USB Stick , SD Card တွေကို 4GB အထိတိုးကြမလား...??

 
သိတဲ့သူတွေသိကြမှာပါ အရင်တုန်းက 1GB ပမာဏရှိတဲ့ Memory Stick , SD Card တွေကို  2GB အထိတိုးတဲ့ Software လေးရှိခဲ့ဖူးပါတယ်.အခုလဲရှိပါတယ်..အဲဒီတုန်းက ကျနော် စမ်းသပ်ရင်း တကယ်တိုးသွားတာလဲ မြင်ရရော..တော်တော်ပျော်ပြီး သူငယ်ချင်းတွေကို လျှောက်ကြွားခဲ့ဖူးပါတယ်.. သူငယ်ချင်းတွေကလဲ..2GB ကနေ 4GB အထိရော တိုးမရဘူးလားတဲ့...? ကျနော့်ကို မေးခွန်းထုတ်ခဲ့ဖူးပါတယ်..ကျနော်ပြန်မဖြေနိုင်ခဲ့ပါဘူး..............အခု ကျနော်ပြန်မဖြေနိုင်ခဲ့တဲ့ မေးခွန်းရဲ့အဖြေကိုဖြေရှင်းပေးဖို့ အဖြေထွက်ပေါ်လာပါပြီ...4GB ပမာဏ အောက်ရှိတဲ့ Error ကင်းစင်သော မည်သည့် Memory Stick, SD Card ကိုမဆို 4GB ထိရောက် အောင်တိုးပေးနိုင်တဲ့နည်းလမ်းလေး..အားလုံးနဲ့မိတ်ဆက်ပေးပါ့မယ်ခင်မျာ..ကျနော်ကိုယ်တိုင် စမ်းသပ်သလို..မလေးရှားက အစ်ကိုတစ်ယောက်နဲ့လည်းစမ်းသပ်အောင်မြင်ပြီးပါပြီ..ဒါကြောင့် အားလုံးရဲ့အရှေ့ကို ချပြလိုက်ပါပြီခင်ဗျာ.. ကဲ..ဘယ်လိုလုပ်မလဲစကြည့်လိုက်ရအောင်..။

လိုအပ်တဲ့ Software ကိုအရင်ဒေါင်းလိုက်ပါ။ ကြိုက်ရာ link ကနေဒေါင်းပါ။
Download ==> MediafireTusfilesVerzend
 
အရင်ဆုံးမိမိပြုလုပ်လိုတဲ့ Stick ထဲမှာ မည်သည့် Data Files မျှရှိမနေရပါဘူး။ သေချာပြီဆိုရင်
 မိမိတိုးလိုတဲ့ Memory Stick ကို ကွန်ပျူတာမယ်တပ်လိုက်ပါ။ My Computer ထဲကို ၀င်ပြီး မိမိရဲ့ Stick ကိုမှတ်ရလွယ်တဲ့နာမည်ပေးလိုက်ပါ။ ဥပမာ ကျွန်တော် Stick နာမည်က My Computer ထဲမှာ
Ithelper(G:) ဆိုပြီးပေါ်နေပါမယ်။ ..အိုကေ အကုန်အဆင့်သင့်ဖြစ်ပြီဆိုရင် Software ကို Run လိုက်ပါ.. အောက်ပါပုံအတိုင်းပေါ်လာပါမယ်။
ပုံကြီးကြီးမြင်လိုလျှင် ပုံကို Click ပါ။
ပုံမှာ Running this will increase/decrease the size of a memory stick to 4GB.Type what you want to call the USB stick.
 ဆိုတဲ့ စာသားမြင်ရပါလိမ့်မယ်..အဲဒီအောက်မှာ Ithelper ဆိုပြီး ရိုက်ထည့်လိုက်ပါပြီ။ ပြီးတာနဲ့ Enter နှိပ်လိုက်ပါ။ ဥပမာ မိမိရဲ့ Stick က Amycho(H:) ဆိုပြီးပေါ်နေရင် amycho ဆိုပြီးရိုက်ထည့်ကာ Enter နှိပ်ရပါမယ်။ အဲလို နှိပ်လိုက်တာနဲ့ နောက်ထပ်စာတန်ုးတစ်ခုပေါ်လာပါမယ်..အောက်ကပုံကိုကြည့် ပါ။
ပုံကြီးကြီးမြင်လိုလျှင် ပုံကို Click ပါ။
ပုံမှာမြင်ရ တဲ့အတိုင်း Type the Drive LETTER! ဆိုတဲ့စာသားမြင်ရပါလိမ့်မယ်..အဲဒီအောက်မှာ မိမိရဲ့ Drive Letter ကိုရိုက်ထည့်ပေးရပါမယ်..ဘယ်လိုလဲဆိုရင် ကျနော့်ရဲ့ Stick သည် Ithelper(G:) ဖြစ်တဲ့အတွက် အကွက်ထဲမှာ G ဆိုပြီးရိုက်ထည့်လိုက်ပါမယ်။ မိမိတို့ရဲ့ Stick က ဥပမာ Amycho(H:) ဆိုရင် H ဆိုပြီး၇ိုက်ထည့်ပေးရပါမယ်။ jockerlay(F:) ဆိုရင် F ဆိုပြီးရိုက်ထည့်ပေးရပါမယ်...အိုကေ..ဒါလောက်ဆိုရင် Drive Letter ဆိုတာကိုနားလည်ကြပြီထင်ပါတယ်။ အခု ကျနော် Stick ရဲ့ Drive Letter သည် G: ဖြစ်တဲ့အတွက် G လို့ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါပြီ။

