၂၀၁၄ မော်ဒယ် Lexus GX



တိုယိုတာ Lexus ဇိမ်ခံကား သီးသန့် ကုမ္မဏီမှ ထုတ်လုပ်အောင်မြင် လျက်ရှိတဲ့ ကားတစ်မျိုးက Lexus GX SUV ဖြစ်ပါတယ်။ ထုတ်နေကျ ဆလွန်းအရွယ်ဇိမ်ခံကား မဟုတ်ပဲ ပရာဒို တို့လို အရွယ်ကြီးကားမျိုး ဖြစ်ပြီး Lexus အမည်နဲ့ ထုတ် လိုက်တော့ ဈေးနှုန်းကြီး သွားသလို ပိုမိုလည်း ပိုမိုလည်း Luxury Class ကျသွားပါတယ်။

၂၀၀၂ ခုနှစ်ကတည်းက စတင်ထုတ်လုပ်လာခြင်း ဖြစ် ပါတယ်။ အင်ဂျင် အရွယ် ၄၆၀၀ စီစီ၊ ဆလင်ဒါ ၈ လုံးပူး V အင်ဂျင်ကို အသုံးပြုပြီး အားကြီး SUV တစ်မျိုး ဖြစ်ပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်မှု ၃၀၀ နီးပါးအထိ ရှိပါတယ်။ တရုတ်ပြည်သီးသန့်ရောင်းဖို့အတွက်လည်း Power ငယ်တဲ့ ၄၀၀၀ စီစီ SUV GX ကိုလည်း ထုတ်လုပ်ထား ပါသေးတယ်။ ယခုကတော့ ကမ္ဘာ့ဈေးကွက်ကို ဖြန့်ချိဖို့ပါ။

ဈေးနှုန်းကလည်း အမေရိကန်ဒေါ်လာ ၇သောင်းနီးပါးမှာ ရှိပါတယ်။ အမှန်တော့ Lexus GX ကလည်း Toyota Parado, 4Runner တို့နဲ့ Family တစ်ခုတည်း ထွက်ရှိထားခြင်း ဖြစ်ပါတယ်။ ၂၀၀၉ မော်ဒယ်တုန်းကဆိုရင် Land Cruiser Parado အမည်နဲ့ပဲ ပိုမိုလူသိများခဲ့ ပါတယ်။ လက်ရှိ ကမ္ဘာ့ ဈေးကွက်ကို စတင် ဖြန့်ချိနေပြီ ဖြစ်ကြောင်း သိရပါတယ်။ ကား အကြောင်း အသေးစိတ်ကို www.lexus.com ဝဘ်ဆိုဒ်မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။ http://www.motors.com.mm/cars/lexus/ မှာလည်း မြန်မာပြည်ရောက် Lexus ကားဟောင်းကားသစ်များကို ဖော်ပြထားတာမို့ ကိုယ်တိုင် ရှာဖွေ ကြည့်နိုင် ပါတယ်။
.
Ref:autoblog



ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်




0 comments:

Post a Comment