အားလုံးသတိထားနိုင်အောင်ဝေမျှတာပါ.....

 
ယခုပဲ ၀ါရင့်နိုင်ငံရေးသမားဟောင်းကြီး
တစ်ယောက်က သေချာသလောက် ရှိသော သတင်း တစ်ခုကို ပြောသွားပါတယ်။ ယင်း နိုင်ငံရေးသမားဟောင်းကြီးသည် အသက် ၇၃ နှစ် ရှိပြီ ဖြစ်ပြီး နိုင်ငံရေးမှုနှင့် အကြိမ်ကြိမ် ဖမ်းဆီး စစ်ဆေး ခံရပေမဲ့ အစိုးရကို မကြောက်တန်း စကားများကို ရဲရဲ ၀ံ့ဝံ့ ပြောရဲပေမဲ့ ယခင် ထမ်းဆောင်ခဲ့ဖူးတဲ့ ပါတီကြီး တစ်ခုရဲ့ သတင်းအမှန်ကိုတော့ ယနေ့ ဂျာနယ်များလိုပဲ မပြောရဲရှာပါဘူး။
သူပြောတဲ့ သတင်းက သေချာသလောက် ရှိတာမို့ အများပြည်သူများလဲ သတိထားနိုင်အောင် မျှဝေပေးလိုက်ပါတယ်။
“ သာစည်မှ ပျဉ်းမနား နယ် အထိကို မွတ်ဆလင် အုပ်ချုပ်ခွင့်ရ နယ်မြေ ဖြစ်စေရန် မွတ်ဆလင် ဘာသာ ပြန့်ပွားစေရန် ပါတီကြီး တစ်ခုအား ဆော်ဒီအာရေဗျနိုင်ငံမှ ဒေါ်လာ သန်းတစ်ရာ ထောက်ပံ့ထားကြောင်း”
ဖြစ်နိုင် မဖြစ်နိုင်တော့ မသိပေမဲ့ သာစည်မြို့မှာ မွတ်ဆလင် ဦးရေ များပြားလာသလို ရမည်းသင်းမြို့ကတော့ မွတ်ဆလင် ကြီးစိုးသည့် မြို့ဖြစ်ပါသည်။ ထို့ပြင် ပျော်ဘွယ်မြို့မှာလည်း တစ်စတစ်စ များပြားလာသော မွတ်ဆလင်တွေကို ကြည့်ကြပါ။ တပ်ကုန်းနှင့် ရမည်းသင်းမြို့ကြား ယင်းတော် ဆိုသော ရွာမကျ မြို့မကျ ရွာအကြီးစား ဟာ မွတ်ဆလင်ကုလားရွာပါ။ ပျဉ်းမနားမြို့မှ သာစည် မြို့အကြား ဘာသာရေး စာသင်ကျောင်းများ အများအပြား ဆောက်လုပ်ပြီး ဖြစ်ပါသည်။ ကျောက်ဆည်မြို့မှာ အထိကရုံး ဖြစ်ဖူးသလို ပျဉ်မနားမြို့မှာလည်း ကုလား ဗမာ အထိကရုံး ဖြစ်ဖူးပါသည်။ ပြဿနာ အစမှာ မွတ်ဆလင်များဖက်က အမြဲစခြင်း ဖြစ်သည်။
ဆော်ဒီမှ အာဏာရရှိရန် သုံးစွဲဖို့ ထောက်ပံ့ကြေးငွေ ပေးထားပြီး ပြန်တောင်းသည့် အခွင့် အရေးကတော့ အာဏာရလာလျှင် သာစည်မှ ပျဉ်းမနားမြို့အထိ နယ်မြေကို မွတ်ဆလင်ဘာသာရေး နယ်မြေ ဆိုပြီး ပေးရပါလိမ့်မယ်။
မြန်မာနိုင်ငံ၏ အလယ် အူကိုဖောက်ပြီး အနောက်တံခါးနဲ့ ဆက်မယ်။ ပြီးကျတော့ ကေအိုင်အေ ကို ၀င်ကူပြီး တောင်တန်းဒေသမှာ နယ်ချဲ့မယ်။ ဧရာဝတီ တိုင်းမှာလည်း ပြန့်ကျဲနေပြီး ကရင်ဒေသနဲ့ မောလမြိုင်ကို နေရာယူပြီးပြီ။ ၈၈ တုန်းကလဲ ပြည်တွင်း မငြိမ်သက်ချိန်မှာ ရခိုင်ကို စီးဖို့ ကြံရွယ်ခဲ့တယ်။ အဲဒီဖက်ကို တိုက်ထုတ်နေရ တုန်း ကရင်နဲ့ တိုက်နေရတာ တပ်မတော်သားတွေ ၄၊ ၅ ရက် ရေမသောက်ရ တောထဲမှာ အငတ်ခံပြီး ညကျမှ လေယာဉ်နဲ့ ရေခဲတုန်းတွေ ပစ်ချပေးတာကို မြေပြင်ပေါ် ၀ပ်တွားသွားပြီး အသက်ဆက်ရတဲ့ တိုင်းပြည်အတွက် လူမသိ သူမသိ( ပြည်မမှာ ဆန္ဒပြလို့ ကောင်းတုန်း) သေခဲ့ရတယ်။
ကျိုက်ထီးရိုးတောင်ပေါ်ကို ၀င်ပစ်တာ မှတ်မိကြပါသေးသလား။ လုံခြုံရေး တာဝန်ယူတဲ့ စစ်တပ်ကို အကုန်အသတ်ခံရသလို ဘုရားဖူးတွေ ဈေးသည်တွေပါ သေခဲ့ရတာပါ။
အခုလဲ တိုင်းပြည်မှာ မကြာမီ အာဏာလုပွဲကို ငြိမ်းချမ်းစွာ ဆန္ဒပြတယ် ဆိုပြီး ဆူပူအောင် လုပ်မယ်။ ဒီအတွက် ထောက်ပံ့ကြေး ပေးထားပြီးပြီ။ နိုင်ငံတော်ဖက်က သိသင့်သလောက် သိပြီး ဖြစ်လို့ တပ်သစ် မှန်သမျှ ဒီနယ်မြေကို ၀န်းရံထားရပါတယ်။ တစ်ချို့ကိစ္စတွေဟာ နေရာတကာ လူသိခံလို့ မရပါဘူး။ ဒါပေမဲ့ တစ်ချို့ကိစ္စတွေကတော့ ကြိုတင် သတိထားတာတောင် တန်ကာမကျပါဘူး။
“ လူ့အခွင့်အရေးလို့ ထပ်တလဲလဲ အော်နေရင် သတိသာထားပေတော့”

