Expreian လုံခြုံရေးစနစ် ချိုးဖောက်ခံရပြီးနောက် T-Mobile သုံးစွဲသူ ၁၅ သန်း၏ အချက်အလက်များ ပေါက်ကြားခဲ့




ဟက်ကာတစ်ဦးသည် T-Mobile ၏ credit application သုံးစွဲသူ ၁၅ သန်း၏ အချက်အလက်များကို ရယူခဲ့ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

အဆိုပါ လုံခြုံရေးစနစ် ပေါက်ကြားမှုသည် T-Mobile ၏ credit application လုပ်ဆောင်ချက်များကို စစ်ဆေးဆောင်ရွက်သည့် Experian ကုမ္ပဏီတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း T-Mobile အမှုဆောင်အရာရှိချုပ် ဂျွန်လက်ဂရီက ပြောကြားခဲ့သည်။

Experian North America ကမူ ကုမ္ပဏီ၏ လုပ်ငန်းခွဲတစ်ခုမှာ ထိန်းချုပ်ခံခဲ့ရသော်လည်း လုပ်ငန်းတစ်ခုလုံးကို ထိခိုက်ခဲ့ခြင်း မရှိကြောင်း ဆိုခဲ့သည်။

Experian North America ၏ မိခင်ကုမ္ပဏီဖြစ်သော Experian သည် အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့တွင် အခြေစိုက်သည်။

“ယခုဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။ ဒါပေမဲ့ ဟက်ကာက သုံးစွဲသူ ၁၅ သန်းရဲ့ မှတ်တမ်းတွေကို ရယူသွားခဲ့ပါတယ်။ အဲ့ဒီမှတ်တမ်းတွေမှာ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁ ရက်ကနေ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၆ ရက်အထိ ဝန်ဆောင်မှုအသုံးပြုခွင့် လျှောက်ထူးသူတွေရဲ့ အကြွေးဝယ်စနစ် စစ်ဆေးမှုအတွက် လိုအပ်တဲ့ အချက်အလက်တွေ ပါဝင်ပါတယ်” ဟု လက်ဂရီက ပြောကြားခဲ့သည်။

Experian မှ ပြောရေးဆိုခွင့်ရှိသူ ဆူဆန်ဟန်ဆန်က “ဒီအချက်အလက်တွေဟာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းက ဝန်ဆောင်မှုကို လျှောက်ထားတဲ့ T-Mobile သုံးစွဲသူတွေရဲ့ အချက်အလက်တွေ ဖြစ်ပါတယ်” ဟု ဆိုခဲ့သည်။
ထိန်းချုပ်ခံရသော အချက်အလက်များတွင် သုံးစွဲသူများ၏ အမည်များ၊ လိပ်စာများ၊ မွေးနေ့များနှင့် encyrpt လုပ်ထားသော Social Security နံပါတ်နှင့် ID နံပါတ်တို့ ပါဝင်ကြောင်း သိရသည်။

USAToday
Credit  internet journal


Thiha Htike(THT)
My Facebook Account Click

0 comments:

Post a Comment