HTC/Samsung/LG/Huawei/Moto ဖုန်းတော်တော်များများကို အလွယ်တကူ Root လုပ်နိုင်သော Unlock Root 2.4.2 (One Click)


မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးဟာ အရှိန်အဟုန်ဖြင့်ကျဆင်း...sorry ..တိုးတက်လာတာနှင့်အမျှ  လူတိုင်းနီးပါး Mobile ဖုန်းများကို အသုံးပြုလာနိုင်ကြပါပြီ..ခေတ်နဲ့အညီ ဖုန်းအမျိုးအစား မော်ဒယ်အစုံအလင်ကိုလဲ ကိုင်လာနိုင်ကြပါပြီ..ဒီလို ကိုင်နိုင်လာကြတာနှင့်အမျှ..ကိုယ့်ရဲ့ဖုန်းမှာ လုပ်ဆောင်ချက် အပြည့်အ၀ ရရှိဖို့အတွက် Root ပတ်..Root ဖောက်ကြရပါတယ်..တစ်ချို့က ကျွမ်းကျင်လို့လုပ်တာရှိမယ်..တစ်ချို့က လုပ်တော့လုပ်ချင် တယ် မကျွမ်းကျင်ဘူး..ဒီလိုပြသနာတွေအတွက် Unlock Root 2.4.2 (One Click) နဲ့ဖြေရှင်းရင် တော်တော်လေး အဆင်ပြေတာတွေ့ရပါတယ်..ကဲ..ဘယ်လို အသုံးပြုမလဲဆိုတာကိုတော့ 
http://phyoewaioo.blogspot.com/ ကနေတစ်ဆင့် ပြန်လည်ဝေမျှလိုက်ပါတယ်ခင်မျာ။
အရင်ဆုံး Software ကို Download ရယူပါ
Download ==> Mediafire / Solidfiles


  Software ကိုဒေါင်းပီး ကွန်ပြူတာတွင် install လုပ်လိုက်ပါ။
Root လုပ်ဖို့ အတွက် မိမိဖုန်း Driver ကို ကွန်ပြူတာမှာ install အရင်လုပ်ထားရမှာပါ။
Driver တွေ မရှိဘူးဆိုရင်တော့ အောက်မှာဒေါင်းလင့်လေးတွေပေးလိုက်ပါ့မယ်
ထို့ နောက် Settings>Applications>Development>USB debugging ကိုအမှန်ခြစ်(Enabled)လုပ်ထားပေးပါ။
ပြီးရင် စောစောက install လုပ်ထားတည့် Unlockroot ကိုဖွင့်လိုက်ပါ။Root ဆိုတည့်ခလုတ်ကလေးကို နှိပ်ပါ။
Driver သိပါက အောက်ပါပုံအတိုင်း Massage box ကျလာမည်။
ထို့ နောက် ကျလာသော Massage box က Driver ကို နှိပ်လိုက်ပါ။
မီးနစ်အနည်းငယ်စောင့်လိုက်ပါ။ Root access ဖြစ်သွားပါက အောက်ပါပုံအတိုင်း Reboot 
လုပ်ခိုင်းလိမ့်မယ်။ထို့ နောက် Reboot လုပ်လိုက်ပါ။


Boot ပြန်တက်ပါက ဖုန်းထဲတွင် Super User icon လေးပေါ်နေလိမ့်မယ်။
ထို icon လေးကိုဖွင့်လိုက်ပါ။Super User Request တောင်းလာပါက Allow ကိုနှိပ်ပေးလိုက်ပါ။
ဒါဆိုရင် Root လုပ်တာအောင်မြင်သွားပါသည်။
Android ဖုန်းတော်တော်များများကို Root လုပ်နိုင်ရုံမျှမက..အခုနောက်ဆုံးထွက် Samsung Galaxy SIII (S3), SII (S2), S (I9000), Note2 (N7100), Note (N7000), Amazon Kindle Fire, HTC One X, LG Nexus4 အပြင်.Android Device များစွာကိုလည်း Root လုပ်နိုင်ပါတယ်ခင်မျာ။
လုပ်နိုင်တဲ့ Root Devices List တွေကတော့ ဒီမှာကြည့်ပေးပါ။

5 comments:

အကိုရေဒီကနေပဲအကူညီတောင်းပါရစေ samsung galaxy Y ကို version ချိန်းချင်လို့ပါဘယ်လိုလုပ်ရမလဲခင်ဗျာ

ကျေးဇူးတင်ပါတယ် အကို ဒီချိန် ထပြီး ဒေါင်းမှဘဲရတော့တယ်

ကျေးဇူးအများကြီးတင်ပါတယ် လိုက်ရှာနေတာကြာနေပြီ

အဆင်မပြေဘူး ကျွန်တော်ဖုန်းက htc Desire -za7272
ပထမ ဒုတိယ တတိယ အဆင့်အကုန်ရတယ်
ဒါပေမဲ့ စူပါယုစားမပေါ်ဘူး ကူညီပေးပါ

Post a Comment