17 comments:

share လိုက်မယ်နော်..........

ကျေးဇူးဗျာ

ဘယ်ပါတီလည်းဆိုတာပြောပြလို့ ရမလားးးးး

ကျေးဇူးတင်ပါတယ် ခင်ဗျာ။

ရှယ်ပြီနော်အစ်ကိုရေ........ဒါကဆိတ်ဆိတ်နေလို့မရဘူး......

ကျေးဇူးတင်ပါတယ်ဗျာ။ကြိုသိထားတော့သတိထားလို့ ရတာပေါ့ဗျာ။

တော်တော် စဉ်းစားဥာဏ်နည်းကြတဲ့သူတွေပဲဗျာ.......ကျွန်တော်တစ်ခုပြောမယ်ဗျ.....ကျွန်တော်တို့ အားလုံးက ဒီနိုင်ငံမှာနေ ဒီနိုင်ငံက ရေကိုသောက်ပြီးကြီးပြင်းလာကြတာပါ......ပြီးတော့ ဆော်ဒီက ထောက်ပံ့တယ်ဆိုတာက သက်သေဘယ်မှာလဲ.....ဘယ်မှာလဲ လက်နက်ကိုင်အဖွဲ့အစည်းတွေဘယ်မှာလဲ......ပြီးတော့ ဘယ်နှာခါ အစ္စလာမ်တွေက နယ်မြေတောင်းတာတို့ လုပ်ပိုင်ခွင့်တွေ ဘယ်လိုအခွင့်အရေးတွေ တောင်းခဲ့ကြလို့လဲ.......ကျွန်တော်တို့တွေ ဒီနိုင်ငံကို ချစ်ရမယ်.....သာသာနာထဲမှာလည်း ပြထားပါတယ်......နိုင်ငံကိုကာကွယ်ခြင်းဟာ အစ္စလာမ်ဘာသာဝင်တစ်ယောက်ရဲ့ မလုပ်မနေရတာဝန်လို့ ပါရှိပါတယ်.....ပြီးတော့ ကျွန်တော်တို့တွေက ဟိုးအရင် ဘုရင်တွေလက်ထက်ကတည်းက အတူတွဲပြီးနေထိုင်လာခဲ့တာတာလေ.....ခုမှ နိုင်ငံရေးလှည့်ကွက်တွေအောက်မှာ သွေးကွဲကြတော့မလို့လား.....ဒီတော့ ကျွန်တော်တို့တွေ သံသယတွေ ပြီးတော့ အယူသည်းမှုတွေ မာနတွေ နှိမ့်ချတွေကို ပြုလုပ်နေမယ်အစား အတူတကွ လက်တွဲကြတာမကောင်းဘူးလား......ကျွန်တော်က ဆရာကြီးလုပ်တာတော့မဟုတ်ပါဘူး.....ကျွန်တော်စိတ်ထဲမှာ ဖြစ်လာတာလေးကို ရေးလိုက်တာပါ.....အမှားပါတယ် ဆိုရင်လည်း ခွင့်လွှတ်ပေးပါ....

