၂၀၁၄ တွင် 20 megapixel ကင်မရာ ပါဝင်သည့် စမတ်ဖုန်း ထုတ်လုပ်ရန် Samsung ရည်ရွယ်ထား


၂၀၁၄ တွင် 20 megapixel ကင်မရာ ပါဝင်သည့် စမတ်ဖုန်း ထုတ်လုပ်ရန် Samsung ရည်ရွယ်ထား
========

Samsung သည် ၂၀၁၄ နှစ်လယ်ပိုင်းတွင် ထုတ်လုပ်မည့် မိုဘိုင်းဖုန်းများတွင် 20 megapixel ကင်မရာအား ထည့်သွင်းရန် စီစဉ်နေကြောင်း Korea နိုင်ငံ၏ ET News ဖော်ပြသွားသည်။

အဆိုပါ ဖော်ပြချက်ကို Samsung ကုမ္ပဏီ၏ အစီအစဉ်များနှင့် ရင်းနှီးကျွမ်းဝင်သော သူများအား မေးမြန်း၍ ET News က ဖော်ပြခဲ့သော်လည်း အတည်မပြုနိုင်ခဲ့ခြင်း မရှိပေ။

Samsung သည် ပိုမိုကြီးမားပြီး ကောင်းမွန်သော ကင်မရာ နည်းပညာကို စမ်းသပ်နေကြောင်း၊ နောက်ဆုံး ထွက်ပေါ်လာမည့် Galaxy S5 တွင်လည်း 16 megapixel ပါဝင်လာဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ပညာရှင်များကလည်း Samsung အနေဖြင့် လာမည့် စမတ်ဖုန်း မျိုးဆက်သစ်များတွင် ကင်မရာ နည်းပညာသစ်များ ထည့်သွင်း လာနိုင်ကြောင်း သုံးသပ်ခဲ့သည်။

ကင်မရာနည်းပညာသည် စမတ်ဖုန်းတိုင်းတွင် အရေးကြီးသည့် အရာဖြစ်လာပြီး နာမည်ကြီး LG, Nokia, Apple တို့၏ စမတ်ဖုန်းများတွင် ကင်မရာနည်းပညာကို အသားပေး ဖော်ပြခဲ့ကြသည်။

Ref: CNET

0 comments:

Post a Comment