Call Center မှ ၀န်ဆောင်မှု အသစ် အနေနဲ့ တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့်
Mobile E-mail Service ၀န်ဆောင်မှုကို ဇွန်လ ၁၅ ရက်နေ့မှာ စတင် မိတ်ဆက်ခဲ့ပြီး ယခုအခါ စတင်
အသုံးပြု နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စနစ်မှာ အင်တာနက် လျှောက်ထား ပြီးဖြစ်တဲ့ CDMA, GSM Mobile ဖုန်းတွေသာ အသုံးပြု နိုင်မှာ ဖြစ်ပြီး အင်တာနက် အသုံးပြုခ ဖြစ်တဲ့ ၁ မိနစ်ကို ၂ ကျပ်၊ ၄ ကျပ်တို့ ပေးစရာ မလိုပဲ ရက်နဲ့သာ တွက်ပြီး ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၂၄ နာရီ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အသုံးပြုလို သူတွေ အနေနဲ့ Call Center သို့ အသုံးပြု လိုကြောင်း Message ပေးပို့ ရမှာ ဖြစ်ပါတယ်။
ဒီလို ပေးပို့ရာမှာ Call Center ရဲ့ ကုတ်နံပါတ် တစ်ခုဖြစ်တဲ့ ၁၈၈၃ ကို GET MAIL ဆိုတဲ့ စကားလုံးကို အင်္ဂလိပ် အက္ခရာ စာလုံး အကြီးများ အသုံးပြုကာ သုံးစွဲမယ့် သူရဲ့ အင်တာနက် Account နဲ့ Passward ကို ပေးပို့ရမှာ ဖြစ်ပါတယ်။ အသုံးပြုခ ကိုတော့ ဖုန်းဘေလ် ထဲမှ ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သုံးစွဲပုံ အသေးစိတ်ကို သိရှိလိုပါ ကလည်း Call Center သို့ စုံစမ်း မေးမြန်း နိုင်တယ် လို့လည်း သိရပါတယ်။
သုံးစွဲသူတွေ အနေနဲ့ ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၁ လစာ ၆၀၀၀ ကျပ် သတ်မှတ် ထားပြီး အသုံးမပြု လိုတဲ့ ရက်ရှိပါက Call Center သို့ ကြိုတင် အကြောင်းကြားပြီး Server ပိတ်ထားရမှာ ဖြစ်ပါတယ်။ ဒီလို အကြောင်း မကြားပါက တစ်လစာ အတွက် ကျပ် ၆၀၀၀ ကို မိမိဖုန်းဘေလ် ထဲက ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၀န်ဆောင်မှုကို ယခုဇွန်လ ကုန်အထိ အခမဲ့ အသုံးပြုနိုင် မှာဖြစ်ပြီး အသုံးပြုခ ကောက်ခံမှု ကိုတော့ ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ကောက်ခံမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

8 comments:
ကောင်းတော့ကောင်းသွားပါတယ်ဗျာ။ဒါပေမယ့် ဘယ်အရာမဆို အားသာချက်နဲ့အားနည်းချက်က တွဲနေတာဆိုတော့လေ။
အကယ်၍ အင်တာနက်ကို တစ်ခါတစ်လေမှ သုံးချင်တဲ့သူတွေအဖို့ အင်တာနက်ဖွင့်ပေးဖို့နဲ့ပိတ်ပေးဖို့ကို ဖုန်းလှမ်းလှမ်းဆက်နေရတာနဲ့တင် ဖုန်းဘေလ်အများကြီးကုန်လောက်တယ်။ဟီဟိ။
ဒါပေမယ့် တော်တော်လေးကောင်းသွားပါတယ်ဗျာ။
mail service လေ။ net serviceမှ မဟုတ်တာ။
ဒီဟာက Gmail သီးသန့်လို့ကြားပါတယ်
ဘယ်လိုလုပ်ရလဲကျေးဇူးပြုပြီးရှင်းပြပါ
Call Center ကိုမေးပြီးပါပြီ ဒီ Service မရှိတော့ပါဘူးတဲ့ဗျာ။
ကိုယ်ပို့လိုက်တဲ့ gmail account တစ်ခုထဲပဲသုံးလို့ရမှာလား။ တစ်ခြားaccount တွေသုံးလို့မရဘူးလား facebook သုံးချင် ရင် ဘယ်လိုလုပ်မလဲ။ကိုပို့လိုက်တဲ့gmail account ပေးပြီး ဘာသုံးသုံးရ သလား အ သေးစိတ် ရှင်းပြပါအုံး။
1500 တန်ဖုံးတွေရောရမှာလား အကို
ဖုန်းတွေကနေ ပြီး အင်တာနက် ဘယ်လိုလျှောက်ရမလဲသိချင်ပါတယ်။ ကျေးဇူးပြု၍ ပြောပြပေးပါလားဗျ။
Post a Comment