SAMSUNG ဟန်းဆက်များ Android 4.3 သို့ ဗားရှင်းမြှင့်ရာတွင် သတိထားရန် လိုဟုဆို


လူကြိုက်များ ဟန်းဆက်အမျိုးအစား အချို့ဖြစ်သည့် SAMSUNG GALAXY SII,SIII, Note II တို့ကို Android Official Version 4.3 သို့ မြှင့်တင်ရာတွင် သတိထားရန် လိုအပ်လာကြောင်း သိရသည်။

“အခုနောက်ပိုင်း Note II တချို့ကို Official version 4.3 မြှင့်လိုက်ရင် ဖုန်းဟန်းဆက်ရဲ့ Network စနစ်တွေ ပျောက်သွားတာမျိုးတွေ ကြုံတွေ့ရတယ်။ ဒီလိုဖြစ်လို့ ၄.၃ ကနေ Downgrade ပြန်ဆင်းချင်ရင်လည်း boot Loader သေသွားတတ်တယ်။ Official Android version 4.3 က boot loader ကို KNOX နဲ့ Security ခံထားတော့ Downgrade ပြန်ဆင်းမရတာမျိုးတွေ ကြုံတတ်တယ်” ဟု Techvilla မှ ဆားဗစ်ပညာရှင်တစ်ဦးမှ ပြောသည်။

“4.3 ဗားရှင်းတင်ဖို့အတွက် တချို့ဟန်းဆက်တွေက Network IC မနိုင်တာကြောင့် ဗားရှင်းတင်လိုက်ရင် Network လိုင်း ပျောက်သွားတာမျိုး ကြုံတတ်တယ်” ဟု ဆားဗစ်ပညာရှင် ကိုအောင်ဇင်က ထပ်မံပြောကြား သည်။ Android version 4.3 ကို ကိုယ်တိုင်စမ်းသပ် သုံးစွဲလိုသူများအနေဖြင့် Leak Version တင်ပြီးသာ စမ်းသပ်သုံးစွဲသင့်ပြီး SAMSUNG GALAXY SII,SIII,Note II များကို Official Version 4.3 မြှင့်တင်လိုပါက နားလည်တတ်ကျွမ်းသည့် ဆားဗစ်ပညာရှင်ထံတွင်သာ မြှင့်တင်သင့်ကြောင်း သိရသည်။


ကောင်းမြတ်ထွန်း၊ မန္တလေး

Ref : http://www.myanmarinternetjournal.com

2 comments:

S4 ကို Official Version 4.3 မြှင့်ရင် ကော.. Error ရှိလား ဟင်..

Hi Brother...Just now I'm cann't see myanmar font.Because of i will do official version 4.3.that why i cann't see.After that my ph also change version & Model.
Model number (GT-I9305),Andriod Version 4.3 .Can i root my ph is S3, .
How to do I donn't known?Could you help me Please......

Post a Comment