ညီလေး တင်ပေးတဲ့ ဆော့ဝဲတွေ အတွက်ကျေးဇူးတင်ပါတယ်
အမျိုးသားရေးအကြောင်းပြု့ပြီး ကောလဟာလတွေပွနေတာတစ်ပုံကြီးပါ...
့ဖြစ်နိုင်မဖြစ်နိုင် မသေချာပါဘူး ညီလေးဘလော့ ကို ဖွအုပ်စုထဲမပါစေချင်ဘူး

"bagyiphyo" ပြောတာကောင်းတယ်ဗျာ၊ဒီ ဘလော့ကို ရိုးရိုးရှင်းရှင်း အများအတွက် လိုအပ်တာတွေကူညီပေးနေတဲ့ ဘလော့တစ်ခုအဖြစ်ပဲတွေ့ချင်ပါတယ်၊၊အခုဖြစ်နေတဲ့ အနေအထားတွေရဲ့နောက်ကွယ်မှာ ဘာတွေရှိနေတယ်ဆိုတာ ကကြည့်တတ်ရင် မြင်ပါတယ်၊ကျနော် က Buddhism စစ်စစ်ပါ၊Software တွေတော်တော်များများရခဲ့တာတွေ အတွက် ကျေးဇူးတင်ပါတယ်။

ဘယ်အ၇ာမဆိုသတိထားတာမလွန်ပါဘူး ဘယ်နိုင်ငံမဆိုဘဲ သယ်ငယ်ချင်းတွေအားလုံးလဲသတိထားမိမာပေါ.နိုင်ငံတိုင်းအလိုလို မွတ်ဆလင်တွေများလာ၇င်ခွဲထွက်မယ်ဆိုတာလေ သတိထား၇င်မမှားဘူးပေါ. ဘယ်အ၇ာမဆို အမျိုးသားေ၇းဆိုတာလူတိုင်းနဲဆိုင်တယ် ယဉ်ကျေးမှူလည်းအပျောက်မခံနိုင်ဘူး အပေါကပြောတာတေ. ဘယ်တုန်းကနယ်မြေတောင်းလို.လဲပေါ.မွတ်ဆလင်တွေ စိတ်ချပါ သင်တို.အင်အားကြီးလာမယ်ဆို အဲဒိခြေလှမ်းတွေလှမ်းလာလိမ်မယ် အနောက်နိုင်ငံမာတောင်သတိထား၇တာူသူတို.ကို လုပ်တာမှန်တယ်သယ်၇င်းသိသင်.သိထိုက်တာ ကိုသိခွင်.ပေး၇မယ် ဒိပို.အတွက်ကျေးဇူးတင်တယ် ဒါဟာသိသင်.သိထိုက်လို.တင်ထားတာ ကျေးဇူးးး ဆော.၀ဲလ်တွေအတွက်လဲကျေးဇူးတင်တယ်

shareလိုက်ပါတယ်နော်

shareလိုက်ပါတယ်နော်

အဲ့ဒီ ၀ါရင့်နိုင်ငံရေးသမား က ဘယ်သူလဲ။ သေချာသလောက်ရှိတယ်ဆိုတဲ့ သတင်းကကော တကယ့်ကို သေချာရဲ့လား။ သေချာတဲ့ အထောက်အထားတစ်ခု ပြကို ပြပေးရမယ်လေ။ ဒို့နိုင်ငံမှာ ဒီလို သတင်းမျိုးကို သိပ်အယုံလွယ်တဲ့ အတွက် မသေချာတဲ့ ဖွတဲ့ ပို့စ်တွေကို မတင်ပါနဲ့။ ပြသနာကြီးထွားလာရင် မွတ်စလင်တွေတင်မကဘူး၊ တစ်ပြည်လုံး ဒုက္ခရောက်ကြမှာ။ တိုင်းပြည် အေးအေးချမ်းချမ်း မြင်ချင်ယင် ဒီလို သတင်းမျိုးတွေကို လုံးဝ မထည့်သင့်ပါ။ အမြင်ကျဉ်းမြောင်းသော ဘာသာကြီးဝါဒသမားတိုင်းကို ကမ္ဘာမှာ လက်မခံတော့ပါ။ ဒီသတင်းရေးသားသူဟာ ဟစ်တလာ ကဲ့သို့ သာ ဖြစ်တယ်။ အစွန်းရောက်သမားဖြစ်တယ်။ ကမ္ဘာ့ရွာမှာ လူ့အဆင့်အတန်းမမှီသူသာဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း> ဘုန်းကြီး တွေကို ဗန်းပြပြီး “သမ္မတ ဟာ ဗုဒ္ဓဘာသာ ဖြစ်ရမယ်လို့ဆိုရင် မှားတယ်”

