Apple Developer Site အားတိုက်ခိုက်ခံရ



Apple မှ၎င်းတို့၏ developer site အားတိုက်ခိုက်ခံရပြီး ခိုးယူခံရသော အချက်အလက်များမှာ code များဖြင့် ၀ှက်ထားခြင်းဖြစ်သော်လည်း
Site မှာမှု ပြန်လည်မသုံးနိုင်သေးကြောင်းသိရသည်။  Apple ၏အဆိုအရခိုး၍ ၀င်ရောက်သူများသည် developer များ၏ အချက်အလက်များကို

ရယူရန် ကြိုးစားခဲ့ပြီး developer site ကိုပိတ်ပစ်ရရန်ရည်ရွယ် ခဲ့သည်ဟုဆိုသည်။  ကြာသပတေးနေ့က ဖြစ်ပွားခဲ့သော ထို အဖြစ်အပျက်တွင်
အရေးကြီးသော အချက်အလက် များကို code ဖြင့် ၀ှက်ထားခဲ့သော်လည်း developer အချို့၏ အမည်နှင့် e-mail များကိုမှု ရရှိသွားနိုင်သည်
ဟု Apple ကဆိုခဲ့သည်။  ထိုကဲ့သို့ ထပ်မံဖြစ်ပွားခြင်း မရှိစေရန်အတွက် developer system တစ်ခုလုံးအား အစအဆုံးပြင်ဆင်နေပြီး မကြာခင်
ပြန်လည်အသုံးပြုနိုင်မည်ဟု Apple ကဆိုသည်။  ထို့အပြင် ထိုသို့ဖြစ်ပွားခဲ့မှုအတွက်လည်း Apple မှ တောင်းပန်စကားဆိုခဲ့သည်။  Apple ၏
developer site သည် third-party software ဖန်တီးသူများအတွက်ဖြစ်ပြီး ကြာသပတေးနေ့ကတည်းက ဆက်သွယ်မှုပြတ်တောက်သွားခဲ့သည်။
Apple မှာ iOS နှင့် OSX အသစ်ထုတ် လုပ်ခဲ့သည့်အတွက် developer များ မှ ပြင်ဆင်နေချိန်၌ ၄င်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 
Credit : NetGuide Journal


0 comments:

Post a Comment