Christmas ပွဲတော်အတွက် သိသင့်သော အကြောင်းရာလေးများ

မိတ်ဆွေတို့ရေ Merry Christmas ပါနော်။ နည်းပညာအကြောင်းမဟုတ်ပဲ ဒီ post ကိုတင်ဖြစ်တာတော့  sorry ပါနော်။  ဒါပေမဲ့ Christmas သာရောက်လာတယ် ဘယ်လိုဖြစ်ပြီး Christmas ပွဲတော်ဖြစ်လာခဲ့လဲ ဆိုတာကို အခုချိန်ထိ ရေရေရာရာ သိသူ တွေနည်းနေအုံး မယ်လို့ကျွန်တော် ထင် ပါတယ်။ ကျွန်တော် လည်း ဒီအကြောင်းကို သိ ချင်လွန်းလို့ လိုက်ရှာနေတာ အခုဆို မြန်မာစံတော်ချိန် မနက် သုံးနာရီ ခွဲတောင်ရှိနေပါပြီ။ အခုတော့ ကျွန်တော်မိတ်ဆွေတွေအတွက် ကျွန်တော် ရှာဖွေ့တွေ့ရှိ သလောက်လေး ပြန်လည်း မျှဝေပေးလိုက်ရပါတယ်။ ဗဟုသုတအနေနဲ့ မျှဝေတာဖြစ်တာကြောင့် ဘာသာရေးတွေမှာ အနည်း ငယ် အမြင်လွဲမှုတွေရှိခဲ့ရင် နားလည်ခွင့်လွတ်ပေးကြဖို့တောင်းပန်ပါတယ်ဗျာ။

၁ ။ လူအများထင်သလို ယေရှုခရစ်တော် (Jesus Christ ) ရဲ့မွေးနေ့ဟာ ဒီဇင်ဘာလ (၂၅)ရက်မဟုတ်ပါ ဘူး။ သမ္မာကျမ်းစာ (Bible )မှာလ်း အတိအကျ ဖော်ပြထားခြင်း၊ ညွှန်းဆိုထားခြင်းမရှပါ။ သမိုင်းပညာရှင်အ များလေ့လာတွေ့ရှိထားမှုအရ ခရစ်တော်မွေးဖွားသော ကာလမှာ ဆောင်းတွင်းမဟုတ်ဘဲ နွေးဦးရာ သီဖြစ်ပါတယ်။

၂ ။ ခရစ်သက္ကရာဇ် (၄) ရာစမှာ ကက်သလစ်ကျောင်းတော် (Catholic Church) က ခရစ်တော် ရဲ့မွေးနေ့ကို တရား ၀င် အလုပ်နားရက်အဖြစ် သက်မှတ်ဖို့ စီစဉ်ရာမှာ ထိုစဉ်က ပုပ်ရဟန်းမင်း ဂျူးလီးယက် (၁) (Pope Julius I ) ကဒီဇင်ဘာလ (၂၅)ရက်ကိုရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ထိုပိတ်ရက်ဟာ နတ်ကိုးကွယ်သူ ရောမတွေ ရဲ့ saturnalia လို့ခေါ်တဲ့ ပွဲတော် ရက်နဲ့တထပ်တည်း ကျရောက်နေပါတယ်။။

၃။ (၁၆၅၉)ခုနှစ်မှ (၁၆၈၁) ခုနှစ်အတွင်း အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ (Boston ) မှာ ခရစ်စမတ် ပြုလုပ်ကျင်းပခြင်းဟာ တရားမ၀င်ဘဲ ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားခဲ့ဖူးပါတယ်။
ထိုခေတ်အခါက ပြုပြင်ပြောင်းလဲရေးဝါဒီ ခရစ်ယာန် တစ်ချို့က ခရစ်စမတ်ဟာ ခရစ်တော်ရဲ့မွေးနေ့ အစစ်အမှန် မဟုတ်ဘဲ အတုအယောင် ပြုလုပ်တာမို့ဆန့်ကျင်ခဲ့ကြခြင်းပါ။

၎။ ကတ်သလစ်ကျောင်းတော်ကို ဆန့်ကျင်တဲ့ အယူရှိသူ ပရိုတက်စတင့် အများစုရှိရာ အမေရိကန် နိုင်ငံမှာ နိုင်ငံ တည်ထောင်ပြီး နှစ်ပေါင်း တစ်ရာကျော်ကြာ (၁၈၈၉) ခုနှစ်မှသာ ဒီဇင်ဘာလ
(၂၅) ရက်ခရစ်စမတ်နေ့ကို တရားဝင် ရုံးပိတ်ရက် ပွဲတော်နေ့ အဖြစ် အတည်ပြုသက်မှတ်ခဲ့ခြင်းဖြစ် ပါတယ်။

