ကမ္ဘာကျော် Air Supply အဖွဲ့နှင့်အတူ Iron Cross ပါဝင်ဖျော်ဖြေမည်

 

 " ကမ္ဘာကျော် Air Supply အဖွဲ့နှင့်အတူ
Iron Cross ပါဝင်ဖျော်ဖြေမည် "
======================

ထူးဖောင်ဒေးရှင်းနှင့် Bagan Entertainment တို့မှပူးပေါင်းစီစဉ်သော Air Supply Live In Myanmar တေးဂီတဖျော်ဖြေပွဲအား သြဂုတ်လ ၁၅ရက်နေ့တွင် မရမ်းကုန်းမြို့နယ် MCC ခန်းမ၌ ကမ္ဘာကျော် Air Supply အဖွဲ့နှင့်အတူ မြန်မာနိုင်ငံမှ နာမည်ကျော်ရော့ခ်တီးဝိုင်း IRON CROSS တို့ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

" သြဂုတ်လ ၁၅ ရက်နေ့ကျရင် ထူးဖောင်ဒေးရှင်းနှင့် Bagan Entertainment တို့က ပူးပေါင်းစီစဉ်တဲ့ပွဲမှာ Air Supply နဲ့ IRON CROSS တို့ဖျော်ဖြေမှာပါ ၊ဖျော်ဖြေပွဲက ရရှိတဲ့ရန်ပုံငွေတွေကို ဝေးလံတဲ့ဒေသတွေက ကလေးတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများမှာ သုံးစွဲမှာပါ " ဟု IC အဖွဲ့မှ ရော့ခ် အဆိုကျော် လေးဖြူက မြန်မာ့ငြိမ်းချမ်းရေးပွဲတော်တွင်
ပြောကြားခဲ့သည်။

အဆိုပါ ဖျော်ဖြေပွဲ လက်မှတ်ဈေးနှုန်းများမှာ 55,000KS, 50,000KS, 30,000KS, 25,000KS ဖြစ်ကြောင်းသိရသည်။

သီဟ
ဓာတ်ပုံ - အောင်ဇော်မင်း၊



0 comments:

Post a Comment