Panda Cloud Antivirus +Freeware

Antivirus တွေအမျိုးမျိုးသုံးနေကြတဲ့ထဲက ဒါလေးကတော့ တော်တော်လေး စိတ်ချမ်းသာတွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ Key ပြဿနာမရှိလို့ပဲဗျာ။ Install မလုပ်ခင်မှာ သူ့ရဲ့  မူရင်း  ဆိုက်ကိုသွားပြီး register လုပ်ပေးရပါမယ်။ လုပ်ပြီးသွားရင် ကိုယ် register လုပ်ခဲ့စဉ်က သုံးခဲ့တဲ့ email ထဲကို activate link လေး ပို့ပေးပါလိမ့်မယ်။ အဲဒီ link ကို ကလစ်လိုက်ရုံနဲ့ activate ဖြစ်သွားပါပြီ။ ဒါဆိုရင် Install စလုပ်လို့ ရပါပြီ။ Install လုပ်ပြီးသွားရင် user name (email) နဲ့ password ကိုတောင်းပါလိမ့်မယ်။ အဲဒီမှာ ကိုယ် register လုပ်ခဲ့တဲ့ email နဲ့ password ကိုထည့်ပေးလိုက်ရင် ပြီးသွားပါပြီ။ ဒါဆိုရင် key ထည့်စရာမလိုပဲ Antivirus ကောင်းကောင်းတစ်ခုကို ရလိုက်ပါပြီ။ အခုထုတ်လိုက်တဲ့ Version လေးက window 7 မှာပါ သုံးလို့ရသလို တခြား window တွေလည်း ရတယ်..


အခုရက်ပိုင်း ကျနော်ရောက်နေတဲ့ နေရာမှာ connection error ကြောင့် upload ပြန်တင်မပေးတော့ဘူး ဗျာ။ သူ့ ဆိုက်မှာပဲ သွားဒေါင်းလိုက်ကြပါ။ဒေါင်းလုပ်ယူရန်  မူရင်းနေရာသို့ ......
 

0 comments:

Post a Comment