၅။ ခရစ်စမတ်သစ်ပင် ထားရှိခြင်းဟာ ခရစ်ယာန်ဘာသာ မပြန့်နှံ့မီကပင် ဂျာမနီနိုင်ငံ (Germany ) မှာ ဆောင်းရာသီ ယဉ်ကျေးမှုတစ်ခု ဖြစ်ပါတယ်။ (၁၇) ရာစုရောက်တော့မှသာ strasbourg ဒေသက
ဂျာမန်လူမျိုးများက ခရစ်စမတတ်သစ်ပင်ရယ်လို့ စတင်ခေါ်ဝေါ်ခဲ့တာဖြစ်ပြီး (၁၈၂၀ ) ခုနှစ်များတလျှောက် ဂျာမန်လူမျိုးများ အမေရိကန်နိုငငံ Pennsylvania သို့ရွှေ့ပြောင်းအခြေချစဉ် ထိုယဉ်ကျေးမှု အစဉ်
အလာကို သယ်ဆောင်လာခဲ့ကြတာပါ။


၆။ (၁၈၄၀ ) ခုနှစ်မှာ ဗြိတိသျှ ဘုရင်မ Queen Victoria ဟာ ဂျာမန်မင်းသား Prince Albert ကိုလက်ထပ်ချိန်ကြမှသာ ခရစ်စမတ်သစ်ပင် ယဉ်ကျေးမှုဟာ အင်္ဂလန်နိုင်ငံ (England) ကိုရောက် ရှိခဲ့တာ ဖြစ်ပါတယ်။ (၁၈၄၈ ) ခုနှစ်မှာ ပထမဆုံး အမေရိကန် သတင်းစာက အင်္ဂလန်တော်ဝင် မိသားစုရဲ့ ခရစ်စမတ်သစ်ပင်ကို ဓါတ်ပုံရိုက်ပြီး ဖော်ပြလိုက်တဲ့အခါ အမေရိကန် နိုင်ငံတစ်ဝှမ်းမှာ ခရစ်စမတ်သစ်ပင် ယဉ်ကျေးမှုဟာ အလွန်ကို ပေါ်ပြုလာဖြစ်လာခဲ့ခြင်းပါ။

၇။ ဒီဇင်ဘာလ (၂၅)ရက်မှာ ခရစ်စမတ် ကျင်းပခြင်းဟာ အနောက်ဥရောပ ကို လွှမ်းမိုးသြဇာညောင်းတဲ့ ကတ်သလစ်ကျောင်းတော်က စတင်ခဲ့တာဖြစ်ပြီးရုရှားနိုင်ငံ (Russia ) အပါအ၀င် အရှေ့ ဥရောပ နိုင်ငံများမှာ ကျင့်သုံးတဲ့ အော်သိုဒေါ့ (Orthodox) ခရစ်ယာန်ဂိုဏ်းဝင်များရဲ့ ခရစ်စမတ်ကတော့ ဇန်န၀ါရီလ (၇) ရက်ဖြစ်ပါတယ်။

၈။ ခရစ်စမတ်ပွဲတော်နဲ့ ခွဲခြားလို့မရတဲ့ ဘိုးဘိုးကြီး စန်တာကလော့ (Santa Claus) ဟာ တူရကီနိုင်ငံ (Turkey) မှ ဂရိမျိုးနွယ် (Greek) ခရစ်ယာန်ဘုန်းတော်ကြီး တစ်ပါးဖြစ်ပြီး အသားဖြူဖြူ ၀၀ဖိုင့်ဖိုင့် မဟုတ်ဘဲ တကယ်တမ်းမှာတော့အသားညိုညို ပိန်ပိန်ရှည်ရှည် ဖြစ်ပါတယ်။



၉။ စန်တာကလော့ ရိုးရာဓလေ့ကို ဒတ်ခ်ျ (Dutch) လူမျိုးများက စတင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး အမေရီကန်နိုင်ငံကို ပြောင်းရွေ့ အခြေချခဲ့တဲ့ ဒတ်ခ်ျလူမျိုးများက ဆက်လက်ယူဆောင် ကျင်းပရာမှ ပေါ်ပြူလာ ဖြစ်ခဲ့ခြင်းပါ။ ဘုန်းတော်ကြီး Saint Nicholas ဟာ ချမ်းသာ ကြွယ်ဝတဲ့ မိသားစုမှ ဆင်းသက်မွေးဖွားခဲ့သူ ဖြစ်ပြီး အလွန်တရာ အလှူအတန်းပြုလုပ်သူတစ်ဦး ဖြစ်တဲ့အပေါ် အခုလို ပုံပြင်တီထွီခဲ့ခြင်းပါ။