Enter နှိပ်လိုက်တာနဲ့ Type Drive Letter (again!) to start. ဆိုတဲ့ စာသားပေါ်လာပါတယ်.. Drive Letter ကိုထပ်ထည့်ခိုင်းတာပါ..အပေါ်ကအတိုင်းပါဘဲ G လို့ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါတယ်။

Enter နှိပ်လိုက်တာနဲ့တစ်ပြိုင်နက် အနီရောင်စာသားတွေ တက်လာပါလိမ့်မယ် ခဏလောက်စောင့်ပြီးတာ
နဲ့ Done! Press any key to exit ဆိုတာ ပေါ်လာပါလိမ့်မယ်...Enter တစ်ချက်နှိပ်ပြီး Stick ကို ကွန်ပျူတာမှ စနစ်တကျဖြုတ်ပြီး ပြန်တပ်ကြည့်ပါ.. 3.99GB ဖြစ်နေတာကိုမြင်ရပါလိမ့်မယ်ခင်မျာ.. တိုးသွားတာကိုမယုံ သေးဘူးဆိုရင် Data တွေကိုထည့်ကြည့်ပါဦး 3.99 GBအထိအပြည့်ထည့်နိုင်တာကို 
တွေ့ရပါလိမ့်မယ်ခင်ဗျာ။

မှတ်ချက်==> USB Stick တွေကို Name ပေးမယ်ဆိုရင် Mg MG(G:) ဆိုပြီး မောင်မောင်နာမည်နှစ်ကြားမှာ Space Bar မခြားပါနှင့်.. MgMG(G:) ဆိုပြီးတွဲရက်ပေးပါ။ပြီးမှ အဆင့်တွေကို ဆက်လုပ်ပါ။

ယခုနည်းလမ်းသည် အန္တရာယ်ကင်းရှင်းစွာဖြင့် စမ်းသပ်ပြုလုပ်နိုင်ပါတယ်..သေချာလုပ်ကြည့်ပါ..ရကိုရပါ
တယ်..မရတဲ့ သူအချို့လဲရှိနိုင်ပါတယ်..သေချာစမ်းကြည့်ပါ..မရရင် အခြား Stick , SD Card များဖြင့် စမ်းကြည့်ပါ။ တစ်ခုခုမှားယွင်းသွားတယ်ဆိုရင်..ဥပမာ..8 GB ရှိတာကို မှားယွင်းပြီး 4 GB ပြောင်းလဲမိတယ်ဆိုပါစို့..မစိုးရိမ်ပါနဲ့ Format သာချပေးလိုက်ပါ..မူလ 8GB ကိုပြန်ရပါလိမ့်မယ်ခင်မျာ..ကဲ..အားလုံးဘဲ..စမ်းသပ်ကြည့်နိုင်ကြပါပြီခင်မျာ .. (ITHelper မူပိုင် Post)

