Google မှထုတ်လုပ်တော့မဲ့ Google Glass



Google မှထုတ်လုပ်တော့မယ် Google Glass
****************************

ကျနော်တို့နည်းပညာလူသားများအနေနဲ့ Google ရဲ့ Products တွေကို မသုံးတဲ့လူမရှိဘူးလို့တောင် ဆိုရလောက်တဲ့အထိ Google Products တွေဟာလွှမ်းမိုးမူရှိပါတယ်။ အဲဒီလို Products တွေအများကြီးထဲကမှ အခု သူတို့ထပ်ထုတ်မယ့် New Product တစ်ခုအကြောင်းတင်ဆက်ပါ့မယ်ခင်ဗျာ။ အဲဒါကတော့ Google Glass လို့ခေါ်တဲ့ ပစ္စည်းလေးပါ။


Google Glass ဆိုတာဘာလဲ
******************

Google Glass ဆိုတာ မျက်မှန်နဲ့ ကွန်ပျူတာနဲ့ပေါင်းထားတဲ့ ပစ္စည်းလေးလို့ပဲ အလွယ်မှတ်ထားကြရအောင်ပါ။ တိတိကျကျဆိုရရင်ဖြင့် သူ့က မျက်မှန်လေးတစ်လက်ဖြစ်ပြီး အဲဒီမျက်မှန်ဘေးနားမှာ ကင်မရာအသေးလေးပုံစံတစ်ခုနဲ့ Display လေးပါလာမှာဖြစ်ပါတယ်။ ပိုပြီးမြင်လွယ်အောင် ဓာတ်ပုံလေးမှာကြည့်နိုင်ပါတယ်။ လောလောဆယ်မှာတော့ ရိုးရိုးမျက်မှန်လေးအနေနဲ့ပဲ တွဲဖက်ထုတ်လုပ်သွားမှာဖြစ်ပေမယ့် နောက်ကျရင် မျက်မှန်နာမည်ကြီးကုမ္ပဏီကြီးတွေဖြစ်တဲ့ Ray-Ban or Warby Parker စတဲ့ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး ခပ်မိုက်မိုက်မျက်မှန်များဖြင့် ထွက်ရှိလာမှာဖြစ်ပါတယ်။

သူ့မှာအသုံးပြူထားတာတွေက
*******************
- Android Version 4.0.4 နှင့်အထက်ကိုအသုံးပြုထားပါတယ်
- 640 x 360 Display ဆိုတော့ ဗီဒီယိုတွေကို ကြည်ကြည်လင်လင် ကြည့်နိုင်မှာဖြစ်ပါတယ်။
- Camera ကလည်း 5 Megapixel ဆိုတော့ ဓာတ်ပုံတွေရိုက်လို့ကောင်းမှာဖြစ်ပါတယ်။
- Wifi, Blutooth ပါရှိလာမှာဖြစ်ပြီး Storage အနေနဲ့ 16 GB ပါလာမှာဖြစ်ပြီး 12 GB ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။
- ဈေးနူန်းကတော့ အမေရိကန်ဒေါ်လာ ၁၅၀၀ ၀န်းကျင်ခန့်ဖြစ်လာနိုင်ပါတယ်။


သူ့ရဲ့ထူးခြားချက်
**********
သူရဲ့ Timeline ကိုထိန်းချုပ်ဖို့အတွက် မျက်မှန်ကိုင်းနားမှာ TouchPad လေးတစ်ခုပါလာမှာဖြစ်ပါတယ်။ ကိုကသူ့ကိုထိန်းချုပ်ချင်တဲ့အခါမှာ အဲဒီ TouchPad လေးကို ပွတ်ခြင်းအားဖြင့် ကိုလိုချင်တဲ့ Features ကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အထူးခြားဆုံးအချက်ကတော့ Google Glass ကိုတစ်ခုခုခိုင်းစေချင်တယ်ဆိုရင် မိမိ၏ အသံဖြင့် ထိန်းချုပ်ခိုင်းစေခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့်....ဓာတ်ပုံရိုက်မယ်ဆိုပါစို့. ဒါဆိုရင် "Ok Glass, Take The Picture" ပဲပြောလိုက်ရုံနဲ့ အော်တို ဓာတ်ပုံရိုက်ပေးသွားမှာဖြစ်ပါတယ်။ တခြားအရာတွေအားလုံးကိုလည်း အသံဖြင့်ပဲထိန်းချုပ်သွားမှာဖြစ်ပါတယ်။


သူ့ကိုဘယ်လိုအသုံးပြုရမယ်ဆိုတာ ဒီအောက်က Video လေးကိုကြည့်နိုင်ပါတယ်။ ၁မိနစ်ကျော်လေးပဲကြာတယ်ဆိုတော့ ကြည့်စေချင်ပါတယ်ခင်ဗျာ။

 
Credit : Info Tech For Myanmar (IT4M)




0 comments:

Post a Comment