၁၀။ ယေရှုခရစ်တော်ဟာ အများထင်ရောက်နေသကဲ့သို့ အနောက်တိုင်းသာ လူဖြူလူမျိုးမဟုတ်ဘဲ အရှေ့တိုငးပါလက်စတိုင်းနိုင်ငံ ( Palestine ) ဂျူးအနွယ်ဝင် (Jewish) မိသားစုမှ မွေးဖွားခဲ့သူ တစ်ဦး ဖြစ်ပြီး သမိုင်း ပညာရှင်များရဲ့ သုတေသန် ရှာဖွေတွေ့ရှိမှုများအရ အသားညိုကာ ဆံပင်ကောက်သူ တစ်ဦးဖြစ်ကြောင်းသိရှိရပါတယ်။

ကိုးကား >>>> မောင်စီမံ (မဟာသိပ္ပံ)

ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


9 comments:

အဆင်ပြေပါတယ် ကိုမသိသေးတာလေးတွေလည်း သိရတာပေါ့ ကျေးဇူးတင်ပါတယ်

အဆင်ပြေပါတယ် ကိုမသိသေးတာလေးတွေလည်း သိရတာပေါ့ ကျေးဇူးတင်ပါတယ်

သိချင်နေတဲ့ကြောင်းအရာလေးတွေသိလိုက်ရလို့တော်တော်လေးကို ကျေးဇူးတင်ပါတယ်.........
ရှေ့ဆက်ပြီးအောင်မြင်ပါစေလို့.............

တကယ်တမ်းတော့ သူများ မတ်လို့သာ ကိုယ်လည်း လိုက်မတ် တာပါ
ခုမှ သိရတာပါ
သန့်ခ်

တကယ်တမ်းတော့ သူများ မတ်လို့သာ ကိုယ်လည်း လိုက်မတ် တာပါ
ခုမှ သိရတာပါ
သန့်ခ်

အသေအချလေ့လာကြည့်ရင်တော့ စိတ်ကူးယဉ်ပုံပြင်တွေဘဲဖြစ်နေပါတယ်။
လက်တွေ့အကျိုးပြုအထောက်အထားဆိုလို့လဲ ဘာတစ်ခုမှမရှိတဲ့ ပျော်ပွဲရွှင်ပွဲ
သက်သက်ပါဘဲ။အပျော်ကြိုက်သူတွေကိုတော့ စည်းရုံးလို့ကောင်းတဲ့အလုပ်ပါဘဲ။

ဘာသာတရားဆိုသာမဝေဖန်ရဘူး။ ဘာသာတရားတိုင်းဟာစိတ်ကူးယဉ်မဟုတ်ဘူး။ comment ပေးနေတဲ့သူတွေမှာကော် ဘာဘာသာကိုးကိုယ်ကြသလဲ? ကိုယ်တစ်ယောက်ယောက်ကိုလက်ညိုထိုးရင်ကိုယ့်ဘက်ကိုလက်ချောင်းဘယ်နှစ်ချောင်းရောက်နေလဲဆိုသာအရင်ကြည့်ပြီးပြောရတယ်...ဘယ်ဘာသာမဆိုအဓိပပ္ပါယ်မရှိရင်မလုပ်ဘူး. အပျော်ကြိုက်သူတွေရှိလို့လုပ်သာလဲမဟုတဘူး..အသေအချာလေ့လာခဲ့ရင်ဒီစကားပြောမှာမဟုတ်ဘူး. Comment တစ်ခုပေးမယ်ဆိုရင်အသေအချာစဉ်းစားပြီးမှပေးပါ။

ဘာသာတရားဆိုသာမဝေဖန်ရဘူး။ ဘာသာတရားတိုင်းဟာစိတ်ကူးယဉ်မဟုတ်ဘူး။ comment ပေးနေတဲ့သူတွေမှာကော် ဘာဘာသာကိုးကိုယ်ကြသလဲ? ကိုယ်တစ်ယောက်ယောက်ကိုလက်ညိုထိုးရင်ကိုယ့်ဘက်ကိုလက်ချောင်းဘယ်နှစ်ချောင်းရောက်နေလဲဆိုသာအရင်ကြည့်ပြီးပြောရတယ်...ဘယ်ဘာသာမဆိုအဓိပပ္ပါယ်မရှိရင်မလုပ်ဘူး. အပျော်ကြိုက်သူတွေရှိလို့လုပ်သာလဲမဟုတဘူး..အသေအချာလေ့လာခဲ့ရင်ဒီစကားပြောမှာမဟုတ်ဘူး. Comment တစ်ခုပေးမယ်ဆိုရင်အသေအချာစဉ်းစားပြီးမှပေးပါ။