19 comments:

ကျေးဇူးပါ။

ကျေးဇူးအထူးတင်ပါတယ်ဗျာ။။

အစ်ကိုရေ 16GB ကနေ32GB ကိုဒီဟာလေးနဲ့တိုးလို့ရမလားခင်ဗျာ။

အစ်ကို တစ်ကယ်လိုများ အဲ့ဒီUSB Stick , SD Card တွေကို format ပြန်လုပ်လိုက်ရင်ကော ဘာဖြစ်နိုင်လဲ နဂိုမူလ 2gb ပဲကျန်မှာလား 4gb အတိုင်းပဲရှီမှာလား

Format ပြန်လုပ်လိုက်မယ်ဆိုရင်တော့ နဂိုမူလအတိုင်းပြန်ဖြစ်သွားမှာပါခင်မျာ။

ကျွန်တော်လုပ်တာ မရဘူး ဗျ..ဘာဖြစ်လို့ လဲ မသိဘူး

ဟုပ်ညီလေးလုပ်တာလဲမရဘူးအနီရောင်စာတွေမပေါ်ဘူးအခြားဟာတွေတောမှန်တယ်ဘာဖြစ်လိုလဲကူညီပေးပါအုံး

Stick အချိုက မရပါဘူးခင်မျာ..နာမည်ပေးတာလွဲနေမယ်..Driver Letter တွေရိုက်တာလွဲနေမယ်ဆိုရင်လဲ အဆင်ပြေမယ်မဟုတ်ပါဘူးခင်မျာ။ သေသေချာချာ ကြိုးစားကြည့်ပါ။

အစ်ကိုရေ ၊ ကျွန်တော်၏ micro 4 G ကို format ချလို့ မရဘူးဖြစ်နေတယ်၊ ဘယ်ဆော့ဝဲနဲ့ format ချလို့ ရမလဲ ကူညီပါအုံး၊ ဆော့ဝဲလင့်လေးလည်းပေးပါအုံး။ လမ်းညွှန်ပေးပါအုံးနော်

MB ပဲရှိတဲ့ ဟာတွေရော တိုးလို့ရနိုင်မလား....???

ဒီဆိုဒ်ကတင်ပေးထား ဖိုင်တွေ ကို mediafire ကနေ IDM နဲ့ ဒေါင်းရင် user name နဲ့ password တောင်းနေတယ်။ အဲဒါက ဘာထည့်ပေးရမှာလဲခင်ဗျ ။

ကျွန်တော်stick နှစ်ချောင်းကိုစမ်းကြည်တာ့အနီရောင်စာ မပေါ်ဘူးဗျ ကွန်ပျူတာချိန်းပြီးတော့လဲ လုပ်ကြည့်သေးတယ် အဲ့ဒါလည်း မပေါ်ဘူးဗျ အစ်ကိုပြောတဲ့အဆင့်တွေအတိုင်းသေချာလုပ်တာ
အခြားဆော့ဖ်ဝဲလေးများရှိရင်မစပါဦးဗျာ ကျေးဇူးတင်ပါတယ်။

ဆော့ဖ်ဝဲဖိုင်ဆိုဒ်က ၈၀၇ ဘိုက်ရှိတယ် ဟုတ်ပါသလားဗျာ

အကိုရေ မရဘူးဗျ
အနီရောင်စာသားတွေမပေါ်ပဲ အကုန်ပျောက်သွာ ကူညီပါအုံး

အကိုရေ ၆၁၄ ဘိုက်ဘဲရှိတယ်

အစ်ကိုကျွန်တော်လုပ်တာ 2GB ကနေ 3.99GB လို့တော့ပြောင်းသွားတယ်။ဒါပေမယ့် 3GB ရှိတဲ့ DATA ထည့်လိုက်တော့ 2GB
လဲကျော်ရော ERROR ကျတယ်ထည့်လို့မရတော့ဘူး။ Folder တောင်ဆောက်လို့မရတော့ဘူး

thank you so much brother. Because this way is amazing to me. ဒီထက်အများကြီးအောင်မြင်ပါစေ

Post a Comment