Dr လွဏ်းဆွေ ဆောင်းပါးမှာ Andrew Soe ရေးထားတဲ. comment လေးပါ။ ဗိုလ်ချုပ်
အောင်ဆန်းရဲ. ရှားပါး မိန်.ခွန်းလေး မို.ပြန်ရှယ်ပေးလိုက်ပါတယ်။ October 16, 2012 11:45 PM
Blogger Andrew Soe said…

“၁၉၄၇ ခုနှစ် မေလတွင် ကျင်းပခဲ့သော ဖဆပလ ၏ ပဏာမ ပြင်ဆင် ညီလာခံ ၌ မြန်မာနိုင်ငံ ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ရေးဆွဲရန် ပြုလုပ်နေသည့် အချိန်တွင် ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာ အဖြစ်အသိအမှတ်ပြုရေး ပြသာနာ သည် ထိုညီလာခံ မှ စတင်ခဲ့သည်။ ဆရာတော် သံဃာတော် များက ယခုအခါ ဗုဒ္ဓဘာသာ လူမျိုးများ လွတ်လွတ်လပ်လပ် အုပ်ချုပ်ရတော့မည် ဖြစ်သည့် အတွက် ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာ အဖြစ် ကြေညာရန် စာရွက်စာတမ်း နှင့် ကိုးကားချက်များကို ရိုက်နှိပ်၍ ဂျူဗလီ ဟောတွင်ကျင်းပသည့် ပဏာမညီလာခံတွင် ဝေဌ ကြသည်။“ထိုညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သော မိန့်ခွန်များ နှင့် ချေပချက်များ မှာ ရိုင်းသည် ကြမ်းသည် ဟု ပြေသံ များ ရှိခဲ့သော်လည်း သူ၏ သတ္တိကို တော့ ချီးကျူးခဲ့ကြသည်။ ဗိုလ်ချုပ် က
“ခုနကပဲ နိုင်ငံတော် ရဲ့ ဘာသာဟာ ဗုဒ္ဓဘာသာ ဖြစ်သင့်တယ် ၊ ဖြစ်စေရမယ် လို့ စာရွက်တွေလာကမ်းကြတယ်။ ဒါဟာ ခြေထိုးတာ ၊ အဲဒီမှာ ဝန်ကြီးမလုပ်ရတဲ့ လူတွေ ၊ နိုင်ငံရေးအာဏာ မရတဲ့ လူတွေက ဘုန်းကြီး တွေကို ဗန်းပြပြီး လုပ်တဲ့ အလုပ်။ သမ္မတ ဟာ ဗုဒ္ဓဘာသာ ဖြစ်ရမယ်လို့ဆိုရင် မှားတယ် ။ ဒီလိုလုပ်လို့မရဘူး ။ ကျုပ်အတိအလင်း ဗေဒင်ဟော ချင်တယ် ။ အဲဒီ လူတွေ တခုခု ဖန်တီးကြလိမ့်မယ်။ အဲဒါ မှားတယ်။ မကောင်းဘူး ။ တသီးပုဂ္ဂလ ယုံကြည်ယူဆထားတာတွေကိုတော့ အလျှော့ မပေးနိုင်ဘူး။ အသက် နဲ့ လဲပြီးတိုက်မယ်” ဟု ပြောသည့် အပြင် ညီလာခံ တွင် ဘာသာရေး ကိုင်းရှိုင်းသည့် ဒီးဒုတ် ဦးဘချို က လွတ်လပ်ရေးရသည့် အခါ၌ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဋ္ဌာန်းရန်သင့်ကြောင်း အဆိုတင်သွင်းသည့် အခါ ဗိုလ်ချုပ်အောင်ဆန်း က ဒေါကြီး မောကြီး နှင့်….

