Application တွေကို Portable ဖြစ်အောင် ဘယ်လို ဖန်တီးယူရမလဲ

portable software တစ်ခုဖြစ်လာဖို့အတွက်
(၁) win rar
(၂) universal Extractor နှစ်မျိုးရှိရပါမယ် . winrar ကတော့ လူတိုင်းနီးနီးမှာ ရှိကြမှာပါ . ဒါ့ကြောင့် မတင်ပေး တော့ပါဘူး . universal extractor ကိုတော့ တင်ပေးလိုက်တယ် . အောက်မှာ Download လုပ်လိုက်ကြပါ .

Download


firefox 3.5.5 ကို portable လုပ်ပြလိုက်ပါ့မယ် .


လုပ်နည်း

(၁) ပေးထားတဲ့ win rar နှင့် universal Extractor နှစ်မျိုးလုံးကို install လုပ်ပါ
(၂) ကိုလုပ်ချင်တဲ့ program ကို right click ထောက်ပြီး အောက်မှာပြထားတဲ့ ပုံထဲအတိုင်း UniExtract to Subdir. ကိုရွေးလိုက်ပါ .
(၃) ပုံ-၂ ထဲကလို ဖိုင်တွေ ကျလာပါလိမ့်မယ် . အားလုံးကို select all ပေးလိုက်ပြီး Add to archive ကို နှိပ်လိုက်ပါ .
(၄) General >> compression methut မှာ Normal ထားပြီး Create SFX Archive မှာ အမှန်ခြစ်ပေးထားလိုက်ပါ .
(၅) Advanced >> SFX options ကို နှိပ်လိုက်ပါ .
(၆) Modes ကို နှိပ် >> unpack to temporary folder မှာ အမှန်ခြစ်ပေး ပြီး Hide all ကို ရွေးထားလိုက်ပြီး ok ပေးလိုက်ပါ .
(၆) ပြီးရင် General >> setup program ရဲ့အောက်က Run after extraction အောက်မှာyour program name .exe ပေးလိုက်ပါ . မိမိပြုလုပ်မယ့် program ရဲ့ နာမည်ကိုရေးပေးပြီး သူ့နောက်က .exe နဲ့ ဖိုင်နာမည်ကို ဆုံးပေးထား လိုက်ပါမယ် . အားလုံးပြီးသွားရင် ok ကို နှိပ်လိုက်ပါမယ် . နောက်ဆုံးပုံထဲကလို protable ကျလာပါလိမ့်မယ် . တစ်ဆင့်ချင်း လုပ်လိုက်ပါ . လွယ်ပါတယ်

ကိုညီနေမင်းဆိုက်မှကူးယူဖော်ပြပါတယ်ခင်ဗျာ...

1 comments:

bro....ရေ လင့်  သေနေပြီထင်တယ်.....ဘာမှပေါ်မလာဘူး....

Post a Comment