SPEED UP ACROBAT READER

ကျနော်တို့ ebook တွေ ဖတ်နေကြတဲ့ သူငယ်ချင်းတွေအတွက် Acrobat Reader ကို Notepad လို မြန်မြန်ဖွင့်လို့ရအောင် Speed မြှင့်လို့ ရမယ့် နည်းလမ်းတွေ မျှဝေပေးလိုက်ပါတယ်။ သိပြီး သူတွေလည်း ရှိကြပါလိမ့်မယ်။ ကျနော်လည်း အလုပ်များနေတာနဲ့ ဘာ software တွေမှ တင်မပေးနိုင်သေးပါဘူး။ အရင်တင်ထားပြီးသားလေးတွေပဲ အားတဲ့အချိန် တင်ပေးနေတာပါ။ အခု How to ခေါင်းစဉ်နဲ့ ဖော်ပြပေး နေတာလေးတွေကလည်း ရေးပြီးသား အဆင်သင့် ရှိနေလို့ တင်ပေးဖြစ်နေတာပါခင်ဗျာ...


၁။ C:\Program Files\ Adobe\ Acrobat\ ကို ရောက်အောင်သွားပါ။ (နမူနာပြထားခြင်းသာ ဖြစ်ပါတယ်၊ တကယ်တော့ ကိုယ် Install လုပ်ခဲ့တဲ့ Folder ရှိတဲ့နေရာကို ဖွင့်ရမှာပါ။)
၂။ ပြီးရင် Plug-ins ဆိုတဲ့ Folder ကို ရှာပါ။ တွေ့ရင် အဲဒီ Folder ထဲမှာ ရှိတာတွေ အားလုံးကို Cut လုပ်ပြီး Optional ဆိုတဲ့ Folder ထဲကို Paste လုပ်ပေးလိုက်ပါ။ (Optional ဆိုတဲ့ Folder မရှိရင်လည်း အသစ်ဖွင့်ပြီး ထည့်ပေးရင် ရပါတယ်။)
၃။ Cut , Paste လုပ်ရာမှာ File တွေ အကုန်လုံး ရွှေ့မရလို့ ရှိရင် Acrobat က run နေလို့၊ update လုပ်နေလို့ ဖြစ်ပါလိမ့်မယ်။

အဲလို လုပ်ပြီးသွားရင်တော့ Acrobat Reader ကို ဖွင့်ရာမှာ Notepad ကို ဖွင့်ရသလို မြန်မြန် ဆန်ဆန် ပွင့်သွားပါလိမ့်မယ်။

  မူရင်း။ ။   ခပ်ညံ့ညံ့မျှဝေမှုများ

0 comments:

Post a Comment