“သည်မှာဆရာ ၊ ကျနော်တို့က လူကြိုက်အောင် လုပ်နေတာ မဟုတ်ဘူး ။ သည်လို မဟုတ်မဟတ် ကိုယ်ထင်ရာတွေ လျှောက်လုပ် နေကြမယ် ဆိုရင်တော့ ကျနော် တို့ တိုင်းပြည်ဟာ မကြာခင် ပြိုကွဲ ပျက်စီးသွား မှာ ပဲ ၊ ကျနော်တို့ တိုင်းပြည် မှာ အလောင်းဘုရား လက်ထက် ကထဲက အစ္စလာမ် ဘာသာဝင် မူဆလင် တွေရှိတယ်။ ဘုရင်ဂျီတွေ ရှိတယ်။ အစတုန်း က ရှိလာ တဲ့ နတ်ကိုးကွယ်တဲ့ တောင်တန်းသားတွေရှိတယ်။ အချို့ အင်္ဂလိပ် လက်အောက်မှာနေပြီး ခရစ်ယာန် တွေ ဖြစ်လာလို့ အရိုးစွဲလာ ကြတဲ့ လူတွေရှိတယ်။ သူတို့တတွေ အားလုံးဟာ နိုင်ငံသားတွေ ဖြစ်တယ် ။ တိုင်းပြည်ကို ကျွန်တွင်းက လွတ်အောင် တိုက်ထုတ်ကြတုန်း က ကျနော်တို့ချည်း မဟုတ်ဘူး။ သူတို့တွေလည်းပါကြတယ်။ အခု ကျွန်တွင်းကလွတ်မယ် မကြံသေးဘူး ။ သူတို့တတွေ အပေါ်မှာ အနိုင် ကျင့်ပြီး ငါတို့လူများစု ရဲ့ ဘာသာ ကို နိုင်ငံတော် ဘာသာ လုပ်ရမယ်လို့ လုပ်လိုက်ရင် ကျနော်တို့ဟာ ခွေးလောက် တောင် သောက်သုံးမကျ တဲ့ အကောင်တွေဖြစ်သွားမှာပေါ့ ဆရာ။ တိုင်းပြည်ကို တိုင်းပြည်ရေးလို့ တွေးစမ်းပါ ။ ဘာသာရေးတွေ ဘာတွေ လုပ်မနေစမ်းပါ နဲ့ ။ ကျနော်တို့ဟာ တိုင်းပြည် တပြည်လုံး စည်းလုံးကြဖို့လိုတယ် ။ အခုအချိန်မှာ လိုချင်တာက ပြည်ထောင်စုထဲမှာ ရှိနေကြတဲ့ လူမျိုးအားလုံး ၊ ဘာသာ အားလုံး ၊ ဘယ်တော့မှ မပြိုကွဲ ဘဲ၊ ခွဲထွက်သွားမဲ့ လူတွေ ပေါ်မလာဘဲ နိုင်ငံရေး စိတ်ဓတ် တခု ထဲရှိအောင် သိမ်းသွင်းပြီး စည်းရုံးဖို့လိုတယ် ” ဟု ပြတ်ပြတ်သားသား ပြောဆိုခဲ့ ကြောင်း သိရပါသည်။

**( မြန်မာ့နိုင်ငံရေး တတိယတွဲ စာမျက်နှာ ( ၇၈ – ၇၉ ) မှ ကိုးကားပါသည် )။***

“ကျနော့ အမြင်ကတော့ ရိုဟင်ဂျာ ကုလား ကိစ္စက လွတ်လပ်ရေးရပြီး နှောင်းပိုင်း စစ်အာဏာရှင် အဆက်ဆက် တိုင်းပြည် အပေါ် စီမံ အုပ်ချုပ် ခန့်ခွဲ ညံ့ဖျင်း ကိုယ်ကျိုးရှာ မှူ့ ကြောင့် ပေါ်ပေါက်လာရတယ်လို့ ရှင်းရှင်းလင်းလင်း မြင်သလို ..ဒီ ရိုဟင်ဂျာ ကုလား နဲ့ ဆက်နွယ်ပြီး ရှေးနှစ်ပေါင်းများစွာ ကထဲက ဆိုးတူကောင်းဖက် ဓားမဦးချ နေလာ ခဲ့တဲ့ မြန်မာပြည်တွင်း ရှိ အစ္စလာမ် ဘာသာဝင် .. ဗမာ မူဆလင် တွေ အပေါ် ခွဲခြား နှိမ့်ချ ဆက်ဆံ ရန်ပြု ကြတာတွေ တော့ မကောင်းဘူး လို့ ရိုးရိုး မြင်မိတယ်။

***အားလုံးကို လေးစားလျှက်***

ဒါဆို ထမင်းကျွေးတဲံလက်ကို ပြန်မကိုက်နဲ့လေ

ဟုတ်ပါတယ်

Post a Comment