စာရေးတဲ့အခါမှာ
ကိုယ်ရေးတဲ့စာကို ကိုယ်ဘယ်လောက် တာဝန်ယူနိုင်မလဲ..
ကိုယ်ရေးတဲ့စာက တိကျလား မှားလားမှန်လားဆိုတာ ဘယ်လို ဆုံးဖြတ်မှာလဲ.......
ခင်ဗျားပြောသလို အမှန်ဘဲထားပါတော့... ကျုပ်တို့ လက်ခံလို့ ခရစ်စမတ်ကို ကျုပ်တို့ကျင်းပတာ..ခင်ဗျားအပူပါလား.. ခရစ်စမတ်ဆိုတာ ခင်ဗျားပြောသလို ပျော်ပွဲရွှင်ပွဲလို့ သတ်မှတ်တာက ခရစ်ယာန်မဟုတ်တဲ့ ဘာသာခြားတွေဘဲ.. တကယ့်ဘာသာဝင်တွေက သူတို့ရဲ့ ကယ်တင်ရှင်ဆင်းကြွလာတဲ့ အထိမ်းအမှတ်အနေနဲ့.. ဆုတောင်းမှု့တွေပြုကြတယ်... ဝမ်းသာစွာနဲ့ ပျော်ပွဲရွှင်ပွဲတွေလုပ်ကြတယ် ( ဒီနေရာမှာ ကြားဖြတ်ပြောဦးမယ်... ပြောပွဲရွှင်ပွဲဆိုတာ သောက်စားမူးရူးဖို့မဟုတ်ဘူး... ခရစ်ယာန်မဟုတ်တဲ့ လူအများစုကသာ ခရစ်စမတ်နေ့မှာ သောက်စား မူးရူးကြတာ.. ဘာမှန်းမသိ ညာမှန်းမသိဘဲ.. ပါဝင်ဆင်နွဲနေတာ.. တကယ့်ဘာသာဝင်တစ်ဦးအနေနဲ့ အဲဒီနေ့မှာ အရက်သေစာကို သောက်စားဖို့ စိတ်ဆန္ဒဆိုတာ ဘယ်လိုမှာ မရှိဘူး.. ဆိုတာ ခင်ဗျားမှတ်ထားပါ.. ဒီပို့စ်ကိုတင်တဲံ ခင်ဗျားဟာ ခရစ်ယာန်တစ်ယောက်ဖြစ်မယ်ဆိုရင်တောင် ခရစ်ယာန်အချင်းချင်း လိုက် ပုတ်ခတ်နေတဲ့ စနေအသင်း ကဘဲ ဖြစ်မှာပါ.. ခင်ဗျားဘာဘဲ ဖြစ်ဖြစ် .. ကျုပ်တို့ လက်ခံလို့ ကျုပ်တို့ ကျင်းပတယ်.. ကျုပ်တို့ ဆင်နွဲတယ် ခင်ဗျား စောက်ကြောင်း တစ်ခုမှ မပါဘူး.. အလားနေရင်း ကြီးတော်နွားလာကျောင်းမနေနဲ့.... ဘာသာတရားနဲ့ ယှဉ်လာရင် မပြည့်တဲ့ကောင်က ဘောင်ဘင်ခတ်မှာဘဲ.. ဒီပို့စ်ကအကြောင်းအရာတွေက မှန်ပါတယ်လို့ ခင်ဗျား အာမခံလား.. ခင်ဗျားပြောသလို ဒီဇင်ဘာ ၂၅ က ခရစ်တော်မွေးဖွားတဲ့ နေ့ ဟုတ်သည်ဖြစ်စေ.. မဟုတ်သည်ဖြစ်စေ.. ခရစ်တော်သာတကယ်မွေးဖွားလာတယ်ဆိုရင် တစ်နှစ်မှာ ရှိတဲ့ ၃၆၅ ရက်ထဲက တစ်ရက်ရက်ဖြစ်မှာဘဲ.... ခရစ်စမတ်ရဲ့ အဓိပါယ်ဆိုတာ လူသားတွေနဲ့ ကိုယ်တင်ရှင်ခရစ်တော် ပေါင်းစည်းတဲ့ အထိမ်းအမှတ်နဲ့ လုပ်တာ။.. ဒီဇင်ဘာ ၂၅ က ခရစ်တော် အမှန်မွေးတဲ့နေ့မဟုတ်လဲ ကျုပ်တို့ ဂရုမစိုက်ဘူး.. ခင်ဗျားသာ အလာကားနေရင်.. မပြည့်တဲ့အိုး ဘောင်ဘင်ခတ်မနေနဲ့..

Post a Comment