ်ဝန်းရှိ OEM များနှင့် LCM များနှင့် လုပ်ဆောင်နေကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။
သို့သော်လည်း ၎င်းနည်းပညာသစ်ကို မည်သည့် ထုတ်ကုန်များ၌ အသုံးပြုနိုင်မည်ဆိုသည်ကိုမူ ကုမ္ပဏီမှ ရှင်းလင်းစွာ ပြောကြားခဲ့ခြင်း မရှိပေ။
Huawei ကမူ ယခုနှစ်တွင် ကျင်းပခဲ့သော IFA ပြပွဲတွင် screen ကို ခပ်ပြင်းပြင်း ဖိသည့်အခါ zoom ချဲ့ခြင်း၊ preview ကြည့်ခြင်းတို့ကို ပြုလုပ်ပေးနိုင်သည့် ကုမ္ပဏီပိုင် pressure-sensitive display ပါဝင်သော Mate S ဖုန်းကို မိတ်ဆက်ပေးခဲ့သည်။
Ref: TheNextWeb
Credit internetjournal
သီဟထိုက်
My Facebook Account Click

0 comments:
Post a Comment