၂၁.၅ လက်မ 4K iMac သစ်ကို လာမည့် ရက်သတ္တပတ်တွင် မိတ်ဆက်ရန် Apple စီစဉ်နေ




Apple သည် 4K display ပါဝင်သော ၂၁.၅ လက်မ iMac သစ်ကို လာမည့် ရက်သတ္တပတ်တွင် မိတ်ဆက်ရန် စီစဉ်နေကြောင်း 9to5Mac မှ ဖော်ပြခဲ့သည်။

အဆိုပါ iMac သစ်သည် လက်ရှိ အမျိုးအစားများနှင့် အလွန်ကွာခြားမှု မရှိဘဲ 4096 x 2304 screen နှင့် အလွန်လျင်မြန်သည့် ဂရပ်ဖစ်ကတ်များ ပါဝင်လာမည် ဖြစ်သည်။

၎င်း iMac သစ်ကို အောက်တိုဘာလ ၁၃ ရက်တွင် El Capitan နှင့် တင်ပို့ရောင်းချဖွယ်ရှိပြီး တန်ဖိုးမှာ non-4K iMac ထက် ဈေးအနည်းငယ် ကြီးမြင့်ဖွယ်ရှိကြောင်း သိရသည်။

Ref: TheVerge
Credit  internetjournal
သီဟထိုက်
My Facebook Account Click



0 comments:

Post a Comment