ကမ္ဘာတစ်ဝန်း
ဖွံ့ဖြိုးမှုနိမ့်ကျသည့် နိုင်ငံများ၏ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင်
ငွေကြေးနှင့် နည်းပညာအကူအညီများ ထောက်ပံ့လျက် ရှိသည့် ကမ္ဘာထိပ်တန်း
Software ကုမ္ပဏီ Microsoft မှ Corporate Vice President ဖြစ်သူ Mr.Dan`I
Lewin နှင့် အဖွဲ့သည် ဇွန်လ ၅ ရက်နေ့တွင်
မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ
ကွန်ပျူတာအသင်းချုပ် (MCF) အမှုဆောင် ဦးထင်အောင်ခိုင်က The Voice သို့
ပြောကြားသည်။
Mr.Lewin နှင့် အခြားခေါင်းဆောင်နှစ်ဦး ပါဝင်မည့် ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်တွင် ကျင်းပမည့် ကမ္ဘာ့ စီးပွားရေးဖိုရမ်သို့ တက်ရောက်မည်ဖြစ်ပြီး ဇွန်လ ၇ ရက်နေ့အထိ သုံးရက်ကြာ နေထိုင်မည် ဖြစ်ကြောင်း ၄င်းကဆိုသည်။
Microsoft ထိပ်တန်းခေါင်းဆောင်များ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လူသားအကျိုးအတွက် တာဝန်ယူမှုရှိပြီး လူမှုအကျိုးစီးပွားကို အဓိကဦးစားပေးသည့် CRS (Corporate Social Responsibility) လုပ်ငန်းများဆောင်ရွက်ရန် အစိုးရတာဝန်ရှိသူများ၊ MCF အမှုဆောင်များနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း MCF ထံမှ စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများ
အလုံးအရင်းဖြင့် ဝင်ရောက်လာပါက စီးပွားရေးရှုထောင့် တစ်ခုတည်းသာမ ကြည့်ဘဲ
CRS ကို အလေးအနက် ထားကာ ဝန်ထမ်းများနှင့် ၄င်းတို့၏ မိသားစုဘဝ လုံခြုံရေး၊
လူမှုဘဝမြင့်မားလာရေး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မှုရှိ မရှိ စောင့်
ကြည့်ရန် လိုအပ်မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင် များက
အကြံပြုပြောကြားသည်။
CRS နှင့်ပတ်သက်သည့် အကြံပြု အဖွဲ့အစည်းများတည်ထောင်ခြင်း၊
သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့တွင် Microsoft
သည်အတွေ့အကြုံများစွာ ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၄င်းတို့ထံမှ
နည်းပညာနှင့် လေ့ကျင့်ရေးအကူအညီများ ရရှိအောင် ကြိုးပမ်းသင့်ကြောင်း
အိုင်တီပညာရှင် တစ်ဦးက ထောက်ပြသည်။
မြန်မာနိုင်ငံသို့ အမေရိကန်နည်းပညာ ကုမ္ပဏီများမှ ကိုယ်စားလှယ် အဖွဲ့မတ်လအတွင်း လာရောက်ခဲ့ပြီးနောက် Google နှင့် Intel ခေါင်းဆောင်များ ဆက်တိုက်လာရောက်ခဲ့ကာ Microsoft ၏ ယခု ခရီးစဉ်မှာ အမေရိကန် ထိပ်တန်းနည်းပညာကုမ္ပဏီ ခေါင်းဆောင်များ၏ တတိယမြောက် ခရီးစဉ် ဖြစ်သည်။
Credit to: The Voice Weekly
Mr.Lewin နှင့် အခြားခေါင်းဆောင်နှစ်ဦး ပါဝင်မည့် ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်တွင် ကျင်းပမည့် ကမ္ဘာ့ စီးပွားရေးဖိုရမ်သို့ တက်ရောက်မည်ဖြစ်ပြီး ဇွန်လ ၇ ရက်နေ့အထိ သုံးရက်ကြာ နေထိုင်မည် ဖြစ်ကြောင်း ၄င်းကဆိုသည်။
Microsoft ထိပ်တန်းခေါင်းဆောင်များ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လူသားအကျိုးအတွက် တာဝန်ယူမှုရှိပြီး လူမှုအကျိုးစီးပွားကို အဓိကဦးစားပေးသည့် CRS (Corporate Social Responsibility) လုပ်ငန်းများဆောင်ရွက်ရန် အစိုးရတာဝန်ရှိသူများ၊ MCF အမှုဆောင်များနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း MCF ထံမှ စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုမျ
CRS နှင့်ပတ်သက်သည့် အကြံပြု အဖွဲ့အစည်းများတည်ထောင်ခြင်
မြန်မာနိုင်ငံသို့ အမေရိကန်နည်းပညာ ကုမ္ပဏီများမှ ကိုယ်စားလှယ် အဖွဲ့မတ်လအတွင်း လာရောက်ခဲ့ပြီးနောက် Google နှင့် Intel ခေါင်းဆောင်များ ဆက်တိုက်လာရောက်ခဲ့ကာ Microsoft ၏ ယခု ခရီးစဉ်မှာ အမေရိကန် ထိပ်တန်းနည်းပညာကုမ္ပဏီ ခေါင်းဆောင်များ၏ တတိယမြောက် ခရီးစဉ် ဖြစ်သည်။
Credit to: The Voice Weekly
Ref: https://www.facebook.com/ZinYawNews
2 comments:
ကောင်းတယ်ဗျာ ဒီလိုသတင်းထူးလေးတွေတင်ပေးတဲ့အတွက်
ကျုပ်တို့မြန်မာနိုင်ငံအမြန်ဆုံးတိုးတက်ပါစေ
Post a Comment